cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပေါင်းသတ်ဆေး အမျိုးအစား ခွဲခြားခြင်း

. ပိုးသတ်ဆေးစနစ်တကျသုံးစွဲနည်းများ
(၁)မြက်မျိုးရင်းဝင်ပေါင်း၊

(၂) မြက်မုံညင်းမျိုးရင်းဝင်ပေါင်း နှင့်

(၃) ရွက်ပြန့်မျိုးရင်းဝင်ပေါင်း တို့ဖြစ်ကြပါတယ်။
  • ပထမဦးဆုံးနေနဲ့ စိုက်ခင်းထဲမှာ ပေါက်ရောက်လေ့ရှိတဲ့ ပေါင်းတွေကို အမျိုးစား (၃) မျိုးခွဲခြား ထားပါတယ်။

    (၁)မြက်မျိုးရင်းဝင်ပေါင်း၊

    (၂) မြက်မုံညင်းမျိုးရင်းဝင်ပေါင်း နှင့်

    (၃) ရွက်ပြန့်မျိုးရင်းဝင်ပေါင်း တို့ဖြစ်ကြပါတယ်။

    ဈေးကွက်ထဲမှာတော့ တောင်သူဦးကြီးများ လက်ရှိ သုံးစွဲနေသောပေါင်းသတ်ဆေးအမျိုးအစား (၂)မျိုးရှိပါတယ်။

    -ရွေးချယ်အာနိသင်မဲ့ပေါင်းသတ်ဆေး နှင့် ရွေးချယ်အာနိသင်ရှိပေါင်းသတ်ဆေး တို့ဖြစ်ပါတယ်။

    ရွေးချယ်အာနိသင်မဲ့ပေါင်းသတ်ဆေး ဆိုတာကတော့ ပေါင်းသတ်ဆေး ထိသမျှ အပင်အားလုံးကို သေစေမှာ ဖြစ်ပါတယ်။ ဥပမာ- ဂလိုင်ဖေါက် ( Glyphosate ) ဇီးရိုး ( Paraquat )

    ရွေးချယ်အာနိသင်ရှိပေါင်းသတ်ဆေး ကတော့ စိုက်ပျိုးထားသောသီးနှံကိုတော့ မသေစေဘဲ ပေါင်းပင်များကိုသာရွေးချယ်ပီး သတ်ပေးသွားတာမျိုးဖြစ်ပါတယ်။

    ရွေးချယ်အာနိသင်မဲ့ပေါင်းသတ်ဆေးများဟာ ပေါင်းအားလုံးကိုနှိမ်နင်းနိုင်ကြပေမယ့် ရွေးချယ်အာနိသင်ရှိ ပေါင်းသတ်ဆေးများကတော့ ပေါင်းအုပ်စု(၁)မျိုး(သို့) (၂)မျိုးဘဲ နှိမ်နင်းနိုင်ကြပါတယ်။

    မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိသော ပေါင်းသတ်ဆေးများကို အောက်ပါအတိုင်း အမျိုးအစားခွဲခြား အသုံးပြုလျက်ရှိပါသည်။

    ၁။ အပင်မစိုက်မီ အသုံးပြုရသော ပေါင်းသတ်ဆေးများ

    ၂။ ပေါင်းပင်မပေါက်မီ အသုံးပြုရသော ပေါင်းသတ်ဆေးများ

    ၃။ ပေါင်းပင်ပေါက်ပြီးမှ အသုံးပြုရသော ပေါင်းသတ်ဆေးများ

    ၁။ အပင်မစိုက်မီ အသုံးပြုရသော ပေါင်းသတ်ဆေး ဆိုတာကတော့ သီးနှံများမစိုက်ပျိုးမီသေချာစွာပြင်ဆင်ထားသောမြေပေါ်သို့ပက်ဖျန်းရသောဆေးဖြစ်ပါသည်၊ဆေးဖျန်းပြီးထွန်ယက်၍မြေကြီးနှင့်ရောမွှေပေးရသောဆေးဖြစ်ပါတယ်၊စိုက်ပျိုးမြေတွင်အစိုဓါတ်လုံလုံလောက်လောက်ရှိရပါမယ်။ ဥပမာ ဂလိုက်ဖိုဆိတ် ဆိုတဲ့ ပေါင်းသတ်ဆေးကတော့ အသုံးများပါတယ်။

    ၂။ ပေါင်းပင်မပေါက်မီ အသုံးပြုရသော ပေါင်းသတ်ဆေး ဆိုတာကတော့ မြေထဲသို့သီးနှံမျိုးစေ့များမြေချစိုက်ထားပြီးပေါင်းမပေါက်မီပက်ဖျန်းရသောပေါင်းသတ်ဆေးဖြစ်ပါတယ်။အများအားဖြင့်တော့စပါးသီးနှံတိုက်ရိုက်အစေ့ချ(ကြဲခင်း)နှင့်ပျိုးထောင်စိုက်စပါးခင်းများတွင်အသုံးပြုသောပေါင်းသတ်ဆေးမျိုးဖြစ်ပါတယ်။တိုက်ရိုက်အစေ့ချစပါး(ကြဲခင်း)တွင်စပါးအညှောက်ဖေါက်ကြဲပက်ပြီး(၃)ရက်အတွင်းနှင့်ပျိုးထောင်စိုက်စပါးတွင်စိုက်ပြီးပြီးခြင်းပေါင်းမပေါက်မီပက်ဖျန်းခြင်းဖြင့်စပါးကိုရွေးချယ်ပြီးပေါင်းများကိုပေါက်မလာအောင်ကာကွယ်ပေးပါတယ်။

    ၃။ ပေါင်းပင်ပေါက်ပြီးမှ အသုံးပြုရသော ပေါင်းသတ်ဆေးများ ဆိုတာကတော့ သီးနှံနှင့်ပေါင်းပေါက်ပြီးချိန်တွင် ပက်ဖျန်းရသော ပေါင်းသတ်ဆေးမျိုးဖြစ်ပါတယ်။

    ပက်ဖျန်းသည့် နေရာပေါ်မူတည်၍ ခွဲခြားခြင်း

    ပက်ဖျန်းသည့် နေရာပေါ်မူတည်၍ (က) အပင်ဖျန်း ပေါင်းသတ်ဆေးနှင့် (ခ) မြေပေါ်ဖျန်း ပေါင်းသတ်ဆေးဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။

    ပက်ဖျန်းချိန်ပေါ် မူတည်ခွဲခြားခြင်း

    (၁) သီးနှံပင်မစိုက်မီ ဖျန်းသော ပေါင်းသတ်ဆေး

    (က) အပင်ဖျန်း ပေါင်းသတ်ဆေး - သီနှံစိုက်ပျိုးထားခြင်းမရှိသောမြေတွင် လက်ရှိပေါက်နေသော ပေါင်းပင်များပေါ်သို့ ဖျန်းသောဆေးဖြစ်သည်။ ဥပမာ… ဂလိုင်ဖေါက် ( Glyphosate ) ဇီးရိုး ( Paraquat )

    (ခ) မြေပေါ်ဖျန်း ပေါင်းသတ်ဆေး - သီးနှံပင်များ မစိုက်ပျိုးမီ သေချာစွာ မြေပြင်ဆင်ထားပြီး ပေါင်းမြက်ကင်းရှင်းသော မြေပေါ်သို့ ပက်ဖျန်းရသော ပေါင်းသတ်ဆေး ဖြစ်သည်။ ပေါင်းသတ်ဆေးဖျန်းပြီး မကြာမီ ခပ်တိမ်တိမ်ထွန်ယက်ပြီး မြေကြီးနှင့် ရောမွှေပေးရသည်။ ဤပေါင်းသတ်ဆေးမျိုးသည် နေရောင်ခြည်ကြောင့်လည်းကောင်း၊ အပူရှိန်ကြောင့်လည်းကောင်း ပျက်စီးဆုံးရှုံးလွယ်သဖြင့် မြေကြီးနှင့် ရောမွှေပေးရခြင်းဖြစ်သည်။ ဥပမာ… ပရိုဂိမ်း ( Pendimethalin )

    (၂) အပင်မပေါက်မီ ဖျန်းသော ပေါင်းသတ်ဆေး

    ပေါင်းပင်မပေါက်မီ မြေပေါ်သို့ ပက်ဖျန်းသော ပေါင်းသတ်ဆေးဖြစ်သည်။ မြေထဲသို့ သီးနှံမျိုးစေ့များ ချစိုက်ထားပြီး သီးနှံမပေါက်မီသော်လည်းကောင်း၊ သီးနှံပေါက်ပြီးချိန်သော်လည်းကောင်း ဖြစ်နိုင်သည်။ စပါးပျိုးထောင်စိုက်စနစ်တွင် ရွှေ့စိုက်ပြီး ပေါင်းမပေါက်မီအချိန် ဖြစ်နိုင်သည်။

    ဥပမာ… ပေါင်းရှင်း ( Pretilachlor ) ဆန်းရှင်း ( Bensulfuron ) ပေါင်းမင်း ( Oxadiazon ) အောက်စီ-စတား ( Oxyfluorfen ) ပေါင်းစင် ( Atrazine )

    (၃) အပင်ပေါက်ပြီးမှဖျန်းသော ပေါင်းသတ်ဆေး သီးနှံပင်နှင့် ပေါင်းပင် ပေါက်ပြီးချိန်တွင်ဖျန်းသော ပေါင်းသတ်ဆေး ဖြစ်သည်။ ဥပမာ… ဒီ-မင်း ( 2,4 – D ) စူပါရိုက်စ် ( Quinclorac ) ပီဇာ ( Quizalofop ) ပီကာ ( Fomesafen )

    ဇီဝအကျိုးသက်ရောက်မှုပေါ် မူတည်၍ ခွဲခြားခြင်း

    (၁) အကျိုးသက်ရောက်ရာ နေရာပေါ်မူတည်၍ နှစ်မျိုးခွဲခြားနိုင်သည်။

    (က) ထိသေပေါင်းသတ်ဆေး ဆေးပက်ဖျန်းသည့် နေရာသာ သေသည့် ပေါင်းသတ်ဆေးဖြစ်သည်။ ဥပမာ… ဇီးရိုး ( Paraquat )

    (ခ) ပင်လုံးပြန့် ပေါင်းသတ်ဆေး ။ ဆေးပက်ဖျန်းသည့် နေရာမှ တစ်ပင်လုံးသို့ပြန့်၍ မြေအောက်အမြစ်၊ ကျူဘာ၊ ရိုင်ဇုမ်းတို့အထိ ရောက်ရှိသောဆေး ဖြစ်သည်။ နှစ်ရှည်ပေါင်းများ နှိမ်နင်းရာတွင် ထိရောက်မှုရှိသည်။ ဥပမာ… ဂလိုင်ဖေါက် ( Glyphosate )

    (၂) ရွေးချယ်အာနိသင်ပေါ်မူတည်၍ နှစ်မျိုးခွဲခြားနိုင်သည်။

    (က) ရွေးချယ်အာနိသင်မဲ့ ပေါင်းသတ်ဆေး ။ ရွေးချယ်အာနိသင်မဲ့ ပေါင်းသတ်ဆေးသည် ပေါင်းပင်သာမက သီးနှံပင်ကိုပါ သေစေနိုင်သည်။ ဥပမာ… ဇီးရိုး ( Paraquat ) ဂလိုင်ဖေါက် ( Glyphosate )

    (ခ) ရွေးချယ်အာနိသင်ရှိ ပေါင်းသတ်ဆေး ။

    ရွေးချယ်အာနိသင်ရှိ ပေါင်းသတ်ဆေးသည် ပေါင်းပင်ကိုသာ သေစေ၍ သီးနှံပင်ကို မသေစေပါ။ ဥပမာ… ဒီ-မင်း ( 2,4 – D ) ပေါင်းရှင်း ( Pretilachlor ) ဆန်းရှင်း ( Bensulfron ) အောရိုက် (Fenoxaprop+Quinclorac+PSE) ပေါင်းကင်း ( Bispyribac ) စူပါရိုက်စ် ( Quinclorac ) ပီဇာ ( Quizalofop ) ပီကာ ( Fomesafen ) ရှင်းရှင်း ( Imazethapyr ) ပေါင်းမင်း ( Oxadiazon ) အောက်စီ-စတား ( Oxyfluorfen ) ပေါင်းစင် ( Atrazine ) ပရိုဂိမ်း ( Pendimethalin )

    ပေါင်းသတ်ဆေး သုံးစွဲရာတွင် သတိပြုရမည့် အချက်များ

    ၁။ ပေါင်းသတ်ဆေး ရွေးချယ်မှု မှန်ကန်ရမည်။ စိုက်ပျိုးသောသီးနှံနှင့် ပေါက်ရောက်သော ပေါင်းအမျိုးအစားအလိုက် ကိုက်ညီသောဆေး ဖြစ်ရမည်။

    ၂။ သင့်တော်မှန်ကန်သော ဆေးနှုန်းထား ဖြစ်ရမည်။ ဆေးပုလင်း/ဆေးဘူးတွင် ပါရှိသည့် အညွှန်းအတိုင်း ပက်ဖျန်းရမည်။

    ၃။ ပက်ဖျန်းချိန် မှန်ရမည်။ ပေါင်းပင်နှင့် သီးနှံပင် သက်တမ်း/အခြေအနေကို ညွှန်ကြားသည့်အတိုင်း ပက်ဖျန်းရမည်။

    ၄။ ပတ်ဝန်းကျင် အခြေအနေ မှန်ရမည်။ လေဆန်၍ မဖျန်းရ။ လေတိုက်သောနေ့၊ မိုးရွာသောနေ့ မဖျန်းရပါ။

    ၅။ မြေမျက်နှာပြင်ညီညာ၍ ရေသွင်းရေထုတ်ချိန် မှန်ကန်ရမည်။

    ၆။ ဆေးဖျန်းရာတွင် အသုံးပြုမည့်ရေသည် ကြည်လင်ရမည်။

    ၇။ ဆေးအမျိုးအစားကိုလိုက်၍ ဆေးဖျန်းပြီး သုံးနာရီမှ ခြောက်နာရီအတွင်း မိုးလွတ်ရမည်။

    ၈။ သင့်တော်သော ဆေးဖျန်းခေါင်း သုံးပါ။ ပင်လုံးပြန့်နှင့် မြေပေါ်ဖျန်းဆေးအတွက် ယပ်တောင်ပုံနှင့် ထိသေဆေးအတွက် ပိုးသတ်ဆေးဖျန်းခေါင်းကို သုံးနိုင်သည်။

    ၉။ ဆေးတစ်မျိုးတည်း ဆက်တိုက်သုံးစွဲပါက ပေါင်းသတ်ဆေးဒဏ်ခံနိုင်သော ပေါင်းမျိုးစိတ်များနှင့် နှိမ်နင်းရခက်သော ပေါင်းများပေါ်ပေါက်လာနိုင်သဖြင့် ဖြစ်နိုင်ပါက ဆေးအုပ်စုမတူသော ဆေးများကို ပြောင်းလဲသုံးစွဲပါ။

    ၁၀။ ပေါင်းသတ်ဆေး (၂)မျိုး(၃)မျိုးသုံးခြင်းသည် တစ်မျိုးတည်းသုံးခြင်းထက် ပို၍အာနိသင် ထက်မြက်သည်။ သို့သော် ဆေးနှုန်းထားရောစပ်ပုံများ လွဲမှားနိုင်သဖြင့် အသင့်အရောကိုသာ ဝယ်ယူသုံးစွဲသင့်သည်။

    ၁၁။ ပေါင်းသတ်ဆေးပုံး သီးသန့်ထားရန်အပြင် မဖျန်းမီနှင့် ဖျန်းပြီးချိန်တွင် ဆေးဖျန်းပုံးကို သေချာစွာ ဆေးကြောပြီးမှ သုံးပါ။ ၁၂။ မြေပေါ်ဖျန်း ပေါင်းသတ်ဆေး အသုံးပြုရာတွင် ဆေးဖျန်းခေါင်းနှင့် မြေကြီးအကွာအဝေး တစ်ပေကွာ၍ ဖျန်းပြီး အရွက်ဖျန်းပေါင်းသတ်ဆေး အသုံးပြုရာတွင် ဆေးဖျန်းခေါင်းနှင့် အပင်ထိပ်ဖျား အကွာအဝေး တစ်ပေခြား၍ ဖျန်းရမည်။ အထက်ပါ ကာကွယ်နှိမ်နင်းနည်းလမ်းများ အားလုံးတွင် ကောင်းကျိုးနှင့် ဆိုးကျိုး ဒွန့်တွဲနေပါသည်။ ကာကွယ်နှိမ်နင်းခြင်းနည်း တစ်မျိုးတည်းသုံးခြင်းဖြင့် ပတ်ဝန်းကျင် အခြေအနေအားလုံးတွင် ပြီးပြည့်စုံစွာ မနှိမ်နင်းနိုင်ပါ။ ထို့ကြောင့် မိမိတို့ဒေသအတွင်းတွင် ဆောင်ရွက်နိုင်သော အထိရောက်ဆုံးနှင့် ကုန်ကျစရိတ် အသက်သာဆုံး နည်း ၂ မျိုး(သို့မဟုတ်) ၂ မျိုးထက်ပို၍ စုပေါင်းသုံးစွဲသော ဘက်စုံပေါင်းကာကွယ်နှိမ်နင်းနည်း ( Integrated Weed Management ) သာလျှင် ရေရှည်တည်တန့်သော ပေါင်းကာကွယ်နှိမ်နင်းနည်း ဖြစ်ကြောင်း သိရှိထားရမည်ဖြစ်ပါသည်။

    Source : PP ( MOA ), Htwettoe Crop Guide

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes11comments5
views2526
cover
cover
cover
cover
cover