cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် ငါးအကြံပြုချက် (ရန်ကုန်တိုင်းဒေသကြီး)   

. ရာသီဥတု သတင်းများ
ရေလွှမ်းထားသောကန်များ ရေပြန်ကျချိန်တွင် ကန်သန့်ရှင်းရေးဆောင်ရွက်ရန်၊
  • ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့မှ (၁၁) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ အစောပိုင်းရက်များဖြစ်သည့် ဩဂုတ်လ (၅)ရက်နေ့မှ (၈) ရက်နေ့များတွင် မိုးရွာရန် (၈၉)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းရှိပြီး ကျန်ရက်များတွင် ရွာရန် ရာခိုင်နှုန်းနည်းပြီး (၈ဝ) ရာခိုင်နှုန်းနှင့် အောက်ရှိနေပါတယ်။  

     ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၂.၂ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၁ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။ 

    သန်လျင်မြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့မှ (၁၁) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် အစောပိုင်းရက်များဖြစ်သည့် ဩဂုတ်လ (၅) ရက်နေ့မှ (၈)နေ့ များတွင် မိုးရွာနိုင်ခြေရှိပြီး ရွာရန် ရာခိုင်နှုန်းမှာ (၉ဝ)ရာခိုင်နှုန်းမှ (၁၀၀)ရာခိုင်နှုန်းအထိ ရှိပါတယ်။ ကျန်ရက် များတွင် မိုးရွာရန် ရာခိုင်နှုန်းမှာ (၇၂) ရာခိုင်နှုန်းနှင့် အောက်ရှိပါတယ်။ 

     ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၂.၅ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၃.၈ ရာခိုင်နှုန်းအထိ ရှိနိုင် ပါတယ်။ 

    ကျောက်တန်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့မှ (၁၁) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်တွင် အစောပိုင်းရက်များဖြစ်သည့် ဩဂုတ်လ (၅) ရက်နေ့မှ (၈)နေ့ များတွင် မိုးရွာနိုင်ခြေရှိပြီး ရွာရန် ရာခိုင်နှုန်းမှာ (၈၉)ရာခိုင်နှုန်းမှ (၉၆)ရာခိုင်နှုန်းအထိ ရှိပါတယ်။ ကျန်ရက် များတွင် မိုးရွာရန် ရာခိုင်နှုန်းမှာ (၇၂) ရာခိုင်နှုန်းနှင့် အောက်ရှိပါတယ်။ 

     ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၁ ရာခိုင်နှုန်းအထိ ရှိနိုင် ပါတယ်။  

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်  

    ငါး/ပုဇွန်မွေးသည့် တောင်သူများအနေဖြင့် မိုးရွာသွန်းသည့် ရက်များ ခပ်စိပ်စိပ်ဖြစ်လာတဲ့အတွက် အောက်ပါအချက်တွေ ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ- 

    • မိုးရွာသွန်းပြီးနောက် မိမိငါးကန်အား ရေချဉ်ဖန်နှုန်း ပြန်လည်တိုင်းတာရန်၊ 
    • မိမိငါးကန်ဘောင်ကို သဲအိတ်များဖြင့် ကာရံပြီး ဘောင်မြင့်တင်ထားရန်၊ 
    • အနိမ့်ပိုင်း ရေဝင်နိုင်သောနေရာများတွင် သင့်တော်သော ပိုက်များကာရံထားရန်၊ 
    • အစာကို သတ်မှတ်နှုန်းတားထက်လျော့ကျွေးရန်၊ 
    • ရေလွှမ်းထားသောကန်များ ရေပြန်ကျချိန်တွင် ကန်သန့်ရှင်းရေးဆောင်ရွက်ရန်၊ 
    • ရေပြန်ကျချိန်တွင် ငါးရိုင်းဖယ်ရှားသန့်ရှင်းရေးဆောင်ရွက်ရန်၊ 

    Weather Source: CIAT 

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes4comments0
views2684
cover
cover
cover
cover
cover