cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်  (မကွေးတိုင်းဒေသကြီး)   

. ရာသီဥတု သတင်းများ
မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်
  • ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့မှ (၉) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စလင်းမြို့နယ်မှာ မိုးရွာရန် ရာခိုင်နှုန်းနည်းနေပြီး အမြင့်ဆုံး ပျှမ်းမျှ အပူချိန်ဟာ ၃၃.၉ ဒီဂရီစင်တီဂရိတ်အထိ ရှိ နိုင်ပါတယ်။ ကျန်မြို့နယ်များဖြစ်သည့် ပွင့်ဖြူ၊ မင်းဘူးနဲ့ စေတုတ္တရာ မြို့နယ်များတွင် ဇူလိုင်လ ၄ ရက်နေ့နဲ့ ၅ ရက် နေ့တွေမှာ မိုးရွာနိုင်ခြေရှိပြီး ကျန်ရက်များတွင် ရွာနိုင်ခြေနည်းပါတယ်။ ပွင့်ဖြူ၊ မင်းဘူးနဲ့ စလင်းမြို့နယ်တွေမှာ အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၂.၇ ဒီဂရီစင်တီဂရိတ်အထိဘဲ ရောက်နိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

     ပွင့်ဖြူမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့မှ (၉) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၆၅)ရာခိုင်နှုန်းမှ (၉၄)ရာခိုင်နှုန်းရှိပြီး ဇူလိုင်လ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ မိုးအုံ့ခြင်း၊ တိမ်ထူခြင်းတွေ ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာနိုင်ခြေနည်းပါကြောင်း သတင်းပါး လိုပါတယ် ခင်ဗျာ။  

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃၂.၇ဒီဂရီစင်တီဂရိတ် ရှိပါကြောင်း သတင်းပါးလို ပါတယ် ခင်ဗျာ။ 

     မင်းဘူးမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့မှ (၉) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၆၅)ရာခိုင်နှုန်းမှ (၉၄)ရာခိုင်နှုန်းရှိပြီး ဇူလိုင်လ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ မိုးအုံ့ခြင်း၊ တိမ်ထူခြင်းတွေ ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာနိုင်ခြေနည်းပါကြောင်း သတင်းပါး လိုပါတယ် ခင်ဗျာ။  

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃၃ ဒီဂရီစင်တီဂရိတ် ရှိပါကြောင်း သတင်းပါးလို ပါတယ်ခင်ဗျာ။ 

     စလင်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့မှ (၉) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၄၀)ရာခိုင်နှုန်းမှ (၇၈)ရာခိုင်နှုန်းရှိတဲ့အတွက် မိုးရွာနိုင်ခြေနည်းပါကြောင်း သတင်းပါး လိုပါတယ် ခင်ဗျာ။  

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃၃.၉ ဒီဂရီစင်တီဂရိတ် ရှိပါကြောင်း သတင်းပါးလို ပါတယ်ခင်ဗျာ။ 

     စေတုတ္တရာမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့မှ (၉) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၅၅)ရာခိုင်နှုန်းမှ (၉၆)ရာခိုင်နှုန်းရှိပြီး ဇူလိုင်လ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ မိုးအုံ့ခြင်း၊ တိမ်ထူခြင်းတွေ ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာနိုင်ခြေနည်းပါကြောင်း သတင်းပါး လိုပါတယ် ခင်ဗျာ။  

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃၁.၃ ဒီဂရီစင်တီဂရိတ် ရှိပါကြောင်း သတင်းပါးလို ပါတယ်ခင်ဗျာ။ 

    စိုက်ပျိုးရေးအကြံပြုချက်    

    ယခုကာလဟာ ပေါင်းသတ်ဆေးဖြန်းရတဲ့ ကာလဖြစ်တာကြောင့် စပါး စိုက်ခင်းတွေမှာ ပေါင်းမြက် ဘယ်လိုရှင်းမလဲဆိုတဲ့အကြောင်း ရေးသားလိုက်ရပါတယ်။ 

    စပါးခင်း ပေါင်းဘယ်လိုရှင်းမလဲ 

    စိုက်ပျိုးပြီး ၁၅ -၂၅ ရက်သားအတွင်းပေါင်းနှိမ်ပါ။ 

    မြေသြဇာမကျွေးခင် ပေါင်းသင်ပေးပါ။ 

    ပေါင်းအမျိုးအစားကို မှန်ကန်အောင် ခွဲခြားပြီး မြန်မာစာ အညွှန်းပါတဲ့ တရားဝင် ပေါင်းသတ်ဆေးကို သုံးပါ။ 

     ဥပမာ - စပါးစိုက်ခင်းရှိ မြက်မျိုးနွယ်ဝင်၊ မြက်မုန်ညှင်း မျိုးနွယ်ဝင်နှင့် ရွက်ပြန့်ပေါင်းများ အတွက်  Fenoxaprop-p-ethyl 13%(ဖီနောက်ဇာပရော့ပီအီသိုင်း)+ Quinclorac 50%(ကွင်ကလိုရတ်) + Pyrazosulfuron ethyl 7%(ပိုင်ရာဇိုဆာဖျူရွန်အီသိုင်း)  ရေ ၄ဂါလံတစ်ပုံးတွင် ၄၀ ဂရမ်ထည့်သွင်းပြီး တစ်ဧက လျှင် ၂၀၀ ဂရမ် အသုံးပြုပါ။  

    -(သို့မဟုတ်) ကွင်ကလောရပ် + ဘန်ဆာဖျူရမ် မီသိုင်း Quinchlorac + Bensulfuron methyl 40% WP ကို ဆေးဖျန်းပုံးတပုံးလျှင် စားပွဲတင်ဇွန်း ၆ဇွန်းနှုန်း လယ်တစ်ဧကလျှင် ဆေးဖျန်းပုံး ၅ပုံးနှုန်းဖျန်းပါ။ 

    မြက်မျိုးရင်းဝင်ပေါင်းများအတွက် ဆိုင်ဟေလိုဖော့ ဗျူတိုင်း  Cyhalofop-butyl 10% EC ကို ရေ၄ဂါလန်ဝင် ဆေးဖျန်းပုံးတပုံးလျှင် စားပွဲတင်ဇွန်း ၇ ဇွန်းနှုန်း လယ်တစ်ဧကလျှင် ဆေးဖျန်းပုံး ၅ပုံးနှုန်းဖျန်းပါ။ ဆေးမဖြန်းခင် စပါးခင်းကို ရေထုတ်ပေးရပါ။ ပေါင်းသတ်ဆေး မဖြန်းခင်နဲ့ ဖြန်းပြီးနောက် ရရက်အကြာမှာ ပုလဲဓာတ်မြေသြဇာ မသုံးသင့်ပါဘူး။  

    ရွက်ဝိုင်းပေါင်းများကို 

    စပါး ၂၀-၂၇ ရက်သားဝန်းကျင်မှာ တူးဖိုးဒီ သုံးပေးပါ။ တစ်ဧကကို ၃၀၀-၅၀၀စီစီနှုန်းသုံးပါ။  

    Source:ထွက်တိုး 

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်    

    ယခုအပတ်အတွင်း အောက်ပါအချက်များကို လုပ်ဆောင်ရန် တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။ 

    - မိုးအုံ့၊ တိမ်ထူတဲ့ ရက်တွေမှာ အစာကျွေးခြင်းကို ရပ်ဆိုင်းထားရန်၊  

    - ကန်ရေ အောက်ဆီဂျင်ရရှိရေး ဆောင်ရွက်ပေးရန်၊ 

    - ရေချဉ်ဖန်နှုန်းကို စစ်ဆေးပေးရန်၊ 

    - ကန်ရေအပူချိန် ရုတ်တရက်ပြောင်းလဲခြင်းကို သတိပြုရန်၊ 

    - မျိုးငါးများထည့်သွင်းမည့်ကန်များအနေဖြင့် ကျန်းမာသန်စွမ်းသည့် မျိုးငါးများကို ရွေးချယ်ရန်၊ 

    Weather Source: CIAT   

    ------------------   

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက     

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download   

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483    

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။   


  • article
likes7comments0
views3330
cover
cover
cover
cover
cover