cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကကတစ်ငါးကို လှောင်အိမ်ဖြင့်မွေးမြူခြင်း

. ငါးမွေးမြူရေးဆောင်းပါးများ
လှောင်အိမ်၏အရွယ်အစားမှာ (၁၃၅၀)ကုဗပေ၊ အလျှား ၁၅ပေ၊ အနံ ၁၅ပေ နှင့် အမြင့် ၆ ပေ ရှိရပါမည်။ လှောင်အိမ်ကို ဝါးဖြင့်လည်းကောင်း ပိုက်ဖြင့်လည်းကောင်း ပြုလုပ်နိုင်ပါသည်။ ပိုက်ဖြင့်ပြုလုပ်ပါက ပိုက်ကွက်( Mesh size) သည် ငါးငယ်ကလေးများမထွက်နိုင်သော အရွယ်ဖြစ်ရပါမည်။
  •            ကကတစ်ငါးသည် အသားစားငါးဖြစ်သဖြင့် အခြားသောငါးများနှင့်ရောနှောမွေးမြူပါက တီလားပီး ယားငါးမျိုးနှင့်သာ သင့်လျော်ကြောင်း တင်ပြခဲ့ပါသည်။ တီလားပီးယားငါးသည် မျိုးပွားသားပေါက် မြန်ဆန်ပြီး တစ်နှစ်တွင် အနည်းဆုံး (၃) ကြိမ်ထိသားပေါက်နိုင်သောကြောင့် ဖြစ်ပါသည်။ ကန်အတွင်း တီလားပီးယား လွန်ကဲစွာ ကန်ကြပ်ရှိနေခြင်းကိုလည်း ကာကွယ်ပါသည်။ ကကတစ်ငါးအတွက် သဘာဝအစာလည်း ရရှိပါသည်။

               ကကတစ်ငါးကို လှောင်အိမ်(Cage culture)ဖြင့်လည်း မွေးမြူနိုင်ပါသည်။ ရေချိုရေငန်စပ်ဖြစ်စေ၊ ရေချို ဒေသတွင်ဖြစ်စေ မွေးမြူနိုင်ပါသည်။ လှောင်အိမ်၏အရွယ်အစားမှာ (၁၃၅၀)ကုဗပေ၊ အလျှား ၁၅ပေ၊ အနံ ၁၅ပေ နှင့် အမြင့် ၆ ပေ ရှိရပါမည်။ လှောင်အိမ်ကို ဝါးဖြင့်လည်းကောင်း ပိုက်ဖြင့်လည်းကောင်း ပြုလုပ်နိုင်ပါသည်။ ပိုက်ဖြင့်ပြုလုပ်ပါက ပိုက်ကွက်( Mesh size) သည် ငါးငယ်ကလေးများမထွက်နိုင်သော အရွယ်ဖြစ်ရပါမည်။ ပိုက်ကွက်သည် အလွန်ကျဉ်းပါက( ဥပမာ ပိုက်စိမ်း) ရေဝင်ရေထွက်နည်းပါးပြီး လှောင်အိမ်အတွင်းရှိ ငါးများအတွက် အောက်စီဂျင်နည်းပါးနိုင်ပါသည်။ လှောင်အိမ်ကို ရေပြင်ကျယ်၊ မြစ်၊ ချောင်းများရှိ အန္တရာယ်ကင်းသောနေရာတွင် ထားရှိနိုင်ပါသည်။ မြစ်၊ ချောင်းများအတွင်း ထားရှိမည်ဆိုပါက တစ်နာရီ ရေစီး(၃)မိုင်ထက်မကျော်သော နေရာတွင်ထားပါ။ ဆိုလိုသည်မှာ ရေတက်၊ ရေကျကြမ်းသော နေရာတွင် မထားရပါ။

               ရေပြင်ကျယ်နေရာတွင် ထားပါက ရေအနက် အနည်းဆုံး(၆)ပေရှိသော နေရာတွင် ထားရှိရပါမည်။ မြစ် ချောင်းများအတွင်း ထားရှိမည်ဆိုပါက လှောင်အိမ်အပေါ်ပိုင်းကို ဖော့များ ပုံးများတပ်ဆင်ပေးရပါမည်။ လှောင်အိမ်အတွင်း ထည့်သွင်းရမည့် ငါးအရွယ်အစားသည် တူညီဖို့သည် အရေးကြီးပါသည်။ အရွယ်မတူပါက ကြီးသောငါးသည် ငယ်သောငါးကို ပြန်လည်စားသောက်ကြပါသည်။

               လှောင်အိမ်အရွယ်အစားပေါ်မူတည်ပြီးလည်းကောင်း၊ အစာကျွေးနိုင်ခြင်းအပေါ် မူတည်ပြီးလည်းကောင်း လှောင်အိမ်အတွင်း ငါးပေါက်အရေအတွက် ၅၀ မှ၁၀၀ အထိထည့်သွင်းနိုင်ပါသည်။ ကျွေးရမည့်အစာမှာ တန်ဖိုးနည်းသော ငါးနုတ်ငါးဖွားများနှင့် စက်ရုံများမှထုတ်လုပ်သော အစာတောင့်ကိုကျွေးနိုင်ပါသည်။ ငါးဖမ်းရမည့်အရွယ်အစားမှာ ၄၀ကျပ်သားမှ ၆၀ကျပ်သားအထိသာ ဖြစ်ပါသည်။ လှောင်အိမ်နှင့်မွေးမြူခြင်းသည် ရေအရည်အသွေး ထိန်းသိမ်းခြင်းလုပ်ငန်းအတွက် စိတ်မပူရပါ။ လှောင်အိမ်ဖြင့်မွေးထားသော ကကတစ်ငါးသည် မြစ် ချောင်း များအတွင်း မွေးမြူပါက ရေစီး၊ ရေလာဖြင့် သဘာဝအစာကိုရရှိနိုင်ခြင်းအပြင် ပျော်ဝင်အောက်စီဂျင်ရရှိမှုလည်း ကောင်းမွန်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး


  • article
likes3comments0
views2581
cover
cover
cover
cover
cover