cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မရမ်းပင် စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
မြေစေးဆန်သော နုန်းမြေ၊ ပူအိုက်စွတ်စိုသော ရာသီဥတုတို့ကို နှစ်သက်သည်။ သင့်တော်သော မိုးရေချိန် မှာ ၅၀ မှ ၁၅၀ လက်မ ဖြစ်သည်။
  • မြန်မာအမည် – မရမ်း

    အင်္ဂလိပ် အမည် – MARIAN TREE

    ရုက္ခဗေဒအမည် – Bouea burmanica

    မျိုးရင်းအမည် – ANACARDIACEAE


    ၁။ မရမ်းမျိုးများ

    မရမ်းသီးကို အရသာအလိုက် အချိုမျိုးနှင့် အချဉ်မျိုး ဟူ၍ နှစ်မျိုး ခွဲထားပါသည် ။


    ၂။ စိုက်ပျိုးသည့်ဒေသ

    မန္တလေးတိုင်း ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း ၊ မွန်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ တနင်္သာရီတိုင်း တို့ တွင် စိုက်ပျိုးဖြစ်ထွန်းသည်။


    ၃။ ရေမြေရာသီဥတု

    မြေစေးဆန်သော နုန်းမြေ၊ ပူအိုက်စွတ်စိုသော ရာသီဥတုတို့ကို နှစ်သက်သည်။ သင့်တော်သော မိုးရေချိန် မှာ ၅၀ မှ ၁၅၀ လက်မ ဖြစ်သည်။


    ၄။ ပျိုးထောင်နည်း

    မရန်းသီး မျိုးကောင်းကိုရွေးကာ သီးမှည့်၏ အခွံကို သင်ပစ်ပြီး အသားမဖယ်ဘဲ ပြာလူးကာ အရိပ်အောက်တွင် သုံးရက်ခန့် ဖြန့် ပြီး ပျိုးထောင်ရပါသည်။ ပျိုးသက်တစ်နှစ်ကျော် မှ စိုက်လေ့ရှိသည်။

    စိုက်ကျင်း နှစ်ပေပတ်လည် စိုက်တန်းအကွာအဝေး ၃၀×၃၀ ပေ၊ စိုက်စနစ် တစ်ဧကလျှင် သီးသန့် စိုက်ပါက ၄၈ ပင် နှုန်းထားလေ့ရှိသည် ။


    ၅။ မြေသြဇာကျွေးနည်း

    ကြီးထွားမှုနှေးသောအပင်မျိုးဖြစ်ကာ အပင်ငယ်တစ်ပင်လျှင် နွားချေးတစ်တင်းနှုန်း ၊ အပင်ကြီးလျှင် သုံးတင်းနှုန်း ထည့်ပေးသင့်ပါသည်။ ဝင်ငွေနှင့် တွက်၍ စီးပွားရေး တွက်ခြေကိုက်မည်ဆိုပါက ယူရီးယား ၊ တီစူပါ၊ ပိုတက်ရှ် ၁း ၂း ၁ ရောကာ အပင်ငယ်လျှင် တစ်ပေါင်နှုန်း အပင်ကြီးလျှင် နှစ်ပေါင်နှုန်း ထည့်ပေးသင့်ပါသည်။


    ၆။ အပင်ပြုစုနည်း

    ကိုင်းခြောက်ရှင်းပေးခြင်း ၊ သုံးနှစ်သားအပင်ထိ ရေသွင်းပေး ခြင်း ၊ လောင်းရိပ်များရှင်းပေးခြင်း တို့ကို ဆောင်ရွက် ပေးရပါမည်။ မတ်လနှင့် ဇွန်လတွင် အသီးရင့်မှည့်တတ်သဖြင့် ဈေးကောင်းရစေရန်နှင့် အသီးစောစောရစေရန် ရေနှင့် မြေသြဇာကျွေးခြင်းကို မိုးပြတ်သောရာသီမှစ၍ ဆောင်ရွက်ပေးရပါမည် ။


    ၇။ အထွက်နှုန်း

    စိုက်ပျိုးပြီး ခုနစ်နှစ်ကြာလျှင်အသီးစတင်ဆွတ်ခူးနိုင်ပြီးရရှိနိုင်သောသီးထွက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


    အပင်ငယ်တစ်ပင် မှ အလုံး ရေ ၅၀၀၀ မှ ၇၀၀၀ ထိ။

    အပင်ကြီးတစ်ပင်မှ အလုံး ရေ ၂၀၀၀၀ မှ ၃၀၀၀၀ ထိ ရနိုင်ပါသည် ။

    Source : လယ် /ဆည်

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/

    (ထွက်တိုးဆော့ဝဲလ်၊ တယ်လီဂရမ် အသုံးပြုရာတွင် VPN မလိုအပ်ပါ)


  • article
likes
7
comments
0
views
2101
cover
cover
cover
cover
cover