cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အရွက်စား ဂန္ဓမာစိုက်ကြမယ် (Edible Chrysanthemum (Shungiku) Seeds)

. စိုက်ပျိုးနည်းစနစ်များ
အရွက်စား ဂန္ဓမာကို ခူးဆွတ်ရာမှာ ဖြတ်၍ ရိတ်သိမ်းနိုင်သလို တပင်လုံးကို နှုတ်၍လည်း ရိတ်သိမ်းနိုင်ပါတယ်။ ကိုင်းဖြတ် မယ်ဆိုရင်တော့ အပင်ရက်သား ၄ ပတ်နဲ့ ၅ ပတ်အကြားရှိချိန် အပင်အမြင့် ၂ လက်မမှ ၄ လက်မအမြင့်မှာ ရိတ်သိမ်းနိုင် ပါတယ်။
  • အရွက်စား ဂန္ဓမာစိုက်ပျိုးရတာ အတော်လေး လွယ်ကူပါတယ်။ အေးတဲ့ရာသီဥတုရော နွေးတဲ့ရာသီဥတုမှာပါ ဖြစ်ထွန်း နိုင်ပါတယ်။ အပူချိန် ၇၇ ဒီဂရီဖာရင်ဟိုက်အောက်ကိုကြိုက်နှစ်သက်ပြီး မျိုးစေ့ သို့မဟုတ် ကိုင်းဖြတ်မှလည်း စိုက်ပျိုး နိုင်ပါတယ်။

    စိုက်ပျိုးခြင်း

    အရွက်စား ဂန္ဓမာစိုက်ပျိုးရာမှာ အောက်ပါအချက်တွေ သိဖို့လိုပါတယ်-

    ၁။ အမည် - Glebionis coronaria (Previously Chrysanthemum coronarium)

    ၂။ အနက် - ၀.၁၂၅ လက်မခန့်

    ၃။ ပင်ကြားတန်းကြား - ၃-၆ လက်မ

    ၄။ အပင်ပေါက်ကြာချိန် - ၅ ရက်မှ ၁၀ ရက်အထိ

    ၅။ စိုက်ပျိုးခြင်း - တိုက်ရိုက် သို့မဟုတ် ပျိုးပင်ဖြင့် စိုက်ပျိုးနိုင်ခြင်း

    ၆။ အပင်ပိုင်းကြီးထားမှု - ၁၂ လက်မ အမြင့်ထိ

    ၇။ ပန်းပွင့်ချိန် - ပန်းပွင့်ချိန်တွင် ၃ ပေအထိ မြင့်ခြင်း

    ၈။ အပင်ပျံ့ကားခြင်း - ၆ လက်မမှ ၈ လက်မအထိ ပျံ့ကားနိုင်ခြင်း

    ၉။ အရွက်အရွယ်အစား - ၅ လက်မအရှည်နှင့် ၁.၅ လက်မအကျယ်

    ၁၀။ အရွက်ပုံသဏ္ဍန် - အပင်အမျိုးအစားပေါ်မူတည်၍ ဘဲဥပုံရှိခြင်း၊ ပါးလွှာခြင်း၊ ရွက်ကျယ်၍ လွှပုံသဏ္ဍာန်

    ၁၁။ ပန်းပွင့်အရွယ်အစား - ၁.၅ လက်မ မှ ၂ လက်မ

    ၁၂။ ကြီးထားမှုအလေ့အထ - ခြုံပုတ်ပုံသဏ္ဍန်ဖြင့် တည်မတ်စွာရှိခြင်း၊ သို့မဟုတ် ကိုင်းဖျာခြင်း

    ခူးဆွတ်/ ရိတ်သိမ်းခြင်း

    အရွက်စား ဂန္ဓမာကို ခူးဆွတ်ရာမှာ ဖြတ်၍ ရိတ်သိမ်းနိုင်သလို တပင်လုံးကို နှုတ်၍လည်း ရိတ်သိမ်းနိုင်ပါတယ်။ ကိုင်းဖြတ် မယ်ဆိုရင်တော့ အပင်ရက်သား ၄ ပတ်နဲ့ ၅ ပတ်အကြားရှိချိန် အပင်အမြင့် ၂ လက်မမှ ၄ လက်မအမြင့်မှာ ရိတ်သိမ်းနိုင် ပါတယ်။ အကယ်၍ တပင်လုံးနှုတ်မယ်ဆိုရင်တော့ အပင်သက်တမ်း ၆ ပတ်မှ ၈ ပတ်သား၊ အပင်အမြင့် ၅ လက်မမှ ၁၀ လက်မရှိချိန်မှာ ရိတ်သိမ်းနိုင်ပါတယ်။ အဆိုပါ သက်တမ်းများကျော်လွန်၍ ခူးဆွတ်လျှင် ခါးသက်သက် အရသာ ဖြစ်လာသောကြောင့် ခပ်စောစောရိတ်သိမ်းသင့်ပါတယ်။

    ချက်ပြုတ်စားသောက်ခြင်း

    အရွက်ကို အစိမ်းသုပ် (salads)အနေနဲ့ စားနိုင်သလို ချက်ပြုတ်စားသောက်၍ လည်းရပါတယ်။ ဟော့ပေါ့ထဲ ထည့်စား လေ့လည်း ရှိပါတယ်။ ပြုတ်ပြီး စားမယ်ဆိုရင်တော့ မီးအေးအေးနဲ့ ပြုတ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ မီးပြင်း ပြင်းနဲ့ ပြုတ်ရင် အခါးဓါတ်ထွက်လာတာကြောင့် စားလို့မကောင်းပါဘူး။ အပင်ငယ်စဉ်မှာ စားသုံးသင့်ပြီး ကြီးရင့်လာချိန် တွင် အနံပြင်းလာပြီး ခါးသက်သက်အရသာဖြစ်လာတာကြောင့် ကြီးရင့်အောင်မထားသင့်ပါကြောင်း မျှဝေလိုက် ပါတယ် ခင်ဗျာ။

    ထွက်တိုး

    Source: https://www.trueleafmarket.com/.../growing-and-cooking...

    ✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
likes11comments0
views2958
cover
cover
cover
cover
cover