ရာသီအပြောင်းအလဲနှင့် နွေရာသီတွင် အဖြစ်များသော ငါးရောဂါ
-သဘာဝမြေဩဇာထည့်သွင်းခြင်းကိုရပ်ထားပါ။
ငါးမွေးတောင်သူအများစုသည် ရာသီအပြောင်းအလဲနှင့်နွေရာသီများတွင် ငါးများတွင်အနီစက်ရော ဂါနှင့်ဗိုက်များ ဖောင်းပွပြီး ငါးများသေဆုံးနေကြသည်ကို တွေ့ရှိရပါသည်။ အနီစက်ရောဂါကျရောက်ခြင်း သည် ဘက်တီးရီယားပိုးကြောင့် ဖြစ်ပါသည်။ ငါး၏ ကိုယ်ခန္ဓာပေါ်တွင်သာဖြစ်ပါသည်။ ငါး၏ အတွင်းကလီစာတွင် မဖြစ်ပါ။ ငါး၏ပါးဟက် ဆူးတောင် နှင့်ရေယက်များတွင် အဖြစ်များပါသည်။ ရောဂါစတင်ဖြစ်စတွင် အဖြူစက်အဝိုင်းလေးများ ဖြစ်ပေါ်လာပြီးလည်းကောင်း အဖြူစက်ပတ်ပတ်လည်တွင် အနီကွင်းအဖြစ် ပြောင်းလဲဝန်းရံဖြစ်ပေါ်လာပါသည်။ အဆိုပါ ရောဂါကျရောက်ခြင်းသည် ကန်ရေညစ်ညမ်းခြင်း၊ ကန်ရေ အရည်အသွေးကျဆင်းတို့ကြောင့် ဖြစ်ပါသည်။
ကာကွယ်ကုသခြင်းအတွက် အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည် -
-ကောပါးဆာလဖိတ်(ဒုတ္တာ)မှုန့်ကို ရေတစ်လီတာတွင် ဆေး၂၅မီလီဂရမ်ဖြင့် ဖျော်ပြီး ရောဂါဖြစ်သော ငါးကို ၁-၂မိနစ်ခန့် စိမ်ထားပေးပါ။
-ဖော်မလင် ၂၅ မီလီဂရမ်ကို ရေတစ်လီတာဖြင့် ဖျော်ပြီး တစ်ရက်ခြား တစ်ကြိမ်နှုန်းဖြင့် လေးကြိမ် ဆက် တိုက်ပက်ပေးပါ။
-အမော်စလင်၊ အယ်ရီသရိုမိုက်တင် ကဲ့သို့ပဋိဇီဝဆေးများကို အစာ၆၃ကျပ်သားတွင် ဆေး (၂-၃) ဂရမ်နှုန်းထည့်ပြီး အစာကြွေးခြင်းကို (၇-၁၀)ရက်ခန့်ပြုလုပ်ပေးခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်။
-တစ်ဧကလျှင် ဆား ၁၅ပိဿာ နှင့် ထုံး (၁၅)ပိဿာကိုရောပြီး ပက်ပေးခြင်းဖြင့်လည်း ရောဂါကိုကု သနိုင်ပါသည်။
အချို့သော ငါးမွေးတောင်သူများသည် သဘာဝမြေဩဇာအလွန်အကျွံသုံးစွဲခြင်းကြောင့် ငါးများတွင် ဖျဉ်းဆွဲခြင်း ရောဂါများ ကျရောက်တတ်ပါသည်။ ငါးများ၏ဝမ်းဗိုက်သည် ကြီးထွားဖောင်ပွနေပြီး ဘူဘောင်ကဲ့သို့ဖြစ်နေပါသည်။ ငါး၏ ဝမ်းဗိုက်အတွင်း အစိမ်းရောင် (သို့မဟုတ်) စိမ်းဝါရောင် အရည် များစုဝေးနေပြီး ငါးသည် ဟန်ချက်ပျက်ပြီး ရေတွင်ကောင်းစွာမကူနိုင်ပါ၊ အစာလည်း မစားနိုင်ပါ။ ဘူရိုမိုးနပ်နှင့် အေရိုမိုးနပ်ရောဂါပိုးကြောင့် ဖြစ်ပါသည်။
ကာကွယ်ကုသနည်းမှာ-
-တစ်ဧကလျှင် ထုံး ပိဿာ (၃၀)ထည့်ပေးပါ။
-သဘာဝမြေဩဇာထည့်သွင်းခြင်းကိုရပ်ထားပါ။
-အမော်စလင်၊ အယ်ရီသရိုမိုက်တင် ကဲ့သို့ ပဋိဇီဝဆေးများကို အစာ၆၃ကျပ်သားတွင် ဆေး (၂-၃) ဂရမ်နှုန်းထည့်ပြီး အစာကြွေးခြင်းကို (၇-၁၀)ရက်ခန့် ပြုလုပ်ပေးခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်။
-------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ - https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။