cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီဈေးနှုန်းသုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီဈေးနှုန်းများ အတက်ဘက်သို့ ဆက်လက်ရှိနေဦးမည် ဖြစ်ပါ ကြောင်း ခန့်မှန်း ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။
  • မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီဈေးနှုန်းများကို လေ့လာသော် ပဲဆီဈေးနှုန်းမှာ ဩဂုတ်လ (၈) ရက်နေ့တွင် တစ်ပိဿာလျှင် ၁၇၅၀၀ိ/- ကျပ်မှ ၁၈၅၀၀ိ/- ကျပ်အထိလည်းကောင်း၊ နှမ်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၅၀၀၀ိ/- ကျပ်မှ ၁၆၀၀၀ိ/- ကျပ်အထိလည်းကောင်း အသီးသီးဈေးပေါက်နေပါတယ်။ 

    ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်ခြင်း 

    ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ပထမပတ်နဲ့ ဒုတိယပတ် ပျှမ်းမျှတစ်ပိဿာဈေးနှုန်းများကို လေ့လာသော် ပထမပတ်တွင် ပဲဆီ ပျှမ်းမျှဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၆၇၅၀ိ/- ကျပ်ရှိရာမှ ဒုတိယပတ်တွင် တစ်ပိဿာလျှင် ၁၆၈၅၀ိ/- ကျပ်ရှိလာသဖြင့် တစ်ပိဿာလျှင် ၁၅၀ ကျပ် တက်လာပါတယ်။  

    နှမ်းဆီဈေးနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ပထမပတ်နှင့် ဒုတိယပတ်တွင် တစ်ပိဿာလျှင် ၁၅၂၅၀ိ/- ကျပ် ဖြင့် ဈေးငြိမ်နေပါတယ်။ 

     

    ၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း 

    ၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ ဩဂုတ်လ ဒုတိယပတ်အထိ ဈေးနှုန်းများကို လေ့လာသော် ပဲဆီဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ ဧပြီနှင့်မေလများတွင် တစ်ပိဿာ ပျှမ်းမျှဈေးနှုန်းမှာ ၁၁,၀၀၀ိ/- ကျပ်၊ မတ်လတွင် ၁၂,၈၀၀ိ/- ကျပ်၊ ဇွန်လတွင် ၁၃,၃၃၈/- ကျပ်၊ ဇူလိုင်လတွင် ၁၆,၂၇၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၁၆,၈၁၃/- ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။ 

    သုံးသပ်ချက် 

    မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီဈေးနှုန်းများမှာ နှစ်စမှစ၍ တရိပ်ရိပ်မြင့်တက်လာပါတယ်။ ဩဂုတ်လ ဒုတိယပတ်အထိ မြင့်တက်နေပါတယ်။ ယင်းသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ မြေပဲ၊ နှမ်း စိုက်ပျိုး ရာသီဖြစ်နေခြင်း၊ ဈေးကွက်သို့ စားအုန်းဆီ အဝင်နည်းခြင်း၊ ဒေါ်လာဈေးမြင့်တက်လာပြီး ကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်းတို့ကြောင့် ဈေးမြင့်တက်ရခြင်းဖြစ်ပါတယ်။ 

    ဈေးကွက် ခန့်မှန်းချက် 

    မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီဈေးနှုန်းများ အတက်ဘက်သို့ ဆက်လက်ရှိနေဦးမည် ဖြစ်ပါ ကြောင်း ခန့်မှန်း ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ 

    ဦးပြည့်ဖြိုးအောင် 

    ထွက်တိုး 

    ---- 


  • article
likes
5
comments
0
views
2782
cover
cover
cover
cover
cover