cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်း မိုးလေဝသခန့်မှန်းချက်နှင့် စိုက်ပျိုးရေးအကြံပြုချက်  

. ရာသီဥတု သတင်းများ
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၉ ရက် မှ ၁၅ ရက် အထိ တပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် (၂၅)ရာခိုင်နှုန်းမှ (၁၀၀)အထိရှိနိုင်ပါတယ်။ ခန့်မှန်းချက်များအရ မြို့နယ်အများစုမှာ မိုးရွာရန် ရာခိုင်နှုန်း လျော့နည်းသွားပြီး အပူချိန်အနည်းငယ်ပိုလာနိုင်ပါတယ် ခင်ဗျာ။
  • ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၉ ရက် မှ ၁၅ ရက် အထိ တပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် (၂၅)ရာခိုင်နှုန်းမှ (၁၀၀)အထိရှိနိုင်ပါတယ်။ ခန့်မှန်းချက်များအရ မြို့နယ်အများစုမှာ မိုးရွာရန် ရာခိုင်နှုန်း လျော့နည်းသွားပြီး အပူချိန်အနည်းငယ်ပိုလာနိုင်ပါတယ် ခင်ဗျာ။ ဒီလိုရာသီဥတုမှာ ဆစ်ပိုးနဲ့ ရွက်လိပ်ရွက်ကပ်ပိုးများ ကျရောက်ဖျက်ဆီးမှုကို ကြုံတွေ့နိုင်တဲ့ အတွက် သတိပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ 

    ၁။ ဟင်္သာတမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ ဟင်္သာတမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၉၄) ရာခိုင်နှုန်းအထိရှိပါသည်။ သြဂုတ်လ(၁၁) ရက်နေ့ မှာ မိုးရွာရန် ၉၄ ရာခိုင်နှုန်းမှာရှိနိုင်ပြီး သြဂုတ်လ ၁၂၊ ၁၃ ရက်နေ့မှာ မိုးရွာရန် ၄၀ ရာခိုင်နှုန်းသာ ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် ၅၅ မှ ၇၈ ရာခိုင်နှုန်း အတွင်းရှိနိုင်ပါတယ်။  

    ၂။ ညောင်တုန်းမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ ညောင်တုန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅)ရာခိုင်နှုန်းမှ (၈၅) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အပူချိန်အနေဖြင့် ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၃.၈°C မှ ပျမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၄.၉°C ရှိနိုင်ပါတယ်။ 

     ၃။ မအူပင်မြို့နယ်   

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ မအူပင်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၁)ရာခိုင်နှုန်းမှ (၈၄) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ သြဂုတ်လ ၁၂ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၈၄ မှာ ရှိနိုင်ပြီး သြဂုတ်လ (၁၄) ရက်မှာ မိုးရွာရန် ၄၁ ရာခိုင်နှုန်းသာ ရှိပါတယ်။  

    ကျန်ရက်တွေမှာ မိုးရွာရန်ရာခိုင်နှုန်းမှာ ၇၈ ရာခိုင်နှုန်းအောက်မှာ ရှိနိုင်ပါတယ်ခင်ဗျ။ 

    ၄။ မြောင်းမြမြို့နယ်   

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ မြောင်းမြမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ သြဂုတ်လ (၁၁) ရက်နေ့တွင် မိုးရွာရန်ရာနှုန်းပြည့်ဖြစ်ပြီး သြဂုတ်လ ၁၃၊ ၁၄ ရက်နေ့များမှာ မိုးရွာရန် ရာနှုန်း ၄၀ သာရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် ၅၅ မှ ၇၈ ရာခိုင်နှုန်း အတွင်းမှာပဲရှိနိုင်ပါတယ်ခင်ဗျာ။ 

    ၅။ ဓနုဖြူမြို့နယ်   

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ ဓနုဖြူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅)ရာခိုင်နှုန်းမှ (၈၅) ရာခိုင်နှုန်းအထိရှိနိုင်ပြီး ပျမ်းမျှအပူချိန်တွေကတော့ ၁၂ ရက်နေ့မှာ အမြင့်ဆုံး အပူချိန် ၃၃.၈ °C နှင့် အနိမ့်ဆုံးအပူချိန် ၂၅.၃°C ရှိနိုင်ပါတယ် ခင်ဗျာ။  

    ၆။ ပန်းတနော်မြို့နယ်   

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ ပန်းတနော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅) ရာခိုင်နှုန်းမှ (၈၅) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ သြဂုတ်လ ၁၁ မိုးရွာရန် ရာနှုန်း ၈၅ တွင်ရှိနိုင်ပြီး သြဂုတ်လ ၁၄ ရက်နေ့မှာ ရွာရန်ရာနှုန်း ၂၅ သာ ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၄၂ မှ ၆၈) ရာနှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။   

    ၇။ ကျိုက်လတ်မြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ ကျိုက်လက်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၂)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၁၁ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၉၈ တွင် ရှိနိုင်ပြီး သြဂုတ်လ ၁၄ ရက်နေ့မှာ ရွာရွန်ရာနှုန်း ၄၂ သာ ရှိနိုင်ပါတယ်။ ကျန်ရက်များတွင် မိုးရွာရန် (၅၈ မှ ၈၇) ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။  

    ၈။ ဝါးခယ်မမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ ဝါးခယ်မမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၃)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၁၁ ရက်အထိ မိုးရွာရန်ရာနှုန်းး ၉၀ ရှိနိုင်ပြီး အမြင့်ဆုံးပျှမ်းမျှအပူချိန် ၃၃.၃ °C မှ အနိမ့်ဆုံးပျမ်းမျှအပူချိန် ၂၄.၉ °C ရှိနိုင်ပါတယ်ခင်ဗျာ။ 

    ၉။ ကျုံပျော်မြို့နယ်   

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ ကျုံပျော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၁၁ နေ့တွင် မိုးရွာရန် ရာနှုန်း ၉၀ ရှိနိုင်ပြီး သြဂုတ်လ ၁၄ ရက်နေ့တွင် မိုးရွာရန်ရာနှုန်း ၄၀ သာရှိနိုင်ပါတယ်။ ကျန်ရက်များတွင် မိုးရွာရန် (၄၇) ရာနှုန်း အထက်မှာ ရှိနိုင်ပါတယ်။  

    ၁ဝ။ ဇလွန်မြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ ဇလွန်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၉၄) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။  

    ၁၁။ လပွတ္တာမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ လပွတ္တာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၁၁ ရက်နေ့မှာ မိုးရွာရွန်ရာနှုန်း ရာနှုန်းပြည့် ဖြစ်ပါတယ်။  

    ၁၂။ ပုသိမ်မြို့နယ်   

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ ပုသိမ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၃.၆°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၆°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။  

     ၁၃။ ဖျာပုံမြို့နယ်   

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ ဖျာပုံမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၂)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့မှာ ရွာရွန်ရာနှုန်း ၉၈ ရှိနိုင်ပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၃°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၅.၁°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။  

    ၁၄။ အင်္ဂပူမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ အင်္ဂပူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၉)ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။  

    ၁၅။ ကြံခင်းမြို့နယ်   

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ ကြံခင်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၉)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၁၁ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၉၀ ဖြစ်ပြီး သြဂုတ်လ ၁၄ ရက်တွင် မိုးရွာရန် ရာနှုန်း ၄၉ သာ ရှိနိုင်ပါတယ်။ ကျန်ရက်များမှာ (၆၈ မှ ၈၄) ရာခိုင်နှုန်းအတွင်းတွင်ရှိနိုင်ပါတယ်ခင်ဗျာ။ 

    ၁၆။ လေးမျက်နှာမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ လေးမျက်နှာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၁၁ ရက်နေ့တွင် ရာနှုန်း ၉၀ ဖြစ်ပြီး သြဂုတ်လ ၁၂၊ ၁၄၊ ၁၅ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၄၀၊ ၄၇၊ ၄၈ တွင် ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၆၄-၆၅)ရာခိုင်နှုန်း အတွင်း တွင်ရှိနိုင်ပါတယ်။  

     ၁၇။ ဒေးဒရဲမြို့နယ်   

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ ဒေးဒရဲမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၂)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။  

     ၁၈။ မော်လမြိုင်ကျွန်းမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၃)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၉၀ရှိနိုင်ပြီး ကျန်ရက်များတွင် (၈၈)ရာခိုင်နှုန်း နှင့် အောက်တွင်ရှိနိုင်ပါတယ်ခင်ဗျာ။   

    ၁၉။ ကန်ကြီးထောင့်မြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ ကန်ကြီးထောင့်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၇၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါ တယ်ခင်ဗျာ။  

    ၂ဝ။ ငပုတောမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၉) ရက် မှ (၁၅) ရက်နေ့အထိ ငပုတောမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်။ သြဂုတ်လ ၁၄ ရက်နေ့တွင် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ကျန်ရက်တွေမှာတော့မိုးရွာရန် ၇၄ ရာခိုင်နှုန်း အောက် တွင်ရှိ နိုင်ပါတယ်ခင်ဗျာ။ 

    တောင်သူများသို့ အကြံပြုချက်  

    စပါးခင်းများရေပေါ်ပြီးချိန်နောက်ဆက်တွဲအနေဖြင့် ဆစ်ပိုးနဲ့ 

    ရွက်လိပ်ရွက်ကပ်ပိုးများ ကျရောက်ဖျက်ဆီးမှုကို ကြုံတွေ့နေရပါတယ်။ 

    စပါးခင်းတွေရေပေါ်ချိန်မှာ အဓိက ဖျက်ဆီးလာနိုင်တဲ့ ဆစ်ပိုး(အူလျှောက်ပိုး)နဲ့ ရွက်လိပ်ရွက်ကပ်ပိုးများ အချိန်မှီ ကြိုတင်ကာကွယ်ထားနိုင်ရန်ဖော်ပြပေးလိုက်ရပါတယ်။ 

    ကြိုတင်ကာကွယ်နှိမ်နင်းနည်းများ 

    - အရွယ်ရောက် ဖလံကောင်တွေ ဥတွေထပ်မဥနိုင်အောင် တမာဆေးရည်ကို ဖျန်းပေးထားပါ။ 

    - ဥမြုံတွေ့ပါက ကောက်ယူဖယ်ရှားမြေမြုပ်ပါ။ 

    - ပိုးကောင်စားတဲ့ ငှက်တွေ နားနိုင်မယ့် ဝါးတိုင်နဲ့ သစ်ကိုင်းခက်တွေကို ငှက်နားတိုင် အဖြစ် ထားပေးပါ။ 

    - စပါးဝတ်မှုံ တည်ချိန်မှ စပီး ဝါးတိုင်တွေကို ဖယ်ရှားပေးပါ။ 

    ဓါတုဆေးအဆိပ်များ အသုံးပြုဖို့အတွက် ပိုးကျကျချင်းသိပြီး ဆေးဖျန်းနိုင်အောင် ကွင်းဆင်းစစ်ဆေးပေးပါ။ ပိုးစတွေ့တာနဲ့- 

    (၁) ကာတက်ဒ်ဟိုက်ဒရိုကလိုရိုဒ် 

    (၂)ကာဘိုဆာလ်ဖန် 

    ပါတဲ့ဆေးတစ်မျိုးမျိုးကို ဆေးထုပ်ပါအညွှန်းအတိုင်းဖျန်းပေးပါ။ 

    သို့မဟုတ် 

    (၃)Cartap (ကာတက်) 4% + Thimethoxam(သိုင်ရာမီသိုဇမ်)04%+ Abamectin(အဘာမက်တင်) 0.2% ဆေးအဆိပ်များပါဝင်တဲ့ ပိုးသတ်ဆေးအခဲ ကြိုတင်ကြဲပက်ပေးပါ။ 

     ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်  

    ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရေကြီးရေလျှံတာတွေ ဖြစ်နေတဲ့အတွက် ငါး/ပုဇွန်တောင်သူဦးကြီးများ အနေနဲ့ အောက်ပါအချက်လေးတွေ ဆောင်ရွက်ထားဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ-  

    မိမိငါးကန်ဘောင်ကို သဲအိတ်များဖြင့် ကာရံပြီး ဘောင်မြင့်တင်ထားရန်၊  

    အနိမ့်ပိုင်း ရေဝင်နိုင်သောနေရာများတွင် သင့်တော်သော ပိုက်များကာရံထားရန်၊  

    အစာကို သတ်မှတ်နှုန်းတားထက်လျော့ကျွေးရန်၊  

    ရေလွှမ်းထားသောကန်များ ရေပြန်ကျချိန်တွင် ကန်သန့်ရှင်းရေးဆောင်ရွက်ရန်၊  

    ရေပြန်ကျချိန်တွင် ငါးရိုင်းဖယ်ရှားသန့်ရှင်းရေးဆောင်ရွက်ရန်၊  

    Weather Source: CIAT  


  • article
likes6comments0
views2652
cover
cover
cover
cover
cover