ကြက်မဲ (Ayam Cemani)
Ayam Cemani လို့ အမည်ရတဲ့ကြက်မဲတွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ရှားပါးမျိုးကောင်း၊ မျိုးသန့်တွေ ဖြစ်ပါတယ်။
သူတို့မှာ အမဲရောင်ဒြပ်စင်ဖြစ်စေတဲ့ ဗီဇ (Melanin) တွေ လွှမ်းမိုးနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်ဖြစ်နေတာ တွေ့ရပါတယ်။
အမွှေး၊ အမောက်၊ အရေပြားအပြင် အတွင်းအင်္ဂါ အစိတ်အပိုင်းတွေပါ မဲနေပါတယ်။ သို့ပေမယ့် သူတို့ရဲ့ သွေးကတော့ ပုံမှန်အရောင်ဘဲလို့ သိရပါတယ်။
Baliက ကြက်တိုက်ပွဲတွေမှာဆိုရင် နိုင်ပွဲရစေတဲ့ တိုက်ကြက်တွေဖြစ်ပါတယ်။ သူတို့ရဲ့ ပေါင်တွေမှာ တခြားကြက်တွေထက် ကြွက်သားပိုပါတာကြောင့် ပိုမြန်မြန်လှုပ်ရှားနိုင်ပါတယ်။ သို့ပေမယ့် တစ်နှစ်ပတ်လုံးမှ အဥ (၈၀-၁၂၀) ဝန်းကျင်လောက်ဘဲ ဥတာကြောင့် သူတို့က ဝပ်ကျင်းဝပ်လိုစိတ်နည်းတယ်လို့ ပြောရမှာဘဲ။
(အခုဖော်ပြထားတဲ့အဥကို သူ့ရဲ့အဥလို့ ဖော်ပြတာတွေ တွေ့ရပေမယ့် တကယ်တမ်းက သူ့ရဲ့အဥမဟုတ်ကြောင်း ပြောထားတာတွေရှိပါတယ်။ သူ့ရဲ့အဥရောင်ဟာ နို့နစ်ရောင်ဖြစ်ပါတယ်တဲ့။ အခုဖော်ပြထားတဲ့အဥတွေက Emuလို့ခေါ်တဲ့ ငှက်ရဲ့အဥလို့ သိရပါတယ်။)
မွေးမြူဖူးတဲ့ အတွေ့အကြုံရှိသူများလည်း မျှဝေပေးနိုင်ပါတယ်။
ရေးသားသူ - နွယ်အေး
Source: Ayam Cemani - Wikipedia
Ayam Cemani: Breed Information, Care Guide, Egg Color and More - (thehappychickencoop.com)
-----
ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။