cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဈေးမြင့်တက်၍ ရာဘာ တင်ပို့နိုင်မှု လျော့နည်း

. ဈေးကွက်သတင်းများ
ပြည်တွင်းစျေး တစ်ပေါင်လျှင် ၂၀၀၀ မှ ၂၃၀၀ အထိ ပေါက်စျေးရှိကြောင်း မြန်မာနိုင်ငံရာဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှ သိရသည်။
  • ရာဘာ ပေါက်ဈေး မြင့်တက်၍ အတက်ဈေးဖြင့် ပြည်ပ တင်ပို့ပါက အရှုံးနှင့် ရင်ဆိုင်နေရသော ကြောင့် ပြည်ပတင်ပို့မှု လျော့နည်းသွား ကြောင်း ရာဘာလုပ်ငန်းရှင်များထံ မှ သိရသည်။

    လက်ရှိ အတက်ဈေးဖြင့် ပြည်ပတင်ပို့မည် ဆိုပါက တရားမဝင် တင်ပို့နေသူများသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ရာဘာကုန်သည်အချို့က ဆိုသည်။

    “Export အတွက်ကတော့ ပို့ရင် ရှုံးမှာပဲ၊ အခုတင်ပို့နေကြတယ်ဆိုတာ ၁၅၀၀ လောက် နဲ့ ဝယ်ထားတဲ့ ရာဘာတွေသာ တင်ပို့နိုင်တာ။ အခု ပေါက်စျေးနဲ့ က တွက်ခြေ မကိုက်ဘူး အရှုံးခံပြီးတော့ တချို့တွေ မပို့ကြတော့ဘူး။ ခြံတွေလည်း ပိတ်ကုန်ပြီ “ ဟု ရာဘာလုပ်ငန်းရှင်တစ်ဦး ကပြောသည်။

    လက်ရှိတွင် ကန်ထရိုက် စာချုပ်ဖြင့် စာချုပ် ချုပ်ဆိုထားသည့် exporter များသာ မဖြစ်မနေ အရှုံးခံ၍ တင်ပို့နေရခြင်းဖြစ် ကြောင်းလည်း သိရသည်။

    အမှန်တကယ်တရားဝင်တင်ပို့ နေသူများမှာ နိုင်ငံတော်မူဝါဒအရ တရားဝင် တင်ပို့နေသည့် လုပ်ငန်းရှင် အဖို့ အဆင်မပြေ၍ လက်ရှိတွင် တင်ပို့ နိုင်မှု မရှိကြောင်း သိရသည်။

    လက်ရှိ ရာဘာ ပေါက်စျေးဟူ၍ မသတ်မှတ်ပဲ ကြိုက်စျေး ခေါ်၍ ရောင်းချနေကြပြီး ပြည်တွင်းစျေး တစ်ပေါင်လျှင် ၂၀၀၀ မှ ၂၃၀၀ အထိ ပေါက်စျေးရှိကြောင်း မြန်မာနိုင်ငံရာဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှ သိရသည်။

    “ မိုးတွင်းရောက်မှ စျေးတက်တော့လဲဘာမှမထူး၊ ခြံပိုင်ရှင် နဲ့ တနိုင်တပိုင် လုပ်တဲ့ သူတွေက ရောင်းစားလို့ ကုန်နေပြီ လှောင်လက်တွေ ဒိုင်တွေအတွက် စျေး တက်ပေးတယ်လို့ ပြောရမှာပဲ ။ မိုးတွင်း ခြံတွေလဲ ပိတ်ထားရပြီ ။ “ ဟု မော်လမြိုင်မှ ရော်ဘာလုပ်ငန်းရှင်တစ်ဦး ကပြောသည်။ မိုးရာသီ ခြံ ပိတ်ရာသီ ရောက်မှသာ ရာဘာစျေး တက်နေသည့်အတွက် ရာဘာစိုက် တောင်သူများ အဖို့ အဆင်မပြေကြောင်း လှောင်လက်များ နှင့် ဒိုင်များအတွက်သာ အဆင်ပြေနိုင်ကြောင်း သိရသည်။

    မိုးများ ဆက်တိုက်ရွာနေသည့် အတွက် ရာဘာခြံလုပ်ငန်းများ ရပ်နားထားကျပြီး ရာဘာလက်ကျန်များ မှာလည်း လှောင်ကုန်သည်များ လက်ထဲသာရှိတော့ကြောင်း သိရသည်။

    မိုးရာသီ၌ အစေးခြစ်ရက်ယူနိုင်သော ကာလလျော့နည်းသည့်အတွက် အထွက်နှုန်းလည်း သိသိသာသာလျော့နည်းလေ့ရှိပြီး မိုးရာသီကာလအတွင်း မိုးကာအုပ်အစေးခြစ်ခြင်းစနစ် ဖြင့်ဆောင်ရွက်ပါက ရာဘာအစေးခြစ်ရက် ပိုမိုရရှိနိုင်ကြောင်းလည်း သုံသပ်ထားကြသည်။

    လက်ရှိတွင် မြန်မာ့ရာဘာ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းခန့်အား တရုတ်နိုင်ငံသို့ အဓိကနေပြီး မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့မှုများရှိကြောင်း သိရသည်။

    ရာဘာကို တစ်နိုင်ငံလုံး စိုက်ဧက တစ်သန်း ခြောက်သိန်းလေးသောင်းကျော် ထိရှိပြီး ပြည်ပနိုင်ငံများသို့ နှစ်စဉ် ရာဘာတန်ချိန် သုံးသိန်းခန့် တင်ပို့လျက်ရှိကြောင်း သိရသည်။

    ဖိုးချဲ(AMIA)

    Exclusive content for Htwet Toe

    -----

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes8comments0
views4416
cover
cover
cover
cover
cover