cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်   (မကွေးတိုင်းဒေသကြီး)   

. ရာသီဥတု သတင်းများ
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့မှ (၂၃) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာ မြို့နယ်များတွင် ဇူလိုင်လ ၂၂ ရက်နေ့နဲ့ ၂၃ ရက် နေ့တွေမှာ မိုးရွာမည် ဖြစ်ပါကြောင်း ခန့်မှန်း တင်ပြလိုက်ပါတယ်။
  • မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့မှ (၂၃) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာ မြို့နယ်များတွင် ဇူလိုင်လ ၂၂ ရက်နေ့နဲ့ ၂၃ ရက် နေ့တွေမှာ မိုးရွာမည် ဖြစ်ပါကြောင်း ခန့်မှန်း တင်ပြလိုက်ပါတယ်။ အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၅.၁ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၃.၃ အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    ပွင့်ဖြူမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့မှ (၂၃) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၄၀)ရာခိုင်နှုန်းမှ (၉၄)ရာခိုင်နှုန်းရှိပြီး ဇူလိုင်လ ၂၁၊ ၂၂ ၊၂၃ ရက်နေ့တွေမှာ မိုးရွာနိုင်ပါ ကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃၄.၇ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၄ အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    မင်းဘူးမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့မှ (၂၃) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၄၀)ရာခိုင်နှုန်းမှ (၉၄)ရာခိုင်နှုန်းရှိပြီး ဇူလိုင်လ ၂၂၊ ၂၃ ရက်နေ့တွေမှာ မိုးရွာနိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃၃.၄ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၄ အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    စလင်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့မှ (၂၃) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၄၀)ရာခိုင်နှုန်းမှ (၉ဝ)ရာခိုင်နှုန်းရှိပြီး ဇူလိုင်လ ၂၁၊ ၂၂ ၊၂၃ ရက်နေ့တွေမှာ မိုးရွာနိုင်ပါ ကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃၅.၁ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၃ အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    စေတုတ္တရာမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့မှ (၂၃) ရက်နေ့အထိ တစ်ပတ်တာ မိုးသေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၄ဝ)ရာခိုင်နှုန်းမှ (၉၄)ရာခိုင်နှုန်းရှိပြီး ဇူလိုင်လ ၂၂၊ ၂၃ ရက်နေ့တွေမှာ မိုးရွာနိုင်ပါ ကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃၃.၁ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၃.၃ အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

     

    စိုက်ပျိုးရေးအကြံပြုချက်  

    ယခုတစ်ပတ်အတွင်း အကြံပြုလိုတာကတော့ ပိုးလောင်မီးကျရောက်မှုကို သတိပြုမိစေရန် သတင်းပါး လိုပါတယ်။ တကယ်လို့ ကျလာပြီးဆိုရင်တော့ အောက်ပါအချက်များအတိုင်း နှိမ်နင်းနိုင်ပါတယ် ခင်ဗျာ။ 

     

    ၁။ စပါးခင်းပတ်ဝန်းကျင်တွင် ပေါင်းမြက်များ သုတ်သင် ရှင်းလင်းပါ။ 

    ၂။ အကောင်ကြီး များကို လက်ကိုင် ပိုက်ဖြင့် ဝှေ့ယမ်း ဖမ်းဆီးပါ။ 

    ၃။ အဝါကွက်ပါသော အရွက်များ တွေ့ပါက ခူးယူဖျက်ဆီးပစ်ပါ။ 

    ၄။ ရွက်ထိပ်ဖျားများတွင် ဥများအု တတ်သဖြင့် အရွက်ထိပ်ဖျား များကို ဖြတ်ပစ်ပါ။ စွတ်စိုသော အခြေအနေကို နှစ်သက် သဖြင့်ဖြစ်နိုင်ပါက ရေထုတ်ပေးပါ။ ရေထုတ်ရာတွင် နာရီပိုင်းခန့်သာ ထုတ်ရန်လိုပါသည်။ 

    ၅။ ဆေးလိပ်ခုံမှ ဆေးရွက်ကြီးအမှုန့်အစများကို ပျိုးခင်း (၂-၃) ပြည်ခန့် ကြဲပက်ပေးခြင်းဖြင့် ကျရောက်မှုသက်သာစေပါတယ်၊ကျရောက်သည့် နေရာတွင် ပိုးကျရောက်ရာနေရာကိုသာ ဆေးချခြင်း ပြုလုပ်ပါ။ 

    ၆။ ဓာတုဆေးများ အသုံးပြုမည်ဆိုပါက အဆီဖိတ်၊ ကာတက်ဟိုက်ဒရိုကလိုရိုဒ် တစ်ခုခုပါဝင်တဲ့ ဆေးများ ပက်ဖျန်းပေးပါ။ 

     

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်  

    ယခုတစ်ပတ်အတွင်း မိုးရွာမည်ဖြစ်သဖြင့် မိုးရွာသည့်ရက်များတွင် အစာကျွေးခြင်းကို ရပ်ဆိုင်းထားရန် အကြံပြုလိုပါတယ်။ အညာဒေသဖြစ်တဲ့အတွက် အပူချိန်မြင့်ရာမှ မိုးရွာချိန် အပူချိန် ရုတ်တရက် ပြောင်းလဲနိုင် သဖြင့် မိုးရွာပြီးချိန် ကန်အတွင်းရှိ ငါးများ အခြေအနေကို စစ်ဆေး ကြည့်ရှူသင့်ပါတယ်။ အကယ်၍ ကန်အတွင်း ငါးများ ပုံမှန်အတိုင်း ကူးခက်နေခြင်း မရှိပါက ရေချဉ်ဖန်းနှုန်းကို စစ်ဆေးသင့်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 

     

    Weather Source: CIAT 

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes5comments0
views3435
cover
cover
cover
cover
cover