တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ရန်ကုန်တိုင်းဒေသကြီး)
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့မှ (၁၈) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ မိုးရွာရန် (၄ဝ)ရာခိုင်နှုန်းမှ (၉ဝ) ရာခိုင်နှုန်းရှိတဲ့အတွင်း ကွာခြားချက်အရမ်းများနေသဖြင့် မိုးအနည်းငယ်သာ ရွာသွန်းနိုင်ပါတယ်။ တိမ်ထူ ခြင်း၊ မိုးအုံ့ခြင်းများဖြစ်ပေါ်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။
ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၃.၇ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၅.၃ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။
တွံတေးမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့မှ (၁၈) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် မိုးရွာရန် (၄၄)ရာခိုင်နှုန်းမှ (၈ဝ) ရာခိုင်နှုန်းရှိတဲ့အတွင်း ကွာခြားချက်အရမ်းများနေသဖြင့် မိုးအနည်းငယ်သာရွာသွန်းနိုင်ပါတယ်။ တိမ်ထူ၊ မိုးအုံ့ခြင်းများ ဖြစ်ပေါ်နိုင်ပါ ကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။
ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၃.၅ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၅.၄ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။
သန်လျင်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့မှ (၁၈) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် မိုးရွာရန် (၆၁)ရာခိုင်နှုန်းမှ (၉ဝ) ရာခိုင်နှုန်းရှိတဲ့အတွင်း ကွာခြားချက်အရမ်းများနေသဖြင့် မိုးအနည်းငယ်သာရွာသွန်းနိုင်ပါတယ်။ တိမ်ထူ၊ မိုးအုံ့ခြင်းများ ဖြစ်ပေါ်နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ် ခင်ဗျာ။
ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၃.၇ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၅.၃ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။
ကျောက်တန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့မှ (၁၈) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်တွင် မိုးရွာရန် (၄ဝ)ရာခိုင်နှုန်းမှ (၉ဝ) ရာခိုင်နှုန်း ၏ရှိတဲ့အတွက် ကွာခြားချက်အရမ်းများနေသဖြင့် မိုးအနည်းငယ်သာရွာသွန်းနိုင်ပါတယ်။ တိမ်ထူ၊ မိုးအုံ့ခြင်းများ ဖြစ်ပေါ်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။
ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၂.၉ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၅.၆ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
ငါးကန်များ ရေကြီးနစ်မြှပ် ကြုံတွေ့နေရကြောင်း ကြားသိရတဲ့အတွက် ယခုတစ်ပတ်မှာ မဖြစ်မနေ လုပ်ဆောင်ရန် အချက်ကလေးကို ဖော်ပြပေးလိုက်ပါတယ်။ အဲဒါကတော့ ငါးကန် ပတ်ပတ်လည်တွင် တာဘောင်မြှင့်ခြင်း၊ ပိုက်ကာခြင်းများ မဖြစ်မနေလုပ်ဆောင်ဖို့ အကြံပြုလိုပါတယ်။ နောက်တစ်ခုက အနိမ့်ပိုင်း ကန်များရှိ ငါးများကို အမြင့်ပိုင်းရှိ ကန်များသို့ ပြောင်းရွေ့ထားစေလိုပါတယ်။ ယခုတစ်ပတ်အတွင်း မိုးနည်း နိုင်သဖြင့် ယခုအချိန်တွင် မိမိကန်သန့်ရှင်းရေးဆောင်ရွက်ထားဖို့ ပြောကြားလိုပါတယ်။ အသားစားငါးနဲ့ ငါးရိုင်း သန့်ရှင်းရေး ဆောင်ရွက်စေပြီး အစာကိုလည်း သတ်မှတ်နှုန်းတားထက် လျော့၍ ကျွေးစေလိုပါကြောင်း တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။
Weather Source: CIAT
----
မိုးလေဝသခန့်မှန်းချက်များ သိနိုင်ရန်၊ စိုက်ပျိုးရေး/မွေးမြူရေးပြဿနာများ အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။
လေ့လာနိုင်ရန်_ https://htwettoe.com/post/49569 လင့် နှိပ်ပါ။