ခရု၊ ရွှေခရု၊ တီကောင်၊ ပဲပုတ်စေ့များဖြင့် အမိုင်နိုအက်ဆစ်မြေသြဇာအရည်ပြုလုပ်ခြင်း
-တင်လဲရည် သို့မဟုတ် သကြားကို ပါဝင်ပစ္စည်းများနှင့် ဆတူထည့်ပေးပါ။
-အပူချိန် (၆၀)ဒီကရီစင်တီဂရိတ်ခန့်တွင် (၁)မိနစ်ခန့် အပူပေးပါ။ (မပြုတ်ရ)
-အအေးပြန်ခံ၍ (ဖြစ်နိုင်လျှင်) pH 5 အထိ ညှိပေးပါ (အနံ့ဆိုးထွက်စေသည့် ဘက်တီးရီးယားများမပွားလာစေရန်ဖြစ်သည်။ pH မီတာမရှိလျှင် ညှိစရာမလိုပါ။)
- ဆွေးမြည့်မှုမြန်ဆန်စေရန်၊ ပရိုတင်းအသားဓာတ်မှ အမိုင်နိုအက်ဆစ်အဖြစ်ပြိုကွဲသွားစေရန်နှင့် ပုပ်မသွားစေရန်အတွက် သင်္ဘောသီးမှရရှိသည့် အစေး သို့မဟုတ် papain အင်ဇိုင်းကို ရောနှောပါ။
- EM သို့မဟုတ် IMO ရှိလျှင် ရေနွေးပန်းကန်တစ်လုံးခန့် ထည့်မွှေပေးပါ။
-အားလုံးကြေသွားသည်အထိ ရောကြိတ်ပေးပါ။
-အဖုံးပိတ်၍ သိုလှောင်ထားပါ။ အဖုံးကို နေ့စဥ် ခေတ္တလှပ်ပေးခြင်းဖြင့် ထွက်လာသောဓာတ်ငွေ့များအား ဖယ်ရှားပေးပါ။
- (၇-၁၀) ရက်ကြာလျှင် အသုံးပြုနိုင်ပြီဖြစ်သည်။
- ရေဖြင့် ၂း၁၀၀၀ မှ ၄း၁၀၀၀ အချိုး ရောစပ်ပက်ဖျန်းပေးနိုင်သည်။
- မြေဆီလွှာနှင့် မြေဆွေးပုံများအတွင်းရှိအဏုဇီဝများ ပိုမိုပွားများလာစေရန် လောင်းထည့်ပေးနိုင်သည်။
သတိထားသင့်သည့်အချက်များ --
- ဓာတုဖြစ်စေ အော်ဂဲနစ်ဖြစ်စေ ရွက်ဖျန်းအားဆေးသည် မြေသြဇာများကဲ့သို့ အာဟာရဓာတ်များပါဝင်မှု မမြင့်မားပါ။ - ရွက်ဖျန်းအားဆေးတစ်ခုထဲဖြင့် မလုံလောက်ပါ။
- ဖြည့်စွတ်အာဟာရအဖြစ်လည်းကောင်း၊ အမြစ်များမကျန်းမာချိန် သို့မဟုတ် ရေဝပ်ချိန် သို့မဟုတ် အာဟာရချို့တဲ့ချိန်တွင် အပင်၏အာဟာရလိုအပ်ချက်ကို ရွက်ဖျန်းအားဆေးများမှ အလျင်အမြန်ဖြည့်တင်းပေးနိုင်သည်။
- သုတေသနများအရ အမိုင်နိုအက်ဆစ်ရွက်ဖျန်းဆေးများသည် ပက်ဖျန်းပြီး (၂၄)နာရီအတွင်း အပင်၏အမြစ်ထိရောက်ရှိသွားသည်ကို တွေ့ရှိရပြီး (၃)ရက်အတွင်း အာနိသင်ပြကြောင်း တွေ့ရှိရပါသည်။
- သဘာဝမြေသြဇာများနှင့်အတူ အမိုင်နိုအက်ဆစ်များအား ပူးတွဲသုံးစွဲပေးခြင်းဖြင့် သီးနှံများအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်နိုင်မည်ဖြစ်ပါသည်။
References - http://www.priyachem.com http://hpeingredients.com/.../snail-proteins-rich-in...
ဒေါက်တာဝဏ္ဏထွန်း