cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေပဲမှာသတိထားစရာ ဖိုးလမင်းကျိုင်း

. ပိုးမွှား
ဖိုးလမင်းကျိုင်းတွေဟာ အပင်ငယ်များနှင့် အပင်ပေါက်လေးများကို ညှိုးနွမ်းသွားစေပါတယ်။ ကျခါစမှာ အရွက်များ အစိမ်းဖျော့ရောင် ပြောင်းလာကာ နောက်ပိုင်းမှာတော့ ယိုင်လဲညှိုးနွမ်းပြီး၊ သေဆုံးသွားစေပါတယ်။
  • မြေပဲမှာသတိထားစရာ ဖိုးလမင်းကျိုင်း 

    ဘဝစက်ဝန်း 

    * ဥ - သေးငယ် ဝိုင်းစက်သည့် အဖြူရောင်ဥငယ်များကို မြေစိုင်မြေခဲများအကြားမှာ တွေ့ရတတ်ပါတယ်။ 

    * လောက်ကောင် - အဖြူရောင် ကိုယ်ထည်မှာ စီ ပုံစံရှိပြီး၊ ဦးခေါင်းမှာမူ အညိုရောင်ဖြစ်ပါတယ်။ ခြေချောင်း သုံးစုံ ပါရှိပါတယ်။ 

    * အရွယ်ရောက်ကောင် - အကောင်ကြီးအများစုဟာ အဝါရောင်မှ နီညိုရင့်ရောင်၊ ထိုမှတဆင့် အနက်ရောင်သို့ ပြောင်းကာ ရှည်လျားပြီး သန်မာကြီးထွားတဲ့ မဲပြောင်ပြောင် ပုံသဏ္ဍာန်ရှိပါတယ်။ 

    ဖျက်ဆီးမှု လက္ခဏာများ 

    -ဖိုးလမင်းကျိုင်းတွေဟာ အပင်ငယ်များနှင့် အပင်ပေါက်လေးများကို ညှိုးနွမ်းသွားစေပါတယ်။ ကျခါစမှာ အရွက်များ အစိမ်းဖျော့ရောင် ပြောင်းလာကာ နောက်ပိုင်းမှာတော့ ယိုင်လဲညှိုးနွမ်းပြီး၊ သေဆုံးသွားစေပါတယ်။ လောက်ကောင်များဟာ မြေပဲတောင့်များကို အပေါက်များ ဖောက်ပစ်သောကြောင့် ရောင်းပန်းကျစေပါတယ်။ ကျိုင်းကောင်များဟာ အရွက်များကို စားသောက်တဲ့ ပိုးများဖြစ်ပြီး ထိပ်ဖျားဖူးများနဲ့ အရွက်နုလေးများကိုပါမချန် စားသောက် ဖျက်ဆီးလေ့ရှိပါတယ်။ 

    -အချို့မျိုးစိတ်များဟာ အပင်အမြစ်များကို စားသောက်ကာ အပင်များကို ဝါဖျော့ခြောက်သွေ့ သွားစေပါတယ်။ အချို့ အပင်များကိုတော့ ညှိုးနွမ်းသွားစေပြီး ဒီအပင်များကို အလွယ်တကူ ဆွဲနုတ်လို့ရနေမှာ ဖြစ်ပါတယ်။ အခုလို မြေပဲပင်များရုတ်တရတ် ညှိုးနွမ်းသွားခြင်းဟာ စဦး လက္ခဏာများ ဖြစ်ပါတယ်။ အရွယ်ရောက် ကျိုင်းကောင်များ ကျရောက်သည့်အခါမှာတော့ အပင်က အရွက်များကို ကြွေကျစေပါတယ်။ 

    ကာကွယ်နှိမ်နှင်းခြင်း 

    စိုက်ပျိုးနည်းစနစ်များဖြင့် ကာကွယ်နှိမ်နှင်းခြင်း 

    * နှံစားပြောင်း၊ ပြောင်း၊ ကြက်သွန်နီ စတဲ့ ထောင်ချောက်ပင်များကို စိုက်ပျိုးခြင်းဖြင့် ဖိုးလမင်းကျိုင်း ကျရောက်မှုကို လျှော့ကျစေနိုင်ပါတယ်။ 

    * မြေပြင်ချိန်တွင် အမိုးနီးယားနဲ့ ယူရီးယား စတဲ့ နိုက်ထရိုဂျင် ဓာတ်မြေသြဇာကို နှုန်းထားများများ အသုံးပြုခြင်းဖြင့်လည်း အကောင်ငယ်အဆင့် လောက်ကောင်များကို နှိမ်နင်းနိုင်ပါတယ်။ 

    ဇီဝနည်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း 

    ကပ်ပါး နဂျီကောင်၊ ကပ်ပါး ယင်ကောင်၊ ကပ်ပါး မှိုစတဲ့ သဘာဝ မိတ်ဆွေပိုးများနဲ့ ဖိုးလမင်းကျိုင်းများကို နှိမ်နင်းနိုင်ပါတယ်။ စိုက်ပျိုးရေးဝန်ထမ်းများကို ဆက်သွယ်ပြီး သင့်တော်သည့် ဇီဝကပ်ပါးကောင်များကို ရွေးချယ်ကာ စိုက်ခင်းအတွင်း လွှတ်ပေးခြင်းဖြင့်လည်း ဖိုးလမင်းကျိုင်းများကို နှိမ်နင်းနိုင်ပါတယ်။ 

    ဘက်စုံကာကွယ်နှိမ်နှင်းခြင်း နည်းစနစ်များ 

    * အပင်များကို လှုပ်ခါယမ်းပြီး မြေပေါ်ကျလာတဲ့ အရွယ်ရောက် ကျိုင်းကောင်များကို ကောက်ယူဖျက်ဆီးပေးပါ။ 

    * ညအချိန်မှာ မီးထောင်ချောက်များနဲ့ အရွယ်ရောက် ကျိုင်းကောင်များကို မျှားခေါ်ပြီး ဖယ်ရှားနှိမ်နင်းနိုင်ပါတယ်။ 

    * စိုက်ခင်းကို ပေါင်းကင်းရှင်းအောင် ထားပါ။ 

    * သီးလှည့်စိုက်စနစ်ကို အသုံးပြုပေးပါ။ 

    * စိုက်ခင်းကို ထယ်ရေးနက်နက်နှင့် ထွန်းရေးညက်အောင် မြေပြုပြင်ပါ။ မိုးရာသီလယ်မြေများတွင် ဘောင်စနစ်ဖြင့် စိုက်ပျိုးသင့်ပါသည်။ 

    ဓာတုနည်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း 

    စိုက်ပျိုးမြေပြုပြင်ချိန်ကတည်းက Thiamethoxam, Dinotefuran, Fipronil ထည့်ပြီးမြေပြုပြင်ပါ။ (မြန်မာစာဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပေးပါ) 

    ကိုးကား- စိုက်ပျိုးနည်းပညာ၊ Plant Protection Division 


  • article
  • article
  • article
  • article
likes10comments0
views2658
cover
cover
cover
cover
cover