cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်တာ စျေးကွက်သုံးသပ်ချက် (၂၉.၄.၂၀၂၄ မှ ၃.၅.၂၀၂၄)

. ဈေးကွက်သုံးသပ်ချက်
တစ်ပတ်တာ-စျေးကွက်သုံးသပ်ချက်
  • မတ်ပဲ

    မတ်ပဲကတော့ ဆက်တိုက်ဈေးကျဆင်းနေခဲ့ပါတယ်။ ပြည်တွင်း ပဲ တင်ပို့မယ့် ကွန်တင်နာတွေ မရှိတဲ့ အပြင် အိန္ဒိယနိုင်ငံတွင်းမှာပါ ပဲဈေးတွေ ကျဆင်းနေတာဖြစ်လို့ ပြည်တွင်း ပဲဈေးတွေ ကျဆင်းနေတာလို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။

    လက်ရှိ မတ်ပဲဈေးဟာ ကျဆင်းနေတယ်ဆိုပေမယ့် ဈေး အများကြီး ကျဆင်းသွားတာမျိုးမဟုတ်ပဲ နေ့စဉ် အရောင်းအဝယ်ပေါ် မူတည်ပြီး ထိန်းရောင်း၊ ထိန်းဝယ် အခြေအနေ ဖြစ်နေတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။

    အိန္ဒိယနိုင်ငံတွင်း မတ်ပဲ ထွက်နှုန်း လျော့နည်းနေပေမယ့် မပြီးသေးတဲ့ ရွေးကောက်ပွဲကြောင့် ပဲ ဈေးကို ထိန်းပြီး ရောင်းနေရတဲ့အခြေအနေရှိနေတာဖြစ်လို့ မတ်ပဲဈေးဟာ လက်တလောကာလအတွင်းမှာတော့ အတက်အကျ အနည်းငယ်နဲ့သာ အရောင်းအဝယ်ရှိနိုင်ပါတယ်။

    ပြီးခဲ့တဲ့ နှစ်ကလည်း မတ်ပဲက သင်္ကြန်အပြီးမှာသာ ဈေးပြန်လည် မြင့်တက်ခဲ့တာဖြစ်လို့ အိန္ဒိယရွေးကောက်ပွဲ ကာလအပြီး အိန္ဒိယပဲ ဝယ်ယူမှု ပြန်လည်မြင့်တက်လာနိုင်ခြေ ရှိတယ်လို့ ကုန်သည်ကြီး အချို့က ဆိုပါတယ်။

    လက်ရှိမှာလည်း အိန္ဒိယပဲ လိုအပ်ချက်ကြောင့် ပြည်တွင်း ပဲလှောင်သူ အချို့က ပဲတွေကို ဆက်လှောင်ထားဖို့ တာဆူနေကြပါတယ်။ ရွေးကောက်ပွဲကာလအပြီး မတ်ပဲဈေး ဆက်တက်ဖို့ အခြေအနေကတော့ အချိန်မရွေးပြောင်းလဲနိုင်တဲ့ မူဝါဒတွေကြောင့် ခန့်မှန်းရခက်တဲ့ အခြေအနေပါ။

    အိန္ဒိယနိုင်ငံမှာ ဒီတစ်ပတ် မြန်မာမတ်ပဲက တစ်တန်ကို ရူပီး ၈၉၅၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ၂၅၀ ရူပီး ဈေးကျဆင်းသွားပါတယ်။

    ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၁၂၇၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တေ့ာ တစ်တန်ကို ၆၀၀၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃၃၈၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၀၀၀၀ ကျော် ဈေးကျဆင်းသွားပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၁၀၅ မှ ၅၁၄၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းပါတယ်။

    မတ်ပဲက လက်ရှိ ဈေးကျဆင်းနေတယ် ဆိုပေမယ့် ပြီးခဲ့တဲ့ လ နဲ့ နှိုင်းယှဉ်ရင်တော့ လက်ရှိ အချိန်ထိ အတက်ဈေးနဲ့ ပဲ ရှိနေတာ ဖြစ်ပါတယ်။

    ပဲတီစိမ်း

    ပဲတီစိမ်းကတော့ ၂ပတ်တာကာလအတွင်း ဈေးငြိမ်နေပါတယ်။ ပြည်တွင်းဝယ်ရောင်း အခြေအနေ ကလည်း ငြိမ်နေတယ်လို့သိရပါတယ်။ လက်ရှိ ဈေးငြိမ်နေတဲ့ အခြေအနေဖြစ်တဲ့အတွက် သိုလှောင်မယ် ဆိုရင်တော့ ဒီအခြေအနေက ဝယ်ယူသိုလှောင်သင့်တယ်လို့ ကုန်သည်ကြီး အချို့က ဆိုပါတယ်။

    ပဲတီစိမ်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကနေစပြီး ဆက်တိုက် ဈေးကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ ပုံမှန် သင်္ကြန်ကာလအပြီး ဈေးငြိမ်နေပေမယ့် မေလကုန်၊ ဇွန်လဆန်းပိုင်းလောက် အတက်ဈေး ရှိနေခဲ့တာပါ။

    ရန်ကုန်ဘုရင့်နောင်‌ဈေးကွက်မှာတော့ ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၆၆၅ ကျပ်၊ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၈၃၀ ကျပ်၊ ပဲတိစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၃၀၀၀ မှ ၃၆၇၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

    မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ)ကလည်း တစ်အိတ်ကို ၁၄၅၀၀၀ ကနေ ၁၅၅၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့ အပတ်က ဈေးအတိုင်း အပြောင်းအလဲ မရှိ ငြိမ်နေပါတယ်။

    ကုလားပဲ

    ကုလားပဲကတော့ ရန်ကုန်ဈေးကွက်ရောနယ်ဈေးကွက်တွေမှာပါ ဈေးက ကျဆင်းသွားပါတယ်။ ဈေးကွက်အတွင်း ပုံမှန် အဝင်တွေ ရှိပေမယ့် အရောင်းအဝယ်နည်းပြီး ဈေးကျဆင်းသွားတာလို့ ကုန်သည် အချို့က ပြောပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿကို ၄၀၈၀ မှ ၄၁၇၀ကျပ်၊ တစ်ပိဿာကို ၁၆၅ ကျပ် ဈေးကျဆင်းသွားပြီး ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာ ကို ၄၃၃၀ မှ ၄၅၀၀ကျပ် ရှိပြီး ဈေးငြိမ်ပါတယ်။ ကုလားပဲခြမ်းကလည်း တစ်ပိဿာကို ၅၆၅၀ မှ ၆၀၀၀ ရှိပြီး ဈေးငြိမ်ပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပြီးခဲ့တဲ့အပတ် သောကြာနေ့ နဲ့ ယှဉ်ရင် ကုလားပဲ v2 က တစ်အိတ်ကို ၂၄၃၀၀၀ မှ ၂၄၅၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်၊ ကုလားပဲ ၉၂၉က တစ် အိတ် ကို ၂၃၃၀၀၀ မှ ၂၃၅၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် ၊ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ်ကို ၂၂၃၅၀၀ကျပ်မှ ၂၂၅၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် အသီးသီးဈေးကျ ဆင်းသွားပါတယ်။

    ပဲကြီး၊ ထောပတ်ပဲ

    ပဲကြီးနဲ့ ထောပတ်ပဲကတော့ နေ့စဉ် အဝင်ပေါ် မူတည်ပြီး ဈေးအပြောင်းအလဲ ရှိပေမယ့် အနည်းငယ်သာ အတက် အကျ ရှိနေပါတယ်။

    အသေးစတွေ ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ် နေပြီး ခြုံကြည့်ရင်တော့ တစ်ပတ်တာလုံး ဈေးငြိမ်နေတဲ့ အခြေအနေ ဖြစ်ပါ တယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး (ရွှေကျွန်း)က တစ်ပိဿာကို ၅၄၈၅ မှ ၅၆၆၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၈၀ ကျပ်ဈေးမြင့်တက်လာပေမယ့် ပဲကြီး(ကုန်း)ကတော့ တစ်ပိဿာကို ၄၇၈၀ မှ ၄၉၆၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးကျဆင်းပါတယ်။ထောပတ်ပဲကတော့ တစ်ပိဿာကို ၅၁၃၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးကျဆင်းသွားပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲကြီး(က၊လ၊သ)က တစ်အိတ်ကို ၂၃၀၀၀၀ မှ ၂၆၅၀၀၀ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် အကြီးက ၅၀၀၀လောက် ဈေးကျဆင်းပေမယ့် အသေးဆိုဒ်ကတော့ တစ်အိတ်ကို ၁၀၀၀၀ လောက်ဈေးမြင့်တက်လာခဲ့ပါတယ်။

    ထောပတ်ပဲကလည်း တစ်အိတ်ကို ၂၉၅၀၀၀ မှ ၃၄၅၀၀၀ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် အကြီးဈေးက ၅၀၀၀ ကျပ်ဈေးကျဆင်းပေမယ့် အသေးဆိုဒ်ကတော့ တစ်အိတ်ကို ၁၅၀၀၀ လောက်ဈေးမြင့် တက်လာခဲ့ပါတယ်။

    ကြက်သွန်နီ

    ကြက်သွန်နီကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးမြင့်တက်နေတာ ဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ဈေးထပ်မံ မြင့်တက်လာပါတယ်။ ပြည်တွင်းအပြင် ပြည်ပဈေးကွက်ဖြစ်တဲ့ ဗီယမ်နမ် နဲ့ တရုတ်နိုင်ငံတို့ကို တင်ပို့ရောင်းချနေရတာ ဖြစ်တဲ့အတွက် ဈေးက မြင့်တက်နေတာ လို့သိရပါတယ်။

    နေ့စဉ် ဈေးကွက်ထဲကို နယ်စုံကနေ အဝင် ပိဿာချိန် ၃ သိန်း အထိ ရှိနေပေမယ့် အမြင့်ဈေးနဲ့ ရှိနေတာ ဖြစ်လို့ တောင်သူတွေ အနေနဲ့ ဈေးမကျဆင်းအောင် ထိန်း တင်ပို့တာတွေ လုပ်ဆောင်သင့်တယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူကတော့ တစ်ပိဿာကို ၁၆၀၀ မှ ၂၆၅၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်၊တောင်တွင်းကတော့ တစ်ပိဿာကို ၁၇၀၀ မှ ၂၇၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်နဲ့ အခြား မင်းဘူး၊ မြင်းခြံ၊ ရွှေဘိုတို့ကလည်း တစ်ပိဿာကို ၁၄၀၀ ကနေ ၂၇၅၀ ကြား ရှိပြီး တစ်ပိဿာကို ၁၀၀ လောက်ဈေးတက်လာပါတယ်။

    မေမီမောင်(AMIA)

    -----

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes7comments0
views3746
cover
cover
cover
cover
cover