ရေကြီးနစ်မြုပ်ပြီးနောက် စပါးခင်းထဲတွင်အတွေ့များလာရတဲ့ ဆစ်ပိုး
- ဖျက်ဆီးမှုလက္ခဏာ - ဆစ်ပိုးသည် ပင်စည်ထဲကို ဝင်ပြီး အပင်၏ အစာရေကြောစည်းကို စားသောက်ဖျက်ဆီးသည်။ - ဆစ်ပိုးအပေါက်များကို ရေနှင့်ပင်စည်ထိစပ်နေသော နေရာတွင် တွေ့ရသည်။ - ကြက်သွန်မြိတ်ကဲ့သို့ လိမ်နေသော စပါးအရွက်များကို တွေ့ရသည်။ - ဆစ်ပိုးဥများကို စပါးအရွက်များပေါ်တွင် တွေ့ရသည်။ - ပင်စည်ကို ခွဲကြည့်ပါက စားသောက်ဖျက်ဆီးနေသည့် ဆစ်ပိုးလောက်ကောင်ကို တွေ့ရသည်။ - ဆစ်ပိုးဖလံကောင်၏ အတောင်ပံတွင် အနက်ရောင် အစက် ၂ စက်ပါရှိသည်။ - စပါးနှံထွက်ချိန်တွင် ဆစ်ပိုးကျပါက အနှံဖြူများကို တွေ့ရသည်။ - ကာကွယ်နှိမ်နင်းနည်းများ - စပါးစိုက်ပျိုးချိန်ကို မိမိဒေသအလိုက်ချိန်ဆ၍စိုက်ပါ။ - ဒေသနှင့်ကိုက်ညီသောမျိုးများကိုရွေးချယ်စိုက်ပျိုးပါ။ - စပါးခင်းအတွင်း နှင့် စိုက်ခင်းပတ်ဝန်းကျင်ရှိပေါင်းမြက်များကိုသုတ်သင်ရှင်းလင်းပါ။ - စပါးပင် အပင်ပွားစည်းချိန် ဆစ်ပိုးလက္ခဏာအူပုပ်သည်ကိုစတင်တွေ့ရှိပါက ရေသွင်းရေထုတ် ပြုလုပ်ပေးရပါမည်။ - ရေထုတ်လွယ်သောနေရာများတွင် တစ်ရက်နှစ်ရက်ခန့်ရေထုတ်၍ ဆစ်ပိုးပွားများ မှုကို ကာကွယ်နိုင်ပါသည်။ - နိုက်ထရိုဂျင်ပုလဲဓာတ်မြေဩဇာကိုအချိုးကျသုံး၍ ပိုတက်စီယမ်ဓာတ်မြေဩဇာကို မဖြစ်မနေအသုံးပြုပေးပါ။ - အသုံးပြုနိုင်သော ဓာတုဆေးများ- Cartap hydrochloride, Chlorantraniliprole, Carbosulfan, Profenofos - ကာကွယ်နှိမ်နှင်းနည်းများနှင့် ဆစ်ပိုးအကြောင်းအပြည့်အစုံအတွက် လင့်ကိုနှိပ်ပြီး -https://youtu.be/JAicYFoR-oM?si=82706r7B0kiu4f-t လေ့လာနိုင်ပါသည်။ - Reference- DOA - ----- - !! ထွက်တိုးစိုက်/မွေး ဆော့ဝဲလ်က VPN မလိုအပ်ပါဘူးနော်။ - ထွက်တိုးမှာ မေးခွန်းမေးမြန်းနည်း (သို့) စိုက်ခင်းပြဿနာအဖြေရှာနည်း - https://htwettoe.com/post/42799 - ထွက်တိုး Telegram - https://t.me/htwettoe - ထွက်တိုး Youtube - https://www.youtube.com/@HtwetToe - ထွက်တိုး Tik Tok -https://www.tiktok.com/@htwettoe?is_from_webapp=1... 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
