cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ထားသည့်အတွက် ကြက်သွန်နီစျေး ကျဆင်းလာ

. ဈေးကွက်သတင်းများ
လက်ရှိ ပြည်တွင်း စျေးကွက် တစ်ခုရှိနေ၍သာ လုပ်ငန်း အနည်းငယ် လည်ပတ်နေရခြင်းဖြစ်ကြောင်း သိရသည်။
  • ပြည်ပသို့ အဓိက တင်ပို့နေသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ အခက်အခဲရှိနေသည့်အတွက် ကြက်သွန်နီစျေးများ ကျဆင်းသွားကြောင်း သိရသည်။

    လက်ရှိ ပြည်တွင်း စျေးကွက် တစ်ခုရှိနေ၍သာ လုပ်ငန်း အနည်းငယ် လည်ပတ်နေရခြင်းဖြစ်ကြောင်း သိရသည်။

    “စျေးက ကျသွားတယ်။ အဓိက တင်ပို့နေတဲ့ နိုင်ငံတွေရဲ့ လမ်းကြောင်းတွေ ပိတ်သွားတယ် ။ ပိတ်တော့ လိုသလောက် တင်ပို့လို့ မရဘူး။ အဓိက ဘင်္ဂလားဒေ့ရှ်ကို ပို့တဲ့ လမ်းကြောင်း ပိတ်တော့ ဘင်္ဂလားဒေ့ရှ်ကို အိန္ဒိယက ဝင်ပို့တယ်။ ပို့တော့ ပြည်တွင်းက ယှဉ်မပို့နိုင်ဘူး။ အဲ့ဒီတော့ စျေးတွေ ကျသွားတယ်။ ဝယ်ထားတဲ့ပစ္စည်းတွေကလည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် တင်မရဘူး ဖြစ်နေကြတယ်” ဟု ကြက်သွန် ကုန်သည်တစ်ဦးက ပြောသည်။

    ထို့ကြောင့် ယခင်က တောစျေး တစ်ပိဿာလျှင် ၂၀၀၀ ကျော် ထိရှိခဲ့ရာမှ ယခု တောစျေး တစ်ပိဿာလျှင် ၁၇၀၀ စျေးသာ ရှိတော့ကြောင်း သိရသည်။

    “မိုးတွင်း အနည်းငယ် ကျလေ့ရှိပေမဲ့ ဒီနှစ်က ရာသီဥတုကြောင့် ပျက်စီးတာနဲ့ တခြား အခက်အခဲတွေ ကြောင့် အထွက်နှုန်း ကျနေတဲ့အတွက် ကုန်အနေအထားက ဒီနှစ် အဝင်နည်းတယ်။ သိုလှောင်ထား တဲ့သူတွေ ဆီမှာလည်း တော်တော်များများ ပုပ်ကုန်ကြတယ်။ အခုက ပြည်ပတင်ပို့မှု လမ်းကြောင်း အခက်အခဲတွေကြောင့် စျေးကျသွားတာ။ သွင်းအားစုတွေ ၊ မြေဩဇာတွေ၊ အလုပ်သမားခတွေ အစစအရာရာစျေး တက်နေတော့ စိုက်စရိတ်က မြင့်သွားတယ်၊ ဒါကြောင့် ပြန်ရတဲ့ အမြတ်အစွန်းကတော့ နည်းတာပေါ့။ “ ဟု မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှ ကြက်သွန်စိုက်တောင်သူ တစ်ဦးကပြောသည်။

    လက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ဆိပ်ဖြူ တစ်ပိဿာလျှင် ၁၆၀၀ကျပ် မှ ၂၂၀၀ ကျပ် သာရှိပြီး မြင်းခြံ တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ၂၁၀၀ ကျပ် ဝန်ကျင်း သာ ပေါက်စျေးရှိတော့ ကြောင်း သိရသည်။

    ဒါ့အပြင်ကြက်သွန် ကုန်စည်ဒိုင် များ အပါအဝင် ပွဲရုံများ နှင့် ကုန်သည်များ တွင် ကြက်သွန်ပိဿာချိန် သိန်း နှင့် ချီပြီး စုပြုံနေခြင်းများလည်းရှိကြောင်း သိရသည်။

    မိုးများဆက်တိုက်ရွာသွန်းလာပါက သိုလှောင်ထားသည့် ကြက်သွန်နီများ ရေဝင်ကာ အရည်အသွေးကျပြီး ပုပ်ကုန်နိုင်ကြောင်းလည်း သိရသည်။

    ကြက်သွန်နီကို တရုတ်၊ မြဝတီ နှင့် ဘင်္ဂလာဒေ့ရှ် နိုင်ငံများသို့ အဓိက တင်ပို့နေကြခြင်းဖြစ်ပြီး လက်ရှိ ကချင်ပြည်နယ် ၌ တိုက်ပွဲဖြစ်နေသည့် အပြင် ကျုံအိတ်တံတားနဲ့ ဘီးလင်းတံတားမှာလည်း မိုင်းခွဲခံထားရသည့် အတွက် အသုံးပြုလို့ မရသောကြောင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံကို ကြက်သွန်တင်ပို့မှုတွေ ရပ်နားထားရကြောင်းလည်း သတင်းရရှိသည်။

    လတ်တလောတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့် သွင်အားစုများ စျေးကြီးနေသောကြောင့် သယ်ယူပို့ဆောင်ရေး အပါအဝင် အခြားအခက်အခဲများစွာရှိကြောင်း သိရသည်။

    ထိုကဲ့သို့ ဆက်ဖြစ်နေဦးမည်ဆိုပါက ကြက်သွန်ဈေးနှုန်း ထပ်မံ ကျဆင်းလာနိုင်ပြီး ဈေးပြန်လည်ရရှိနိုင်ရန် မလွယ်ကြောင်း သုံးသပ်ကြသည်။

    ဖိုးချဲ(AMIA)

    Exclusive content for Htwet Toe

    -----

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes11comments0
views1538
cover
cover
cover
cover
cover