cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်တာ စျေးကွက်သုံးသပ်ချက် (၂၀.၅.၂၀၂၄ မှ ၂၄.၅.၂၀၂၄)

. သီးနှံဈေးကွက်သတင်း
မတ်ပဲ



မတ်ပဲက ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးမြင့်တက်နေခဲ့တာ ဖြစ်ပြီး ဒီတစ်ပတ်မှာလည်း အမြင့်ဈေးနဲ့ ရှိနေပါတယ်။ ပြည်တွင်း ငွေလဲလှယ်နှုန်း ဈေးမြင့်တက်လာတာနဲ့အတူ ဈေးမြင့်တက်လာတာ ဖြစ်ပြီး အရောင်းအဝယ်ကတော့ သိပ်မရှိဘူးလို့ ဆိုပါတယ်။ တစ်ပတ်အတွင်း ဈေးမြင့်တက်နေရာကနေ လပြည့်ပိတ်ရက် အပြီးမှာတော့ ဈေးက ပြန်အေးသွားပါတယ်။ ဈေးကွက်အတွင်း ဈေးမြင့်နေမှုကြောင့် အဝယ်အေးသွားခဲ့ပြီး ဈေးပြန်ကျဆင်းသွားတာ ဖြစ်တယ်လို့ သိရပါတယ်။
  • အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲ ဝယ်လိုအားမြင့်တက်နေတာ ဖြစ်တဲ့အတွက် ဈေးက ဆက်ပြီးမြင့်တက် ပါတယ်။ အိန္ဒိယအစိုးရက ပဲဈေး ကျဆင်းအောင် နည်းလမ်းမျိုးစုံ နဲ့ ပြုလုပ်နေပေမယ့် ဈေးကွက်အ တွင်း ပဲ လိုအပ်ချက် ကြီးမားတာ၊ အထွက်နှုန်း‌လျော့တာတွေကြောင့် ဈေးက အမြင့်ဈေးမှာ ရှိနေတာ ဖြစ်ပါတယ်။ ဈေးကွက်ထဲ မတ်ပဲ အသစ်တွေ ဝင်နေပေမယ့်လည်း ဈေးက ဆက်တက်နေတာ ဖြစ်ပါတယ်။


    အိန္ဒိယနိုင်ငံမှာ ဒီတစ်ပတ် မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၉၀၅၀ ပေါက်ဈေးရှိနေပြီး ၂၅ ရူပီး မြင့်တက်လာပါတယ်။


    ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၂၄၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ သောကြာနေ့နဲ့ ယှဉ်ရင်တစ်တန်ကို ၁၀၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို  ၃၅၀၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၆၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၂၉၀ မှ ၅၃၂၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေး မြင့်တက်လာပါတယ်။


    မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၁၀၁၀ မှ ၁၀၃၀ ဒေါ်လာ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ၁၅ ဒေါ်လာ မြင့်တက်လာပါတယ်။


    ပဲတီစိမ်း


    ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်မှာ အတက်ဈေး နဲ့ ငြိမ်နေပြီး နယ်ဈေးကွက်တွေမှာတော့ ဆက်တိုက် ဈေးမြင့်တက်နေပါတယ်။ အသစ်တွေ အဝင်ရှိလာတာနဲ့အမျှ အဝယ်ကလည်း သွက်နေတယ်လို့ သိရပါတယ်။‌ ငွေဈေးကြောင့်လည်း ပဲဈေးကို ပိုပြီး မြင့်တက်နေတာလည်း ဖြစ်ပါတယ်။


    ပဲတီစိမ်းကတော့ လတ်တလောကာလ ကျနိုင်ခြေ မရှိသေးဘူးလို့ ကုန်သည်အချို့က ခန့်မှန်းထား ကြပါတယ်။ 


    ရန်ကုန်ဘုရင့်နောင်‌ဈေးကွက်မှာတော့ ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၆၆၅ ကျပ်၊ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၈၃၀ ကျပ်နဲ့ ပဲတိစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၃၀၅၀ မှ ၃၇၅၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။


    မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၈၅၀၀၀ ကနေ ၁၉၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ် ဈေးတက်လာပါတယ်။


    နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ မုံရွာ ဈေးကွက်မှာလည်း ပဲတီစိမ်း အသစ် တစ်တင်းကို ၆၁၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၆၂၂၀၀ ရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။


    ပြောင်းဆံ


    ပြောင်းဆံကတော့ လက်ရှိမှာ ဆက်တိုက်ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။ ဆက်ပြီး မြင့်တက်ဖို့ မျှော် လင့်နေကြပေမယ့် လက်ရှိ ငွေကြေးဈေးကြောင့်လည်း ဈေးမြင့်တက်နေတာ ဖြစ်လို့ ဈေးက အများကြီး ဆက်ပြီး တက်နိုင်ခြေ နည်းနိုင်ပါတယ်။ ထိုင်းနိုင်ငံတင်ပို့မှုက လက်ရှိ လမ်းခရီးအခက်အခဲ ကြောင့် တင်ပို့မှု နည်းနေပေမယ့် ရေကြောင်းကနေတဆင့် တင်ပို့နေတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ပါ အဝယ်ရှိနေတာ ဈေးက မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ 


    ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံ တစ်ပိဿာကို ၁၂၃၀ မှ ၁၂၅၀ ကြားရှိပြီး တစ်ပိဿာကို ၉၀ ကျပ် ဈေးမြင့်တက်လာပါတယ်။


    မန္တလေးဈေးကွက်မှာလည်း ပြောင်းစီပီ တစ်အိတ်ကို ၅၈၅၀၀ မှ ၅၉၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၃၅၀၀ ကျပ်ဈေး တက်လာပါတယ်။ ရှမ်းပြောင်းတွေကလည်း တစ်အိတ်ကို ၅၈၅၀၀ မှ ၅၉၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၃၅၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။


    နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို ၁၀၀၀ မှ ၁၅၀၀ ကြား ထပ်မံ မြင့်တက်နေပါတယ်။


    ကြက်သွန်ဖြူ


    ကြက်သွန်ဖြူကတော့ ဈေးကွက်အတွင်း ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးကွက်ထဲ အဝင်နည်းသွားပေမယ့် အဝင်ရှိသလောက် အဝယ်လည်း ရှိနေတဲ့ အတွက် ဈေးမြင့်တက်နေတာလည်း ဖြစ်ပါတယ်။ ဈေးကွက်ထဲကို နေ့စဉ် အဝင် ပိဿာချိန် ၃၀၀၀၀ နီးပါး ရှိပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို အနိမ့်ဆုံး ၉၀၀၀ ကနေ အမြင့်ဆုံး ၁၀၅၀၀ ထိပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ မေလ အစနဲ့ ယှဉ်ရင်တော့ တစ်ပိဿာကို ၂၅၀၀ လောက်ဈေးမြင့်တက်လာပါတယ်။


    မေမီမောင်(AMIA)

    ----

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes5comments0
views2385
cover
cover
cover
cover
cover