ရာသီဥတု ပူပြင်းချိန် ငါး/ပုဇွန်ကန်များအတွက် အကြံပြုချက်
ငါးကြီးမွေး ငါးကန်များအတွက် အကြံပြုချက်
ကန်အတွင်း ရေအပူချိန်ကို လျော့ချပေးရန်၊
ကန်အတွင်း ငါးများပြွတ်သိပ်နေမှုကိုလျော့ချရန် partial-harvest တစ်ဝက်တစ်ပျက် ကန်ဖော်ြခင်းကို ဆောင်ရွက်ရန်၊
အကယ်၍ ရေလွယ်ကူပါက ကန်အတွင်း ရေထည့်ပေးရန်၊
ငါးများ stress အပူဒဏ်ဖိစီးမှုများမဖြစ်စေရန် ရေအပူချိန်ကျအောင် ဖန်တီးပေးရန်၊
ရေဩဇာအရမ်းတက်နေပါက (ရေအစိမ်းရင့်ရောင်)ဖြစ်နေပါက အပေါ်ရေကို ၆ လက်မ လျော့ပြီး ရေပြန် သွင်းရန် တနည်းအားဖြင့် ရေကို အစိမ်းနုရောင်ဖြစ်အောင် ဖန်တီးပေးရန်၊
Nursery မျိုးငါးကန်များအတွက် အကြံပြုချက်
ကန်အတွင်းရေကို အနိမ့်ဆုံး ၃ ပေခွဲအထိ ထားပေးရန်၊
ရေဖြန်းစနစ်ကို သုံးပေးရန်၊
အစာကို တက်နိုင်သမျှလျော့ချပေးရန်၊
ကန်၏ ဧရိယာ တစ်ဝက်ခန့်ကို အရိပ်ရအောင် ဆောင်ရွက်ပေးရန်၊
ရေဩဇာအရမ်းတက်နေပါက (ရေအစိမ်းရင့်ရောင်)ဖြစ်နေပါက အပေါ်ရေကို ၆ လက်မ လျော့ပြီး ရေပြန် သွင်းရန် တနည်းအားဖြင့် ရေကို အစိမ်းနုရောင်ဖြစ်အောင် ဖန်တီးပေးရန်၊
ထွက်တိုး
ဦးဆန်းအောင်
------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
https://htwettoe.com/organization/4
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။