cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိုးသီးနှံစိုက်ခင်းများတွင်ပေါင်းပေါက်ရောက်မှုအပေါ်လိုက်နာဆောင်ရွက်ရမည့်အချက်များ

. ပေါင်းမြက်
အပင်မပေါက်မီသုံးသောဆေးအား မျိုးစေ့ချပြီး (၀-၆) ရက်အတွင်း အသုံးပြုရန်နှင့် စိုက်ပြီး (သို့) မျိုးစေ့ချပြီး (၂၁) ရက်အကြာတွင် ထပ်မံပေါက်သောပေါင်းများအား ပေါင်းအမျိုးအစား အလိုက် သီးနှံအလိုက် ရွေးချယ်ပေါင်းသတ်ဆေးအသုံးပြုရန်
  • မိုးသီးနှံစိုက်ခင်းများ၌ ပေါင်းပင်များ၏ယှဉ်ပြိုင်မှုသည် အစိုဓာတ်များပြားသည့်အခြေအနေတွင် ပိုမိုပြင်းထန်သောကြောင့် ပေါင်းပင်များ၏ ကြီးထွားမှုကိုကောင်းစွာနှိမ်နင်းရန် လိုအပ်ပါသည်။ ထို့အပြင် မိုးရွာသွန်းမှုကြောင့် ပေါင်းစေ့များအညှောင့်ပေါက်မှုကို အားပေးပြီး စဉ်ဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ပေါင်းပင်အများစုသည် မိုးရာသီတွင် ထူထပ်စွာ ပေါက်ရောက်လေ့ရှိသဖြင့် မိုးသီးနှံစိုက်ခင်းများတွင် ပေါက်ရောက်သောပေါင်းများအားကြိုတင်ကာကွယ်နှိမ်နင်းနိုင်မှုပြုရန် အရေးကြီးပါသည်။ 

    သို့ဖြစ်ပါ၍ စိုက်ပျိုးနည်းလမ်းများအပါအဝင် ဘက်စုံပေါင်းကာကွယ်နှိမ်နင်းနည်းများ အသုံးပြုရန် အလေးထားဆောင်ရွက်သင့်ပါသည်။  

    • သီးနှံအလိုက် မျိုးရွေးချယ်ရာတွင် ယှဉ်ပြိုင်အားကောင်းသော အောင်မြင်သော မျိုးသန့်မျိုးစေ့များ အသုံးပြုရန်၊ 
    • ကောင်းစွာဆွေးမြေ့သော သဘာဝမြေဩဇာနှင့် လယ်ယာစွန့်ပစ္စည်းများ အသုံးပြုရန်၊     
    • ပေါင်းမျိုးစေ့နှင့် ပင်ပိုင်းဆိုင်ရာအစိတ်အပိုင်းများမှ မျိုးပွားခြင်းမရှိအောင် ဟန့်တားရန်၊ 
    • လယ်ယာသုံးကိရိယာများမှ မပြန့်ပွားစေရန်အတွက် တစ်ခင်းမှတစ်ခင်းသို့ကူးရာတွင် သေချာစွာသန့်ရှင်းရန်၊ 
    • မစိုက်ခင်ထွန်ယက်ပြီး မြေပေါ်တွင် အမြန်ကြီးသော ပဲမျိုးရင်းဝင်ပင်များ ( ဥပမာ ညံပင်၊ ပိုက်ဆံလျှော်၊ မြေနိမ့်ချယ်ရီ) စိုက်ပြီး ထယ်ထိုးထွန်မွှေခြင်းဆောင်ရွက်ရန် 
    • ပေါင်းစေ့များ နေရာင်ခြည်မရရှိစေရန်နှင့်ကြီးထွားမှုအဟန့်အတားဖြစ်စေရန်အတွက်ကောက်ရိုးပြတ်များဖြင့်ဖုံးအုပ်ခြင်းနည်းစနစ်အသုံးပြုရန် 
    • သီးနှံအလိုက် စိုက်ပျိုးနည်းလမ်းများဖြင့်ကာကွယ်ခြင်း(သီးညှပ်စိုက်ခြင်း၊ ကြားထွန် ဝင်ခြင်း၊ အပင်သားခွဲခြင်း၊ အပင်မှုန်းခြင်း၊ ဘောင်တင်ခြင်း) လုပ်ငန်းများအား အတန်း မပိတ်ခင်အထိ ဆောင်ရွက်ရန် 
    • သီးနှံပင်သက်တမ်းအစောပိုင်း(သီးနှံသက်တမ်း၏သုံးပုံတစ်ပုံ)အတွင်းတွင်ပေါင်းမြက်ရှင်းလင်းရန် 
    • ပင်ကြားတန်းကြားစိပ်စိပ်စိုက်ရန် 
    • ပေါက်ရောက်သောပေါင်းပင်အမျိုးအစားနှင့် သက်တမ်းပေါ်မူတည်၍ သင့်တော်သော ပေါင်း သတ်ဆေးကို သေချာစွာရွေးချယ်၍ အညွှန်းစာအတိုင်း မှန်ကန်သော ဆေးနှုန်းထား ကို အသုံးပြု၍ နှိမ်နင်းရန် 
    • အပင်မစိုက်မီ ပေါက်ရောက်သောပေါင်းများ .. တစ်နှစ်ခံနှင့်နှစ်ရှည်ပေါင်းများ) အတွက် ဂလိုင်ဖိုဆိတ် နှင့် တစ်နှစ်ခံပေါင်းများအတွက် ပါရာကွပ်အသုံးပြုရန် (ဆေးဖျန်းချိန်ကို ညနေပိုင်းဖျန်းခြင်းဖြင့် ဆေးနှုန်းထားနည်းနည်းသုံးပြီးနှင့်ဆေးအသုံးပြုပြီး (၇-၁၀) ရက်ကြာမှ စိုက်ပျိုးရန် (သို့) ထွန်ယက်ရန်။ 
    • ပြီးခဲ့သောရာသီက စိုက်ပျိုးသီးနှံတွင် အသုံးပြုသော ဆေးအညွှန်းစာတွင် သီးလှည့်စိုက်ရန်  
    • စောင့်ဆိုင်းရမည့်ကာလပါရှိသည့် သီးနှံများကို စိုက်ပါကအညွှန်းအတိုင်း လိုက်နာရန် 
    • မစိုက်ခင် မြေဖျန်းဆေးအသုံးပြုပါက မစိုက်ခင် ၂ ပတ်အလိုတွင် အသုံးပြုပြီးမှ စိုက်ပျိုးရန် (မြေဖျန်းဆေးအတွက် အစိုဓာတ်ရှိရန် လိုအပ်ပြီး မရှိပါကအသုံးပြုပြီး ၁ ပတ်အတွင်း သွင်းရေ (သို့) မိုးရေရရန် ဆောင်ရွက်ရန်) 
    • အပင်မပေါက်မီသုံးသောဆေးအား မျိုးစေ့ချပြီး (၀-၆) ရက်အတွင်း အသုံးပြုရန်နှင့် စိုက်ပြီး (သို့) မျိုးစေ့ချပြီး (၂၁) ရက်အကြာတွင် ထပ်မံပေါက်သောပေါင်းများအား ပေါင်းအမျိုးအစား အလိုက် သီးနှံအလိုက် ရွေးချယ်ပေါင်းသတ်ဆေးအသုံးပြုရန် 
    • ရွက်ဖျန်းပေါင်းသတ်ဆေး အသုံးပြုရန် ထိရောက်သောအချိန်မှာ အပူချိန် (၁၅-၂၅ စင်တီဂရိတ်) ရှိရန်၊ နံနက် (၈: ၀၀ ၉: ၀၀) နာရီခန့်နှင့် ညနေ (၃:၀၀ - ၄:၀၀) နာရီအတွင်းအသုံးပြုရန်ဖြစ်သည်။ 
    • ဆေးဖျန်းပြီးမိုးလွတ်ရမည့်ကာလကိုလည်း အညွှန်းပါအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်။ 

    Plant Protection Division (DOA) 


  • article
likes13comments0
views2673
cover
cover
cover
cover
cover