အယ်လ်နီညိုရာသီဥတုကြောင့်ဖြစ်ပေါ်လာနိုင်သည့် သီးနှံရောဂါများအား ကြိုတင် ကာကွယ်နှိမ်နင်းရန် နည်းလမ်းများ
- အယ်လ်နီညို၏သီးခြားအကျိုးသက်ရောက်မှုများဖြစ်သည့်(အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း) တို့သည် တစ်နေရာနှင့်တစ်နေရာ မတူညီမှု၊ ကွဲပြားနိုင်မှု များဖြစ်စေ နိုင်သည်။ အချို့ ဒေသများတွင် မိုးရွာသွန်းမှု ပုံမှန်ထက်ပိုမိုများပြားသဖြင့် စိုက်ခင်းများ ရေကြီး နစ်မြုပ်ခြင်း၊ အချို့ ဒေသများတွင် မိုးရွာသွန်းမှုမရှိသဖြင့် ခြောက်သွေ့ခြင်း၊ အပူချိန်မြင့်မားခြင်းများ ဖြစ်နိုင်ပါသည်။ - သီးနှံများ စိုက်ပျိုးရာတွင် သဘာဝဘေးအန္တရာယ် ရေကြီးနစ်မြုပ်ခြင်းများ ဖြစ် ပေါ်တတ်ပြီး သီးနှံစိုက်မြေများတွင် ရေဝပ်ခြင်း၊ အစို ဓါတ်လွန်ကဲမှုကြောင့် မြေတွင်းရှိ ရောဂါဖြစ်စေနိုင်သော သက်ရှိများ (အထူးသဖြင့် မှို နှင့် ဘက်တီးရီးယား) ပေါက်ပွားမှုအား ကောင်းပြီး စိုက်ပျိုးသီးနှံ များတွင် ရောဂါများဆိုးရွားစွာ ဖြစ်ပေါ်စေနိုင်ပြီး သီးနှံများအထွက်နှုန်းကို ထိခိုက်စေနိုင်ပါသည်။ ထို့အတူ အပူချိန်မြင့်မားပြီး ခြောက်သွေ့သောရာသီဥတုကြောင့် ကျရောက်တတ်သော အင်းဆက် ဖျက်ပိုးများကြောင့် ဗိုင်းရပ်စ်ရောဂါများ၊ အချို့သော မှိုရောဂါများကျရောက်နိုင်ပါသဖြင့် သီးနှံများ စိုက်ပျိုးရာတွင် အောက်ဖေါ်ပြပါ အပင်ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရန်နည်းလမ်းများအား လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။ - • ဒေသအလိုက်ခံနိုင်ရည်ရှိသော မျိုးများအားရွေးချယ်စိုက်ပျိုးပါ။ - • ရောဂါကင်းသော စိုက်ခင်းမျိုးစေ့ကိုရွေးချယ်စိုက်ပျိုးပါ။ - • မျိုးစေ့များအား မျိုးစေ့လူးနယ်ဆေးအဖြစ် အသုံးပြုနိုင်သော မှိုသတ်ဆေး တစ်မျိုး မျိုးဖြင့် လူးနယ်ပြီးမှ စိုက်ပျိုးပါ။ - • အပင်စိပ်လွန်းစွာစိုက်ခြင်းမှရှောင်ကျဉ်ပါ။ - • ကောင်းစွာဆွေးမြေ့သော သဘာဝမြေဩဇာများကိုအသုံးပြုပါ။ - • ဓါတ်မြေဩဇာများကို အချိုးညီသုံးစွဲပါ။ - • ရောဂါဒါဏ်ခံနိုင်ရန် ပိုတက်ရှ် မြေဩဇာကို မဖြစ်မနေ ထည့်သွင်းအသုံးပြုပါ။ - • ယာသီးနှံများစိုက်ပျိုးရာတွင် ရေမဝပ်စေရန် ရေထုတ်မြောင်းများထားရှိပါ။ - • စိုက်ခင်းအတွင်း ပေါင်းမြက်များ၊ ရောဂါကျပင်ကြွင်းပင်ကျန်များအား ဖျက်ဆီး ပစ်ပါ။ မီးရှို့ပစ်ပါ။ - • သီးနှံတစ်ရာသီပြီးဆုံးပါက စိုက်ခင်းကိုမြေလှပ်ထားပါ။ - • သီးနှံတစ်မျိုးကို နှစ်ကြာရှည်စွာဆက်တိုက်မစိုက်ဘဲ အခြားသီးနှံများနှင့် အလှည့်ကျ သီးလှည့်စိုက်ပျိုးပါ။ - • ရောဂါကျရောက်မှုရှိ/မရှိ ပုံမှန်ကင်းထောက်ပါ။ - • ကာကွယ်နှိမ်နင်းရန်လိုအပ်ပါက ရောဂါသတ်ဆေးကို အသုံးပြုပါ။ - စပါး - (စပါးမြစ်ဖုနီမတုတ်) - အရွက်များဝါခြင်း၊ အပင်များ ပုနေခြင်း၊ ပင်ပွား ကောင်းစွာ မထွက်နိုင်ခြင်းများကို အကွက် လိုက်တွေ့ရမည်ဖြစ်သည်။ အပင်ကို နှုတ်ကြည့် ပါက အမြစ်များ ဖေါင်းနေခြင်း၊ ဖုနေ ခြင်း၊ အမြစ်ထိပ်များကောက်နေခြင်းတို့ဖြစ်ပေါ် နေသည်။ အစိုဓါတ်နည်းသော၊ ရေပြတ်သော အခင်းများ တွင် အဖြစ် များသည်။ - ကာကွယ်နှိမ်နင်းနည်းများ -  ရောဂါဒဏ်ခံနိုင်ရှိသောမျိုးကိုရွေးချယ်စိုက်ပါ။ -  စပါးခင်းအား ရေသွင်းပေးခြင်းဖြင့် မြစ်ဖုနီမတုတ်ရောဂါကျရောက်မှုကို ကာကွယ် နှိမ်နင်းနိုင်သည်။ -  နီမတုတ်ဆိုးဝါးစွာကျသော စိုက်ခင်းများကို ဂုန်လျှော်၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲလွမ်း စသည်တို့ဖြင့် အလှည့်ကျစိုက်ပျိုးပါ။ -  သဘာဝမြေဩဇာများ၊ တမာကြိတ်ဖက်၊ စက်ဖွဲပြာများနှင့် ပိုတက်ရှ် မြေခံထည့် ပေးပါ။ -  နီမတုတ်ကျရောက်ခဲ့သော စိုက်ခင်း၌စပါးပြန်လည်စိုက်မည်ဆိုပါက မြေပြု ပြင်ပြီး သော အခါ Diazinon (ဒိုင်ယာဇီနွန်) (အခဲ) (သို့) Fosthiazate (ဖေါ့စ်သီယာဇိတ်) (အခဲ) ကို မြေခံအဖြစ်ကြဲပက်ထွန်မွှေပြီးမှ ကောက်စိုက် (သို့) တိုက်ရိုက်အစေ့ချပါ။ - ပြောင်း၊ နေကြာ၊ ပဲပုပ် - (မီးသွေးပုပ်/ပင်စည်ပုပ်ရောဂါ) - ပန်းပွင့်ပြီးနောက်ပိုင်းအပူချိန်မြင့်ခြင်း၊ ရေငတ်ခြင်းတို့ကြောင့် ဤရောဂါ အဖြစ်များသည်။ မြေပြင်နှင့် ကပ်လျှက် ပင်စည်ပိုင်းတွင်အရောင် ပျက်ကာ မီးခိုး ရောင် (သို့) ငွေရောင် ရောဂါ ကွက်ကိုတွေ့ရသည်။ သို့မဟုတ် ပင်စည်အောက်ဘက် ဆစ်ကြောများ တွင် အင်းများ အက်ကွဲကြောင်းများတွေ့ရသည်။ ပင်စည် ရိုးတံပေါ်တွင် ဧကယ်လိုးရှား မှိုလုံးငယ်လေးများ တွေ့နိုင်သည်။ ပင်စည်သည်ခြောက်လာ ပြီး ခွဲကြည့်ပါက အမဲရောင်မှိုပိုးများကို မီးသွေးမှုန်များသဖွယ်တွေ့ရသည်။ - ကာကွယ်နှိမ်နင်းနည်းများ -  ခံနိုင်ရည်ရှိသောမျိုးကိုရွေးချယ်စိုက်ပျိုးပါ။ -  ပူပြင်းခြောက်သွေ့ပြီး ရေငတ်လျှင်ရောဂါကျရောက်တတ်သဖြင့် ရေရရှိအောင် ဆောင်ရွက်ပါ။ -  ပိုတက်ရှ် မြေဩဇာနှင့် သဘာ၀မြေဩဇာများကိုအတတ်နိုင်ဆုံး ထည့်သွင်းပေးပါ။ -  ပင်ကြွင်းပင်ကျန်များအား မီးရှို့ဖျက်ဆီးပါ။ -  ရောဂါကျရောက်ပါကအောက်ပါမှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် အပင်ခြေရင်းသို့ ရွှဲရွှဲပက်ဖျန်းပါ။ -  Thiophanate methyl (သိုင်အိုဖါနိတ်မီသိုင်း)၊ -  Tebuconazole (တက်ဗျူကိုနာဇိုး)၊ -  Captan (ကက်ပ်တန်)၊ -  Hymexazol (ဟိုင်မီဇာဇိုးလ်)၊ -  Difenoconazole (ဒီဖီနိုကိုနာဇိုး ) - ခရမ်းချဉ်၊ ကုလားပဲ၊ ဝါ၊ ပဲစိမ်းငုံ - (ဖြူစေရီယမ်ပင်ညှိုးရောဂါ) - မြေတွင်းအပူချိန်မြင့်သော အခြေအနေတွင် ရောဂါကျရောက်နိုင်သည်။ - ဖြူစေရီယမ်ပင်ညှိုးရောဂါ၏ ပထမဆုံး မြင်သာသော လက္ခဏာအပင်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း - သည် အထူးသဖြင့် နေ့တစ်နေ့၏ အပူဆုံး အချိန်တွင် အနည်းငယ်ညှိုးလာသည်။ ၎င်းညှိုးနေ သောအပင်များ သည် အစပိုင်းတွင် ညနေခင်း၏ အေးမြသောအချိန်နှင့် အစိုဓါတ်ပြန်လည်ရရှိချိန်၌ ပြန်လည်ကောင်းမွန်လာ နိုင် သည်။ သို့သော်လည်း နောက်ပိုင်းတွင် ၎င်းညှိုးခြင်းသည် ပြန်လည် ကောင်းမွန်လာခြင်းမရှိဘဲ .. တစ်ဖြည်းဖြည်း အမြဲ တမ်း ညှိုးသွားသည်။ - ၎င်း ညှိုးနေသောအပင်အောက်ဘက်ရှိ အကိုင်း၏ တစ် ဘက်ခြမ်းမှ အရွက်များ စတင်ဝါလာပြီး နောက် ပိုင်းတွင် တစ်ကိုင်းလုံးရှိအရွက်များ ဝါလာသည်။ ရောဂါပြင်း ထန် လာပါက တစ်ပင်လုံး ညှိုးခြင်းနှင့်အတူ အရွက်များ ဝါနေပြီး ရွက်နားများ လည်း ခြောက်နေတတ်သည်။ - ကာကွယ်နှိမ်နင်းနည်းများ -  မျိုးစေ့/မြေ ဆောင်ရောဂါဖြစ်သည်။ ခံနိုင်ရည်ရှိသောမျိုးကိုအသုံးပြုပါ။ ရောဂါကင်းသော၊ ကျန်းမာသန်စွမ်းသောမျိုးစေ့ကိုစိုက်ပျိုးပါ။ -  ထယ်နက်နက်ထိုးထားပြီးနွေထယ်ရေးခံပါ။ ပင်ကြွင်းပင်ကျန်များကိုဖယ်ရှားပါ၊ မီးရှို့ဖျက်ဆီးပါ။ -  ထရိုင်ဂိုဒါးမား မှိုကိုမြေပြင်စဉ်တွင် ထည့်သွင်းအသုံးပြုပါ။ -  မျိုးစေ့ဆောင်ရောဂါအတွက်မျိုးစေ့လူးနယ်မှိုသတ်ဆေးတစ်မျိုးမျိုး ဖြင့်လူးနယ် စိုက်ပျိုးပါ။ -  ရောဂါနှစ်စဉ်ဆက်တိုက်ကျရောက်ပါက အခြား သီးနှံ များနှင့်သီးလှည့် စနစ်ဖြင့် အနည်းဆုံး (၃-၄) နှစ်ခြား၍ စိုက်ပါ။ -  မြေချဉ်/ငန်ဓါတ် ၆.၅-၇.၀ ရှိအောင်ပြုပြင်ပေးပါက ရောဂါ ပြင်းထန်မှုကို လျော့ချနိုင်သည်။ -  ရောဂါကျရောက်ပါကဖေါ်ပြပါ မှိုသတ်ဆေး တစ်မျိုးမျိုး ဖြင့် အပင်ခြေရင်းသို့ရွဲ့ရွဲ့ ပက်ဖျန်းပါ ။ -  Hymexazol (ဟိုင်မက်ဇာဇိုးလ်), Prochloraz (ပရိုကလိုရာဇ်)၊ Thiophanate-methyl (သိုင်အိုဖါနိတ်မီသိုင်း)၊ Azoxystrobin (အဇိုဆီစထရိုဘင်) -  “ဆေးများကို အပင်ခြေရင်း/မြေကြီး အတွင်းသို့ ရွှဲရွှဲ လောင်းပေးပါ။ - ကုလားပဲ၊ ဝါ၊ ပဲပုပ်၊ နေကြာ၊ ပဲမျိုးစုံ - (မြစ်ဆွေးမြစ်ခြောက်ရောဂါ) - မြစ်ဆွေးမြစ်ခြောက်ရောဂါဖြစ်ပွားစေရန် ရေများစွာ မလိုအပ်ပေ။ ခြောက်သွေ့သော ရာသီဥတုတွင် ၎င်းရောဂါ ဖြစ်ပွားပါက အပင်သည် ရေငတ်ခြင်း ဒါဏ်ကိုပါ ခံစား နေရ သဖြင့် အထွက်နှုန်းကို ဆိုးရွား စွာထိခိုက်စေသည်။ တစ်ပင်လုံးရှိအရွက်များ ငိုက်ကျနေတတ်သည်။ ရောဂါဆိုး ရွားပါက အရွက်များအား လုံးခြောက်ပြီး ကြွေကျတတ် သည်။ ညှိုး၍ခြောက်နေသောအပင်များအား နေရာ ကွက် ကြား အစုလိုက်တွေ့ရသည်။ အပင်အားဆွဲနှုတ် ကြည့်ပါ က ရေသောက်မြစ် အောက်ပိုင်းသည် မြေကြီး ထဲတွင် ပြတ်ကျန်နေခဲ့သည်။ ရေသောက်မြစ်သည် ညို မည်းပြီး ပုပ်နေကာ မြစ်မွှေးများ ကင်းမဲ့နေတတ်သည်။ - ကာကွယ်နှိမ်နင်းနည်းများ -  မျိုးစေ့၊မြေဆောင်ရောဂါဖြစ်သည်။ ခံနိုင်ရည်ရှိသောဖြိုးကိုအသုံးပြုပါ။ -  ရောဂါကင်းသော၊ ကျန်းမာသန်စွမ်းသောမျိုးစေ့ကိုစိုက်ပျိုးပါ။ -  ထယ်နက်နက်ထိုးထားပြီးနွေထယ်ရေးခံပါ။ ပင်ကြွင်းပင်ကျန်များကိုဖယ်ရှားပါ။ မီးရှို့ ဖျက်ဆီးပါ။ -  ထရိုင်ဂိုဒါးမား မှိုကိုမြေပြင်စဉ်တွင် ထည့်သွင်းအသုံးပြုပါ။ -  မျိုးစေ့ဆောင်ရောဂါအတွက်မျိုးစေ့လူးနယ်မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် -  လူးနယ် စိုက်ပျိုးပါ။ -  ရောဂါ နှစ်စဉ်ဆက်တိုက်ကျရောက်ပါက အခြား သီးနှံများနှင့်သီး လှည့် စနစ် ဖြင့်အနည်းဆုံး (၃-၄ နှစ်ခြား၍ စိုက်ပါ။ -  ရောဂါကျရောက်ပါကအောက်ပါမှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် အပင်ခြေရင်းသို့၍ ပက်ဖျန်းပါ။ -  Thiophanate-methyl)သိုင်အိုဖါနိတ်မီသိုင်း -  Tebuconazole (တီဗြူကိုနာဇိုး -  Propiconazole (ပရိုပီကိုနာဇိုး) -  Valicamycin (ဗယ်လီဒါမိုင်စင်) -  Captan (ကက်ပ်တန်) -  Hymexzzol (ဟိုင်မက်ဖာနိုးလ်) - ပဲမျိုးစုံ၊ မြေပဲ၊ ပြောင်း၊ ကြံ၊ နေကြာ၊ ဂျုံ (သံချေးရောဂါ) - သံချေးရောဂါ ဖြစ်စေသော မှိုစပိုးများသည် အပင်များကို ကူးစက်ရန် နှင်းရည်ကဲ့သို့သော အစိုဓာတ်ရရှိချိန် အချိန် တိုလေးသာ လိုအပ်ပြီး ပျံ့နှံ့ရန် အတွက် လေတိုက်ရန်သာ လိုအပ်ပါသည်။ . ဤရောဂါများသည် မိုးခေါင်သောနှစ်၊ ပူပြင်းခြောက်သွေ့ သောအချိန်များတွင် ပို၍ အဖြစ်များနိုင် သည်။ ရောဂါနှင့်အတူ အစိုဓာတ်ရရှိမှုမရှိသဖြင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုမှာ ပို၍ဆိုးရွားပါသည်။ - အရွက်အပေါ်မျက်နှာပြင်တွင် သေးငယ်သော အညိုရောင်၊ သံချေးရောင် ကွက်ပြောက်ကလေးများကိုတွေ့ရသည်။ အောက်မျက်နှာပြင်တွင် လိမ္မော်ရောင်၊ သံချေး ရောင် မှိုစပိုးစု လေးများကို အကွက်လိုက်တွေ့ရသည်။ ရောဂါ ပြင်း ထန်ပါက အရွက်တစ်ခုလုံးသံချေးရောင် ပြောင်း သွားပြီး ခြောက်၍သေသွားသည်။ - ကာကွယ်နှိမ်နင်းနည်းများ -  ခံနိုင်ရည်ရှိသော မျိုးကိုစိုက်ပျိုးပါ။ -  ရောဂါခိုအောင်းရာဖြစ်သောပေါင်းပင်များကိုဖျက်ဆီးမီးရှို့ပါ။ -  ရောဂါရပင်ကြွင်းပင်ကျန်များကို စုပုံမီးရှို့ပါ။ -  ရောဂါစတင်ကျရောက်ပါက Hexaconazole (ဟက်ဇာကိုနာဇိုး)၊ Mancozeb (မန်ကိုဇက်)၊ Propiconazole (ပရိုပီကို နာ ဇိုး)၊ Captan (ကက်ပ်တန်)၊ Chlorothalonil (ကလိုရိုသာလိုနေးလ်)၊ Difenoconazole (ဒီဖီနိုကိုနာဇိုး) စသောမှိုသတ်ဆေး များ ဖြင့် ထိရောက်စွာ ကာကွယ် နှိမ်နင်းနိုင်ပါသည်။ - ပဲမျိုးစုံ၊ ဖရဲ၊ သခွါး၊ သခွါးမွှေး၊ စပျစ်၊ ဂျုံ၊ ကြက်သွန်၊ ခရမ်းချဉ် - (ဖါးဥမှိုရောဂါ) - ဖါးဥမှိုရောဂါ ဖြစ်စေသော မှိုစပိုးများသည် အပင်များကို ကူးစက်ရန် နှင်းရည်ကဲ့သို့သော အစိုဓာတ်ရရှိချိန် အချိန် တိုလေးသာ လိုအပ်ပြီး ပျံ့နှံ့ရန် အတွက် လေတိုက်ရန်သာ လိုအပ်ပါသည်။ . ဤရောဂါများသည် မိုးခေါင်သောနှစ်၊ ပူပြင်းခြောက်သွေ့ သောအချိန်များတွင် ပို၍ အဖြစ်များနိုင် သည်။ ရောဂါနှင့်အတူ အစိုဓာတ်ရရှိမှုမရှိသဖြင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုမှာ ပို၍ဆိုးရွားပါသည်။ - အရွက်ပေါ်တွင်သေးငယ်သော အဖြူ ရောင် အကွက်များ ဖြစ်ပေါ်သည်။ အရွက် မျက်နှာ ပြင်တစ်ခုလုံးပေါ်၌ ပေါင်ဒါ မှုန့်များ ပက်ဖြူးထားသည့် အသွင်မျိုး တွေ့ရသည်။ အသီး တောင့်များတွင်ရောဂါကျရောက်ပါက အတောင့်များမှာ သေးကွေးကျုံလှီပြီး ပုံပျက်လာကာ တွန့်၍ ခြောက်သွားသည်။ - ကာကွယ်နှိမ်နင်းနည်းများ -  ဒေသအလိုက်ခံနိုင်ရည်ရှိသောမျိုးကိုသုံးပါ။ -  ပင်ကြွင်းပင်ကျန်များဖျက်ဆီးမီးရှို့ပါ။ -  ရောဂါဆိုးရွားစွာကျရောက်ပါက အခြားသီးနှံများဖြင့် အလှည့်ကျစိုက်ပါ။ -  ရောဂါကျရောက်ပါက Sulfur ပါဝင်သောဆေး၊ Chlorothalonil (ကလိုရိုသာလိုနေး) ၊ Tebuconazole (တက်ဗျူကိုနာဇိုးလ်)၊ Propiconazole (ပရိုပီကိုနာဇိုးလ်)၊ Kresoxim Methyl (ကရီဆိုဇင်မ် မီသိုင်း)၊ စသောမှို သတ်ဆေးများဖြင့် ထိရောက်စွာ ကာကွယ်နှိမ်နင်း နိုင်ပါသည်။ -  Sulfur ပါဝင်သောမှိုသတ်ဆေးအား သခွါးမွှေး၊ သခွါး၊ ဖရဲ သီးနှံများတွင် အသုံးပြုပါက ဆေးလောင်တတ်ပါသည်။ - သီးနှံပင်များတွင်ကျရောက်တတ်သောဗိုင်းရပ်စ်ရောဂါများ - ရာသီဥတု ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်ခြင်းကြောင့် ဗိုင်းရပ်စ်ရောဂါ အပေါ် လွှမ်းမိုးမှုမရှိသော်လည်း ၎င်းအခြေအနေတွင် ကျရောက်တတ်သော အင်းဆက်များကြောင့် ဗိုင်းရပ်စ်ရောဂါများကူးစက်ပျံ့နှံ့စေပါသည်။ - ထို့ကြောင့် အင်းဆက်ဖျက်ပိုးများကို ထိရောက်စွာကာကွယ်နှိမ်နင်းပါက ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကို ဟန့်တားစေပါသည်။ - ပဲမျိုးစုံ - (အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါ) - ကာကွယ်နှိမ်နင်းနည်းများ -  ဒေသအလိုက်ခံနိုင်ရည်ရှိသောမျိုးကို အသုံးပြုပါ။ -  ရောဂါဖြစ်စေသည့် ဗိုင်းရပ်သယ်ဆောင် ကောင် ယင်ဖြူကို အပင်ငယ်စဉ်မှစ၍ ကာကွယ် နှိမ်နင်းပါ။ -  ယင်ဖြူနှင့် ဗိုင်းရပ်များရှင်သန်ခိုအောင်း နိုင်သော စိုက်ခင်း နားရှိ ပေါင်းပင် များ အား ဖျက်ဆီးပစ်ပါ။ -  ရောဂါဝင်ရောက်မှုသည် နှစ်စဉ်ဆက်တိုက်ကျရောက်ပါက ပဲမျိုးရင်းဝင် မဟုတ် သော သီးနှံများဖြင့် အစားထိုး စိုက်ပျိုးပါ ။ -  အပင်ငယ်စဉ်တွင် ယင်ဖြူကို ကာကွယ် နှိမ်နင်းရန်ဖေါ်ပြပါ ပိုးသတ်ဆေး တစ်မျိုးမျိုး ကို အသုံးပြုပက်ဖျန်းပါ။ -  စပီရိုတက်ထရာမက်(Spirotetramat)၊ -  စပီရိုမက်စီဖန် (Spiromesifen) -  ဒိုင်မီသိုအိတ် (Dimethoate)၊ -  အက်စီတာမီပရစ် (Acetamipid)၊ -  ဒိုင်နိုတီဖျူရမ် (Dinotefuran)၊ -  စပီရိုတက်ထရာမက်(Spirotetramat)၊ -  စပီရိုမက်စီဖန် (Spiromesifen) - Source: သီးနှံကာကွယ်ရေးဌာနခွဲ၏ အယ်လ်နီညို ရာသီဥတုကြောင့် သီးနှံစိုက်ပျိုးမှုတွင်ကျရောက်နိုင်သောဖျက်ပိုးများကြိုတင်ကာကွယ်နိုင်ရန်သတိပေးချက်မှ ကောက်နှုတ်ချက် - ---- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 
 
 
 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
