cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်း (နောက် ၁ရက်အတွင်း စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနိုင်)

. ရာသီဥတု သတင်းများ
ဇူလိုင်လ ၁၉ ရက် မှ ၂၅ ရက် တွေမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်အများစုမှာ မိုးရွာ သွန်းနိုင်ခြေ များပါတယ်။
  • ဇူလိုင်လ ၁၉ ရက် မှ ၂၅ ရက် တွေမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်အများစုမှာ မိုးရွာ သွန်းနိုင်ခြေ များပါတယ်။ မိုးဇလ၏ ဇူလိုင်လ (၁၈) ရက်နေ့ ၁၂:၃၀နာရီ တိုင်းတာချက်များအရ ဧရာဝတီမြစ်ရေမှတ်သည် ဟင်္သာတစခန်းမှာ ၁၄၃၈ စင်တီမီတာ (စိုးရိမ်ရေမှတ် ၁၃၄၂ စင်တီမီတာ) ရှိနေပြီး ဇလွန်စခန်း မှာ ၁၂၅၂ စင်တီမီတာ (စိုးရိမ်ရေမှတ် ၁၁၆၀ စင်တီမီတာ) ရှိနေပါသည်။ နောက် ၁ရက်အတွင်း ၃လက်မခန့် မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။

     

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် (၅၅)ရာခိုင်နှုန်းမှ (၁၀၀)အထိရှိတဲ့အတွက် မိုးဆက်လက် ရွာသွန်းနိုင်မည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ 

     

    ၁။      ဟင်္သာတမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ ဟင်္သာတမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၈)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါသည်။ ဇူလိုင်လ ၁၉၊ ၂၄ ရက်နေ့ များ တွင် မိုးရွာရန် ၉၅-၆၈ ရာခိုင်နှုန်း မှာရှိနိုင်ပြီး ဇူလိုင်လ (၂၅) ရက်နေ့မှာတော့ မိုးရွာရန် ၇၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။

     

    ၂။       ညောင်တုန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ ညောင်တုန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အပူချိန်အနေဖြင့် ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၀.၉°C မှ ပျမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၄.၄°C ရှိနိုင်ပါတယ်။

     

     ၃။     မအူပင်မြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ မအူပင်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၂)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ ဇူလိုင်လ ၁၉၊ ၂၁၊၂၂၊၂၃ ရက်များ မှာ မိုးရွာရန် ရာနှုန်း ၉၄ အထက် မှာ ရှိနိုင်ပြီး ကျန်ရက်တွေမှာ မိုးရွာရန်ရာခိုင်နှုန်းမှာ ၇၅ ရာခိုင်နှုန်းအောက်မှာ ရှိနိုင်ပါတယ်ခင်ဗျ။

     

    ၄။      မြောင်းမြမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ မြောင်းမြမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၂)ရာခိုင်နှုန်းမှ (၉၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ ၂၀၊ ၂၁၊ ၂၂ ရက်နေ့များမှာ မိုးရွာရန် ရာနှုန်း ၉၆ နှင့် အထက် ဖြစ်ပြီး ဇူလိုင်လ ၂၃ ရက်မှာ မိုးရွာရန် ၈၇ ရာခိုင်နှုန်းတွင် ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် ၇၃ ရာခိုင်နှုန်း အောက်မှာပဲ ရှိနိုင်ပါတယ်ခင်ဗျာ။

     

    ၅။      ဓနုဖြူမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ ဓနုဖြူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိနိုင်ပြီး ပျမ်းမျှအပူချိန်တွေကတော့ ၂၅ ရက်မှာ အမြင့်ဆုံး အပူချိန် ၃၀.၄°C မှ အနိမ့်ဆုံးအပူချိန် ၂၄.၆°C ရှိနိုင်ပါတယ် ခင်ဗျာ။

     

    ၆။      ပန်းတနော်မြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ ပန်းတနော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀) ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ ဇူလိုင်လ ၂၂၊ ၂၃၊ ၂၄ ရက်နေ့မှာ ရွာရန် ရာနှုန်း ၉၆ ခန့်ဖြစ်ပြီး ဇူလိုင်လ ၂၁ ရက်နေ့မှာ မိုးရွာရန် ၈၈ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၆၀ မှ ၇၄) ရာနှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။

     

     

    ၇။      ကျိုက်လတ်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ ကျိုက်လက်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၁)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ ၁၉၊၂၀၊၂၁၊၂၃ ရက်နေ့မှာ မိုးရွာရန် ရာနှုန်း ၉၆ နှင့် အထက်တွင် ရှိနိုင်ပြီး ကျန်ရက်များတွင် မိုးရွာရန် (၇၈) ရာနှုန်းနှင့် အောက်မှာ ရှိနိုင်ပါတယ်ခင်ဗျာ။

     

    ၈။      ဝါးခယ်မမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ ဝါးခယ်မမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ ၂၁၊ ၂၂၊ ၂၃၊ ရက်နေ့မှာ မိုးရွာရန် ရာနှုန်း ၉၆ အထက်တွင် ရှိနိုင်ပြီး အမြင့်ဆုံးအပူချိန် ၃၀.၃ °C မှ အနိမ့်ဆုံးအပူချိန် ၂၄.၇ °C ရှိနိုင်ပါတယ်ခင်ဗျာ။

     

    ၉။      ကျုံပျော်မြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ ကျုံပျော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ ၁၉၊ ၂၀၊ ၂၁၊ ၂၂ ရက်နေ့မှာ ရက်နေ့မှာ ရွာရန်ရာနှုန်း ၉၆ အထက်တွင်ရှိနိုင်ပြီး ဇူလိုင်လ ၂၄ ရက်နေ့တွင့် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပါတယ်။ ကျန်ရက်များတွင် မိုးရွာရန် (၇၀) ရာနှုန်း အထက် မှာရှိနိုင်ပါတယ်။

     

    ၁ဝ။    ဇလွန်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ ဇလွန်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၈)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၁။    လပွတ္တာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ လပွတ္တာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅)ရာခိုင်နှုန်းမှ (၉၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ ၁၉၊ ၂၀၊ ၂၂၊ ၂၃ ရက်နေ့မှာ ရက်နေ့မှာ ရွာရန် ရာနှုန်း ၉၆_၉၇ အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။

    ၁၂။     ပုသိမ်မြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ ပုသိမ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၂)ရာခိုင်နှုန်းမှ (၉၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၀°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၂°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

     

    ၁၃။    ဖျာပုံမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ ဖျာပုံမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါတယ်။ ဇူလိုင်လ ၂၀၊ ၂၁၊ ၂၂ ရက်နေ့မှာ ရက်နေ့မှာ ရွာရန်ရာနှုန်း ၉၈_၉၆ အတွင်း မှာ ရှိနိုင်ပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၁.၂°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၅°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

     

    ၁၄။    အင်္ဂပူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ အင်္ဂပူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၆)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

     

    ၁၅။    ကြံခင်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ ကြံခင်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၈)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ ဇူလိုင်လ ၂၅ ရက်တွင် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ၁၉၊ ၂၀၊ ၂၁၊၂၂ရက်များတွင် (၉၀)ရာခိုင်နှုန်းနှင့် အထက်တွင်ရှိနိုင်ပါတယ်။ ကျန်ရက်များမှာ (၆၈) မှ (၈၉) ရာခိုင်နှုန်းအတွင်းတွင်ရှိနိုင်ပါတယ်ခင်ဗျာ။

     

    ၁၆။    လေးမျက်နှာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ လေးမျက်နှာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ ၁၉ ရက်နေ့တွင် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ၂၁၊ ၂၂၊ ၂၃၊ ၂၄ ရက်များတွင် (၉၆_၆၇)ရာခိုင်နှုန်း အတွင်းတွင်ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၇၀)ရာခိုင်နှုန်း နှင့် အထက် တွင်ရှိနိုင်ပါတယ်။

     

    ၁၇။    ဒေးဒရဲမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ ဒေးဒရဲမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

     

    ၁၈။    မော်လမြိုင်ကျွန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၁)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါ တယ်။ ဇူလိုင်လ ၁၉ ရက်များတွင် မိုးရွာရန် ရာခိုင်ပြည့်ဖြစ်ပြီး ဇူလိုင်လ ၂၁၊ ၂၂၊ ၂၃၊ ၂၄ ရက်နေ့များတွင် ၉၆_၉၈ အတွင်းတွင် ရှိနိုင်ပါတယ်။ ကျန်ရက်များတွင် (၆၅)ရာခိုင်နှုန်း နှင့် အောက် တွင်ရှိနိုင်ပါတယ်ခင်ဗျာ။

     

    ၁၉။    ကန်ကြီးထောင့်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ ကန်ကြီးထောင့်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၆)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါ တယ်ခင်ဗျာ။

    ၂ဝ။     ငပုတောမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ ငပုတောမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၂)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်။ ဇူလိုင်လ ၂၁ ရက်နေ့တွင် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ဇူလိုင်လ ၁၉၊ ၂၂၊ ၂၃ ရက်များတွင် ၉၆ ရာခိုင်နှုန်း နှင့် အထက်တွင် ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် (၆၂-၈၇) ရာခိုင်နှုန်းအတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။

     

    စပါးစိုက်တောင်သူများသို့ အကြံပြုချက်

    မိုးရွာသွန်းခြင်း၊ တိမ်ထူ၊ မိုးအုံ့ခြင်းတို့ ဖြစ်ပေါ်နေပြီး စပါးပင်သက်တမ်း အတန်သင့်ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် လှေပိုး သတိပြုဖို့နဲ့ နှိမ်နင်းနည်းကို ပြုစုရေးသားလိုက်ပါတယ် ခင်ဗျာ။

    မိုးစပါးမှာ လှေးပိုးဖျက်ဆီးမှု ဂရုပြု

    စပါးရွက်များ လိပ်နေလျှင် လှေးပိုးကျရောက်မှုလက္ခဏာ ဖြစ်နိုင်ပါတယ်၊ လှေးပိုးကျရောက်မှုကို သိရှိနိုင်ရန် လိပ်နေသော အရွက်များအတွင်း လှေးပိုးရှိမရှိ စစ်ဆေးပါ။

    နို့နှစ်ရောင် ဥများကို စပါးရွက် မျက်နှာပြင်ပေါ်တွင် ရှိ မရှိစစ်ဆေးပါ။ လှေးပိုးဖျက်ဆီးမှုဒဏ် ခံရပါက ရိုးတံများသည် ဖြူဖျော့လာကာ ရွက်ပြားများမှာ အဝါရောင်ဖြစ်လာတတ်ပါတယ်။

    မိုးစပါးတွင် ကျရောက်တတ်သော လှေးပိုး ကာကွယ်နှိမ်နှင်းနည်းများ

    လှေးပိုးအား နှိမ်နှင်းရန် စပါးခင်းအား ၂ရက်ခန့် ရေလွှမ်းပေးပါ။

    လိပ်ခုံးကျိုင်း၊ ပုစဉ်း၊ ပင့်ကူ၊ ရေနေကြမ်းပိုး၊ နဂျီ စသည်တို့သည် လှေးပိုးများအား တိုက်ဖျက်စားသုံးသော မိတ်ဆွေပိုးများဖြစ်ပါတယ်။

    ရွေ့ပြောင်း စိုက်ပျိုးပြီး ရက် ၃ဝအတွင်း တစ်ပတ်လျှင် ၃ကြိမ် ပုံမှန် စစ်ဆေးပါ။

    လှေးပိုးကျရောက်ဖျက်ဆီးမှုကို ခန့်မှန်းနိုင်ရန်အတွက် ရေစိုလက်ဖြင့် စပါးပင်၏ ထိပ်ဖျားတွေကို ထိကြည့်သည့်အခါ လက်မှာ လှေးပိုးများတွေ့ရှိရပါက နှိမ်နင်းဖို့ လိုအပ်ပါမည်။

    ပိုးသတ်ဆေးများကတော့

    ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဖီပရိုနေးလ် ၅% အက်စ်စီ၊ စားပွဲတင်ဇွန်း (၂-၈) ဇွန်း

    ၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အာဘာမက်တင်း ၁.၈% အီးစီ၊ စားပွဲတင်ဇွန်း (ဇွန်းဝက်-၁ဇွန်းခွဲ)

    ၃။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အဆီတာမီပရစ် + လမ်ဒါဆိုင်ဟေလိုသရင် (၅%) ဒဗလျူပီ၊ စားပွဲတင်ဇွန်း (၄-၅) ဇွန်း

    ၄။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ကာတက်ဟိုက်ဒရို ကလိုရိုက် (၉၅%)အက်စ်စီ စားပွဲတင်ဇွန်း ( ၂-၄) ဇွန်း

    ဒီနည်းတွေထဲက အဆင်ပြေရာ တစ်မျိုးကို အသုံးပြုနိုင်ပါတယ်။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    ယခုအပတ်အတွင်း မိုးရွာခြင်း၊ တိမ်ထူ၊ မိုးအုံ့ခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်တဲ့အတွက် ငါး/ပုဇွန် တောင်သူ ဦးကြီးများအနေဖြင့် သတ်မှတ်အစာကျွေးနှုန်းအောက် လျော့ကျွေးပါရန်နှင့် ရေကြီးရေလျှံခြင်း မှတစ်ဆင့် ငါးရိုင်းများ ဝင်လာနိုင်တဲ့အတွက် မိမိ၏ကန်အား ဂရုစိုက်ရန် သတိပေးလိုပါတယ် ခင်ဗျာ။ ရေစီး ရေလာကောင်းအောင် ဆောင်ရွက်ထားပြီး ရေထုတ်ပေါက်များလည်း တင်ဆင်ထားရန် ထပ်လောင်း အကြံပြု လိုက်ပါတယ် ခင်ဗျာ။

    Weather Source: CIAT


  • article
likes6comments0
views3881
cover
cover
cover
cover
cover