cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ထန်းလက်တောင်းတွေ ရောင်းအားကောင်းပေမဲ့ ကုန်ကြမ်းရှားပါးမှုကြောင့်အခက်တွေ့နေ

. သတင်းစုံ
အရင်က ရောင်းတန်းဝင်ထန်းလက်တောင်းတစ်လုံးကို ငွေကျပ် ၅၀၀၀ ဝန်းကျင်ပဲရရှိရာ လက်ရှိအချိန်မှာ ငွေ ကျပ် ၇၀၀၀ ကျော်အထိဈေးနှုန်းတွေမြင့်တက်နေပေမဲ့ ဝယ်လိုအားကကျဆင်းသွားတာမရှိဘူးလို့ တောင်းယက်သူတွေကဆိုပါတယ်။
  • ထန်းလက်နဲ့ ပြုလုပ်ထားတဲ့ တောင်းတွေက လတ်တလောရောင်းအားကောင်းနေပေမဲ့ ကုန်ကြမ်းရှား ပါး ပြတ်လပ်မှုကြောင့်အခက်တွေ့နေရတယ်လို့ အညာဒေသရှိ တောင်းယက်လုပ်ရောင်းချသူတွေက ပြောပါတယ်။

    အညာဒေသထွက်ကုန်တစ်ခုဖြစ်တဲ့ ထန်းလက်တောင်းတွေဟာ သစ်သီးဝလံတွေ သယ်ဆောင်ရာမှာအသုံးပြုလေ့ ရှိပြီးပြည်တွင်းမှာပဲ အဓိကသုံးစွဲကြတာ ဖြစ်ပါတယ်။

    "ကုန်ကြမ်းကအခြေအနေအရ လိုသလောက်မရဘူးဗျ။ ကြိုတင်ငွေပေးထားတာတောင်ရဖို့မလွယ်ဘူး။ ထန်းလက် အဓိကထွက်တဲ့နေရာတွေမှာက မတည်ငြိမ်ဘူးလေ။တောင်းက လက်မလည်အောင်ရောင်းရတယ်။ ဒါပေမဲ့ ကုန် ကြမ်း မရှိလို့ တခါတလေရပ်နေရတာရှိတယ်"လို့ တံတားဦးမြို့နယ်က ထန်းလက်တောင်းပြုလုပ် ရောင်းချသူတစ်ဦးကပြောပါတယ်။

    အရင်က ရောင်းတန်းဝင်ထန်းလက်တောင်းတစ်လုံးကို ငွေကျပ် ၅၀၀၀ ဝန်းကျင်ပဲရရှိရာ လက်ရှိအချိန်မှာ ငွေ ကျပ် ၇၀၀၀ ကျော်အထိဈေးနှုန်းတွေမြင့်တက်နေပေမဲ့ ဝယ်လိုအားကကျဆင်းသွားတာမရှိဘူးလို့ တောင်းယက်သူတွေကဆိုပါတယ်။

    ဒါပေမဲ့ ကုန်ကြမ်းအများဆုံးရရှိတဲ့ မြင်းခြံမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်တွေမှာ နယ်မြေမတည်ငြိမ်မှု တွေကြောင့် ထန်းလက်ကုန်ကြမ်းတွေရရှိမှုနည်းပါးသွားသလို သယ်ယူပို့ဆောင်ခတွေမြင့်မားနေတာကြောင့် ကုန်ကြမ်းဈေးနှုန်းတွေကလည်း ၂ ဆနီးပါးအထိမြင့်တက်နေတယ်လို့ သိရပါတယ်။

    မန်းအောင်

    Opinion Leaders မှ ကူးယူဖော်ပြအပ်ပါသည်။

    photo crd to mdn.gov.mm

    ---------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ -

    https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
  • article
likes9comments1
views1482
cover
cover
cover
cover
cover