cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးအမိုင်နိုအက်စစ်(အပင်အားတိုးဆေးရည်)

. ရွက်ဖျန်းမြေဩဇာ
(၁)လအကြာ(သို့)အနံ့ဆိုးပျောက်ပါကအနည်အနှစ်များကိုစစ်ထုတ်ပြီးအရည်ကိုရွက်ဖြန်းအဖြစ်အသုံးပြုပါ။
  • (Fish Amino Acid)ပြုလုပ်နည်း                                      

    ၁။ငါးမှရရှိသောစွန့်ပစ်ပစ္စည်းများ(သို့)ငါးသေငါးမွှားများ(သို့)ငါးကြီး(၁၀)ပိဿာ 

    ၂။ထန်းလျက်ညို(သို့)သကြားညို (၁၀)ပိဿာ 

    ပြုလုပ်ပုံ(Production Method)             

    - ငါးမှရရှိသောစွန့်ပစ်ပစ္စည်းများ(သို့)ငါးသေငါးမွှားများ(သို့)ငါးကြီး(၁၀)ပိဿာကိုပိုင်း ဖြတ်၍စဉ့်အိုးတွင်ထည့်ပါ။ 

    - ထန်းလျက်ညို (သို့) သကြားညို(၁)ပိဿာလျှင်ရေ(၁)လီတာနှုန်းဖြင့် (၁၀)ပိဿာ အားကျိုချက်ပါ။ပြီးလျှင်အအေးခံပါ။ 

    - အေးပြီးနောက်စဉ့်အိုး၏ သုံးပုံနှစ်ပုံထိလောင်းထည့်ပါ။ ထပ်မံ၍(ရရှိနိုင်ပါကဘိုကာရှီ)ကိုဖြူးထည့်ပါ။ 

    - ထို့နောက်အိုးကိုပိတ်ပါးစဖြင့်သေချာစွာဖုံးအုပ်ချည်နှောင်ပါ။အိုးကိုနေရောင်တိုက်ရိုက်မကျသောအေးမြခြောက်သွေ့သောအရိပ်အောက်တွင်ထားရှိပါ။ 

    - (၇-၁၀)ရက်ကြာပါကအချဉ်ဖောက်ခြင်းဖြစ်ပေါ်လာမည်။မျက်နှာပြင်ပေါ်ရှိအဆီများပျော်ဝင်စေရန်IMO3(၂-၃)ဇွန်းထည့်ပေးပါ။ 

    - (၁)လအကြာ(သို့)အနံ့ဆိုးပျောက်ပါကအနည်အနှစ်များကိုစစ်ထုတ်ပြီးအရည်ကိုရွက်ဖြန်းအဖြစ်အသုံးပြုပါ။ 

    ဆေးဖျန်းရန်နှုန်းထား(Ratio) 

    - ဆေးရည်(၁)ဆ နှင့် ရေ(၁၀၀၀)ဆ 

    အသုံးပြုခြင်း 

    - ငါးအမိုင်နိုတွင်နိုက်ထရိုဂျင်ကြွယ်ဝစွာပါဝင်သည်။ 

    - မြေဆီလွှာနှင့် ပင်ပိုင်းကြီးထွားမှုကိုအားပေးသည်။  

    - မျိုးစေ့/ပျိုးပင် မသန်စွမ်းလျှင်…….. 

    - ပဲ ၊  မုန့်ညှင်းထုပ်မျိုးစေ့အတွက်(၂)နာရီခွဲခန့်စိမ်နိုင်သည်။ 

    - သခွား ၊ ဖရဲ မျိုးစေ့ အတွက်(၄)နာရီ စိမ်နိုင်သည်။ 

    - အရွက်စား ဟင်းသီးဟင်းရွက်များ၏ အနံ့ ၊ အရသာနှင့်အထွက်နှုန်းကို တိုးတက် စေသည်။ 

    - ၎င်းငါးအမိုင်နို စွန့်ပစ်ပစ္စည်းများကိုဘိုကာရှီမြေဩဇာပြုလုပ်ရာတွင်အသုံးပြုနိုင်သည်။သက်ရှိအဏုဇီဝများ၏လှုပ်ရှားမှုကိုကူညီပေးသည်၊၊ 

    -     ငါးအမိုင်နိုမှကျန်ရှိသည့် အရိုးများကိုဆန်လုံးညိုရှာလကာရည် (BRV)(၁၀)ဆ ဖြင့်ရောစပ်ပြီးအရိုးများဆွေးမြေ့သွားပါကကောင်းမွန်သောရေပျော်ကယ်လစီယံဖော့စဖိတ်များ ရရှိနိုင်သည်။ 

    သတိပြုရန် 

    - သီးပွင့်ချိန်မသုံးရန် 

    - ငါးအမိုင်နိုအသုံးပြုရာတွင်ရေဆမှန်ရန်လိုအပ်ပါသည်။ 

    - ရေအဆနည်းက အပြင်အရွက်ဝါမည်၊၊ 

    - ငါးအမိုင်နို အိုးဆေးရည်တိုက်ရိုက်ဖျန်းကအပင်ညှိုးခြောက်သွားမည်။ 

    - ငါးအမိုင်နို စွန့်ပစ်ပစ္စည်းများအပင်ခြေတွင်ပုံပါကအပင်ညှိုးခြောက်သွားမည်၊၊ 

    - အပူချိန် (၂၃-၂၅)ဒီဂရီစင်တီဂရိတ်ရှိရမည်။ 

    - နေရောင်တိုက်ရိုက်မကျသောအေးမြခြောက်သွေ့သောအရိပ်အောက်တွင်ထားရှိပါ။ 

    Source: DOA 


  • article
likes22comments0
views2258
cover
cover
cover
cover
cover