ဆီထွက်သီးနှံ (မြေပဲ) တွင်အဓိကျရောက်သောဖျက်ပိုးများနှင့်ကာကွယ်နှိမ်နင်းနည်းများ (၂)
၅။ ပျပိုး (Aphid)
(၁)စိုက်ခင်းပတ်ဝန်းကျင်ရှိပေါင်းမြက်များအားရှင်းလင်းပါ။
(၂) မီးခိုးမှိုင်းတိုက်ပေးပါ။
(၃) အဝါရောင်ပိုးဖမ်းထောင်ချောက်အားတစ်ဧကလျှင် (၃-၅) ခု အသုံးပြု ဖမ်းယူပါ။
(၄) မစိုက်မီမျိုးစေ့အား အင်မီဒါကလိုပရစ်/ သိုင်ရာမီသိုဇမ် (Imidacloprid/ Thiamethoxam) မျိုးစေ့လူးနယ်ဆေးဖြင့် ဆေးဘူး/ -အိတ်ပါ အညွှန်း အတိုင်း လူးနယ် စိုက်ပျိုးပါ။
(၅) ပင်လုံးပြန့်ပိုးသတ်ဆေးများအားဆေးဘူးပါအညွှန်းအတိုင်း အရွက် အောက်မျက်နှာ ပြင် ရောက်အောင်နှံ့နှံ့စပ်စပ် အလှည့်ကျ ပက်ဖျန်းပါ။
ဒိုင်မီသိုအိတ် (Dimethoate)
အက်စီတာမီပရစ် (Acetamiprid)
• ဒိုင်နိုတီဖျူရမ် (Dinotefuran)
ဖီပရိုနေး (Fipronil)
၆။ ယင်ဖြူ (Whitefly)
(၁) လက်ခံပင်များဖြစ်သော ပေါင်းမြက်နှင့် ပဲမျိုးရင်းဝင်အပင်များအား ဖယ်ရှားရှင်းလင်းပါ။
(၂) ပင်ကြွင်းပင်ကျန် အမှိုက်များကို မီးရှို့ဖျက်ဆီးပါ။
(၃) သီးလှည့်စိုက်ပါ။
(၄) အဝါရောင်ပိုးဖမ်းထောင်ချောက်အားတစ်ဧကလျှင်(၃-၅)ခု အသုံးပြု ဖမ်းယူပါ။
(၅)ယင်ဖြူမှထုတ်သောဖယောင်းလွှာများအားအရည်ပျော်စေရန်ဆပ်ပြာ ဖျော်ရည်အားအရွက်အောက်မျက်နှာပြင်ရောက်အောင်ပက်ဖျန်းပါ။
(၆) မစိုက်မီမျိုးစေ့အား အင်မီဒါကလိုပရစ်/ သိုင်ရာမီသိုဇမ် (Imidacloprid/ Thiamethoxam) မျိုးစေ့လူးနယ်ဆေးဖြင့် ဆေးဘူး/ အိတ်ပါ အညွှန်း အတိုင်း လူးနယ် စိုက်ပျိုးပါ။
(၇) ပင်လုံးပြန့်အာနိသင်ရှိသောပိုးသတ်ဆေး တစ်မျိုးမျိုးကို ဆေးဘူးပါ အညွှန်းအတိုင်း အရွက်အောက်မျက်နှာ ပြင် ရောက်အောင်နှံနှံ့ စပ်စပ် အလှည့်ကျပက်ဖျန်းပါ။
•ဒိုင်မီသိုအိတ် (Dimethoate)
အက်စီတာမီပရစ် (Acetamiprid)
ဒိုင်နိုတီဖျူရမ် (Dinotefuran)
စပီရိုတက်ထရာမက်(Spirotetramat)
စပီရိုမက်စီဖန် (Spiromesifen)
၇။ ရွက်စုံစားခူဝါ ( Common hairy caterpillar)
(၁) ထယ်ရေးနက်နက်ထိုးပါ။
(၂)မွှေးထူခူကောင်များ အခြေချနေထိုင်သော တစ်ဆင့်ခံ လက်ခံပင်များ နှင့် ပေါင်းပင်များကို ဖယ် ရှားဖျက်ဆီးပါ။
(၃)ဥများနှင့် ပေါက်ကာစ ခူကောင်များကို လက်ဖြင့် ကောက်ယူဖျက်ဆီးပါ။
(၄)အရွယ်ရောက်ခူကောင်များကို ကြက်ဆူ၊ ငှက်ပျောရွက်များနှင့် ထောင်ချောက်ဆင်ဖမ်းပါ။
(၅)ခူကောင်များကို ဆွဲဆောင်ရန်ကန်သင်းများပေါ်တွင် ထောင်ချောက် သီးနှံများစိုက်ပျိုးပါ။ (ပဲလွန်း ၊ဆေးကြက်ဆူ၊ ကြက်ဆူ)
(၆)ပင့်ကူများ၊ နှာတံရှည်နှံကောင်များ၊ ပုရွက်ဆိတ် များ၊ ပုဇင်းများ၊ လိပ်ခုံးကျိုင်းများ၊ ဇာတောင်ပိုး ... များကဲ့သို့သော ဇီဝထိန်းချုပ်ပိုးမွှားများကို ထိန်းသိမ်းပါ။
(၈)ထိသေ၊စားသေပိုးသတ်ဆေးတစ်မျိုးမျိုးကိုပိုးသတ်ဆေးဘူး၊အိတ်ပါအညွှန်းစာအတိုင်းပက်ဖျန်းပါ။
ဖလူဗန်ဒိုင်ယာမိုက်(Flubendiamide)
ကလိုရမ်ထရမ်နီလီပရော(Chlorantraniliprole)
ဆိုင်ပါမီသရင်(Cypermethrin)
အီမာမက်တင်ဘန်ဇိုရိတ်+ လန်မ်ဒါဆိုင်ဟေလိုသရင်(EmamectinBenzoate + Lambda-cyhalothrin)
ကိုးကား- စိုက်ပျိုးနည်းပညာ၊ www.doa.gov.mm