ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့် မွေးမြူရေးတောင်သူများအား အကြံပြုချက်
ဟင်္သာတ၊ ညောင်တုန်း၊ မအူပင်၊ မြောင်းမြ၊ ဓနုဖြူ၊ ပန်းတနော်၊ ကျိုက်လက်၊ ဝါးခယ်မ၊ ကျုံပျော်၊ ဇလွန်၊ လပွတ္တာ၊ ပုသိမ်၊ ဖျာပုံ၊ အင်္ဂပူ၊ ကြံခင်း၊ လေးမျက်နှာ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ ကန်ကြီးထောင်၊ ငပုတောမြို့နယ်
၂၀၂၄ ခုနှစ်၊ မေလ (၁၇)ရက်နေ့မှ (၂၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါမြို့နယ် ၂၀ တွင် မေလ (၂၁)၊ (၂၂)ရက်နေ့နှင့် (၂၃)ရက်နေ့များတွင် မိုးရွာရန် ၇၅ ရာခိုင်နှုန်းအထိရှိသဖြင့် အဆိုပါရက်များတွင် မိုးရွာနိုင်ပါကြောင်း သတင်းပါလိုပါတယ် ခင်ဗျာ။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
မိုးရွားသွန်နိုင်ပြီး မုန်တိုင်းငယ်ရှိနိုင်တဲ့အတွက် အောက်ပါအချက်တွေဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်း လိုပါတယ် ခင်ဗျာ။
- ရေချဉ်ဖန်နှုန်းနှင့် ပျော်ဝင်အောက်ဆီဂျင် စောင့်ကြည့်ရန်၊
- ကန်အတွင်းရေအပူချိန် လျော့ကျနိုင်ပါသဖြင့် အပူချိန်ရုတ်တရက်ပြောင်းလဲခြင်းကို ဂရုပြုရန်၊
- ရေချဉ်ဖန်နှုန်းကျဆင်းသွားနိုင်သဖြင့် ဂရုပြုရန်၊
- လေပြင်းတိုက်ခက်ချိန် ငါးများ ဖိစီးမှု Stress မဖြစ်အောင် ဂရုစိုက်ရန်၊
- မိုးရွာပြီးနောက် ပျော်ဝင်အောက်ဆီဂျင်နဲ့ရေချဉ်ဖန်နှုန်း ပုံမှန်အခြေအနေဖြစ်သွားပါက ဗိုက်တာ မင်စီ၊ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ မက်ဂနီစီယမ်ဆားတို့ကို အစာကျွေးချိန် ထည့်ကျွေးရန်၊
Weather Source: CIAT
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။