cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှောက်မျိုးနွယ်ဝင်ပင်များအကြောင်းသိကောင်းစရာနှင့် ရှောက်မျိုးနွယ်ဝင်ပင်များစိုက်ပျိုးနည်းစနစ်များ

. စိုက်ပျိုးနည်းစနစ်များ
ရှောက်နှင့် သံပုရာချိုကို မြေထုပ်စည်း သို့မဟုတ် ပင်ပိုင်းဖြတ်နည်းဖြင့် မျိုးပွားကြပါသည်။ သံပုရာကိုအစေ့မှ မျိုးပွားများပါသည်။
  • မြန်မာအမည်-ရှောက်မျိုးနွယ်ဝင် အပင်များ 

    အင်္ဂလိပ်အမည်- Citrus 

    ရုက္ခဗေဒအမည် - Citrus spp 

    မျိုးရင်းအမည် - Rutaceae 

    ၁။အရေးကြီးသောမျိုးစိတ်များ 

    -Mandarin ခွံပွလိမ္မော် 

    -Sweet Orange ကဗ္ပလာခွံပွလိမ္မော်၊ထုံကျင်(C.sinensis) 

    -Pomelo ကျွဲကော(C.grandis) 

    -Grate fruit ဂရိတ်ဖရု(C.paradisi) 

    -Lemon သံပယို(C.limon) 

    -Citron ရှောက်သခွား(C.medica) 

    -Unshu ဂျပန်လိမ္မော် (C.unshiu) 

    -Bitter Orange ရှောက်ခါး/ရှောက်ချဉ် (C.aurantiun) 

    -Sour Lime သံပုရာ (C.aurantifolia) 

    -Sweet Lime သံပုရာချို (C.limettoides) 

    -Kama khatta (C.khama) 

    -Rough Lemon ရှောက်နု ရှောက်ထွတ် (C.jambhiri) 

    ၂။ဆက်စပ်လျက်ရှိသောမျိုးစုများ 

    -Poncirus (Rrifoliate orange) အရွက်သုံးမွှာပါလိမ္မော် 

    -Fortunella (Kumquat) ကမ်းကွက်လိမ္မော်(အောက်ခံပင်အတွက်သုံး) 

    (အသီးအရွယ်သေး အခွံပါစားနိုင်သောလိမ္မော်) 

    ၃။စပ်မျိုးများ 

    -Citrange (အရွက်သုံးမွှာလိမ္မော် x ကမ္ဗလာ) 

    -Citrumello (အရွက်သုံးမွှာ x ဂရိတ်ဖရု) 

    -Tangor (လိမ္မော် x ကမ္ဗလာ) 

    -Tangelo (လိမ္မော်ဖရု) 

    -Lemonine (ရှောက် x သံပုရာ) 

    ( ၁ နှင့် ၂ က အောက်ခံပင်တွေအတွက် အသုံးပြုကြပါသည်) 

    ၄။မြေအမျိုးအစား 

    အသင့်တော်ဆုံး PH မှာ ၅.၅ မှ ၇.၅ ဖြစ်ပါသည်။ မြေသားထုနက်ပြီး ပွသော လေဝင်လေထွက်မှုကောင်းသည့်မြေအမျိုးအစားတွင် ကောင်းစွာဖြစ်ထွန်းပြီး၊ ထုံးကျောက် CaCO3 ဖြင့် ဖွဲ့စည်းထားသော မြေအောက်ကျပ်တည်းပြင်အလွှာကင်းရှင်းရပါမည်။ ရေစီးစိမ့်မှုကောင်းရန် အလွန်အရေးကြီးပါသည်။။ 

    ၅။ရာသီဥတု 

    အပူလျော့ပိုင်း ဆီးနှင်းကင်းသောဒေသနှင့် အပူပိုင်းမကျတကျရာသီဥတုရှိသော semitropical ဒေသများတွင် ကောင်းစွာဖြစ်ထွန်းသည်။ အမြဲစိမ်းအပင်ဖြစ်သည်နှင့်အညီ ဆောင်းတွင်း အအေးဓါတ်လိုအပ်ချက်သီးခြားမရှိသော်လည်း ဆောင်းရာသီတွင် အပင်ကြီးထွားခြင်းရပ်နားမှုသည် ပန်းပွင့်ဖူး ဖြစ်ပေါ်မှုကို ဖြစ်စေပြီး နွေဦးကာလပန်းပွင့်ခြင်းကိုဖြစ်စေပါသည်။နိမ့်သောအပူချိန် ၂၀-၃၀ ဒီဂရီဖာရင်ဟိုက်သည် အပင်ငယ်များကို ပျက်စီးစေပါသည်။အပူချိန် ၁၂-၁၆ ဒီဂရီဖာရင်ဟိုက်တွင် အပင်ကြီးများသေဆုံးသွားမည်ဖြစ်ပါသည်။ ဂရိတ်ဖရုသည် မြင့်သောအပူချိန်ကို ခံနိုင်ရည်ရှိပြီး အပူချိန် ၁၂၀ ဒီဂရီဖာရင်ဟိုက် ၄၃.၈၃ ဒီဂရီဖာရင်ဟိုက်အထိ ခံနိုင်ပါသည်။ ပန်းပွင့်ချိန်နှင့်အသီးကင်းဝင်ချိန်တွင် လေပူနှင့် အပူချိန်လွန်ကဲမှု ဖြစ်ပေါ်လာပါက ပန်းပွင့်ကိုပျက်စီးစေခြင်း ၊ အသီးကြွေခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ အရိပ်အောက်ကျသော အပင်ငယ်များမှာ သီးထွက်ညံ့တတ်ပါသည်။ 

    ၆။မျိုးပွားခြင်း 

    ကမ္ဗလာ၊လိမ္မော်နှင့် ဂရိတ်ဖရုတို့ကို မျိုးပွားရာတွင် အဖူးမြှုပ်မျိုးပွားနည်းမှာ အသုံးများသော မျိုးပွားနည်းဖြစ်ပါသည်။ ရှောက်နှင့် သံပုရာချိုကို မြေထုပ်စည်း သို့မဟုတ် ပင်ပိုင်းဖြတ်နည်းဖြင့် မျိုးပွားကြပါသည်။ သံပုရာကိုအစေ့မှ မျိုးပွားများပါသည်။သံပုရာမျိုးစေ့မှာ အစေ့တစ်စေ့တွင် အပင်လောင်းအများအပြားပါသော Polyembryony အစေ့ဖြစ်သဖြင့် ညီညာသောပျိုးပင်ကိုရရှိပါသည်။မူမှန်သန္ဓေလောင်းဖြစ်ပေါ်မှုမရှိဘဲ Nucellus တစ်သျှူးဆဲလ် တစ်ခုခုမှ အပင်လောင်းအဖြစ် ပြောင်းလဲလာခြင်းဖြစ်သည်။ထို့ကြောင့်အစေ့တစ်ခုထဲတွင် အပင်လောင်းတစ်ခုထက်မက များပြားနိုင်သည်။ Nucellus cell မှ အပင်ဖြစ်၍ မိခင်အပင်နှင့်တူသောအပင်ကို ရရှိပါသည်။ Virus ရောဂါအတော်များများ အထူးသဖြင့် ရှောက်မျိုးနွယ်ဝင် အပင်များတွင် အရေးကြီးသော Tristeza ရောဂါဖြစ်စေသည့် ဗိုင်းရပ် မှာ အစေ့တွင်မဝင်နိုင်ပေ။ 

    လေးထောင့်ကွက်အဖူးဆက်နည်း Patch နှင့် T ပုံသဏ္ဌာန်အဖူးမြှုပ်နည်းများဖြင့် အဖူးမြှုပ်ကြပါသည်။ အဖူးမြှုပ်ရန်သင့်တော်သော ပင်ရည်တက်မှုကောင်းပြီး Cambium အသားနုများနိုးကြားချိန်ဖြစ်ပါသည်။ အဖူးကိုင်းအဖြစ်တစ်နှစ်သားရှိပြီး စောင်းမရှိသော အကိုင်းမှ အညွန့်မထွက်သေးသည့် ကောင်းစွာစူထွက်နေသော အဖူးများပါရှိပါက ပိုကောင်းပါသည်။အောက်ခံပင်တွင်မြေကြီးမှ ၂၀-၂၅ စင်တီမီတာ အမြင့်၌အဖူးမြှုပ်ရန်ဖြစ်ပြီး အဖူးမြှုပ်ပြီး ၆-၉ လတွင် စိုက်ပျိုးရန်အသင့်ဖြစ်ပါသည်။ 

    အောက်ခံပင်များပျိုးထောင်ရန် စိတ်ကြိုက်ရွေးချယ်ထားသောအပင်မှ ပြည့်ဖြိုးအောင်မြင်သောမျိုးစေ့ကိုရွေးယူပြီး မြေဆွေးလုံလောက်စွာဖြင့်ကောင်းစွာပြင်ဆင်ထားသော မူလပျိုးခင်းတွင်ပျိုးပါ။ပျိုးခင်းမှာ ရေစီးစိမ့်မှုကောင်းပြီးမြေဩဇာထက်သန်ရမည်။မြေဆောင်ရောဂါများနှင့်နီမတုတ်များကင်းရှင်းရပါမည်။မူလပျိုးဘောင်များ၏အပေါ်ပိုင်းကို သဲ ၃-၅ စင်တီမီတာ အလွှာဖြင့်ဖုံးအုပ်ပေးပါ။မျိုးစေ့များ မှိုသတ်ဆေးဖြင့်လူးနယ်စိုက်ပျိုးပါ။မျိုးစေ့မှာ အပင်ပေါက်ရန် ၃-၄ ပါတ်ကြာပြီး ပျိုးပင်များ အရွက် ၄-၆ ရွက်ထွက်ချိန်တွင် ဒုတိယပျိုးခင်းသို့ရွှေ့စိုက်ရန် အဆင်သင့်ဖြစ်ပြီး ဖြစ်ပါသည်။ဒုတိယပျိုးခင်းတွင် ပင်ခြားတန်းခြား ၂၀-၃၀ စင်တီမီတာခြား စိုက်ပျိုးထားရှိရမယ်။ ညီညာပြီးထောင်မတ်သန်စွမ်းသော အပင်ကို အောက်ခံအပင်အဖြစ် ရွေးချယ်အဖူးမြှုပ်ပါ။ 

    ၇။ရေသွင်းခြင်း 

    သဲကြမ်းမြေ သို့မဟုတ် သဲနှုန်းမြေ၊ရေထိန်းအားနည်းသောမြေတွင် မကြာခဏ ရေသွင်းရန်လိုအပ်ပါသည်။ ကြီးထွားမှုမြန်သည့်အချိန်နှင့် ပန်းပွင့်ချိန်၊အသီးကင်းဝင်ချိန်များတွင်ရှောက်မျိုးနွယ်ဝင် အပင်များသည် ရေငတ်ခြင်းကို မခံနိုင်ပါ။အသီးများအပင်ပေါ်ရှိချိန်တွင် အပင်များ ရေမကြာခဏငတ်ပါက အသီးတင်မှုလျော့နည်းသွားပါသည်။ရှောက်မျိုးနွယ်ဝင်အပင်များသည် ရေများခြင်း၊ ရေဝပ်ခြင်းကို ခံနိုင်ရည်မရှိကြပါ။သွင်းရေတွင် ဆားဓါတ်ပါဝင်မှုကိုခံနိုင်ရည်မရှိခြင်းကြောင့် သွင်းရေတွင် စုစုပေါင်းပျော်ဝင်ဆား (Total soluble solid) ပမာဏ ၁၀၀၀ သန်းပုံ ppm ထက် မပိုသင့်ပေ။သွင်းရေမှာ ပင်စည်ကို တိုက်ရိုက်ထိတွေ့မှု မရှိသင့်ပါ။ပုံမှန်အားဖြင့် မတ်လမှ ဇွန်လအတွင်း အပါတ်စဉ်ရေသွင်းပြီး နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်း နှစ်ပတ်ခြားတစ်ကြိမ်ရေသွင်းပေးပါ။ 

    ၈။ဓါတ်မြေဩဇာကျွေးခြင်း 

    ကမ္ဗလာနှင့်လိမ္မော်ပင်များအတွက် တစ်ဟက်တာလျှင် N ၆၀၀-၈၀၀ ကီလိုဂရမ် P ၃၀၀-၄၀၀ ကီလိုနှင့် K ၃၀၀-၄၀၀ ကီလိုနှုန်း ကျွေးပေးခြင်းသည် အပင်ကြီးထွားမှု၊အထွက်နှုန်းနှင့် အရည်အသွေးတွက်သင့်တော်သော နှုန်းထားဖြစ်ကြောင်းတွေ့ရှိပါသည်။အနည်းလိုအာဟာရဓါတ်ချို့တဲ့မှုများ ဖြစ်လေ့ရှိရာ ဇင့်ဆာလဖိတ် (ZnSo4) ၀.၄-၀.၆ ရာခိုင်နှုန်း၊ ကြေးနီဆာလဖိတ် ၀.၄-၀.၅ ရာခိုင်နှုန်း၊ဘိုရက်(လက်ချား) ၀.၁ ရာခိုင်နှုန်း၊ Iron chelates (သံဓါတ်ပါသော အော်ဂဲနစ်ဒြပ်ပေါင်းများ)။ 

    လာမယ့်အပါတ်မှာ တော့ ရှောက်မျိုးနွယ်ဝင်အပင်များ မှာ ကျရောက်တတ်တဲ့ ပိုးမွှားရောဂါများနဲ့ကာကွယ်နှိမ်နင်းနည်းအကြောင်းများကို ထွက်တိုးမိသားစုမှ ဆက်လက်တင်ဆက်ပေးမှာမို့စောင့်မျှော်ဖတ်ရှုပေးပါရန်တိုက်တွန်းရင်း………. 

    Source: စိုက်ပျိုးရေးဦးစီးဌာန 

    ---- 

    !! ထွက်တိုးစိုက်/မွေး ဆော့ဝဲလ်က VPN မလိုအပ်ပါဘူးနော်။ 

    ထွက်တိုးမှာ မေးခွန်းမေးမြန်းနည်း (သို့) စိုက်ခင်းပြဿနာအဖြေရှာနည်း - https://htwettoe.com/post/42799 

    ထွက်တိုး Telegram - https://t.me/htwettoe 

    ထွက်တိုး Youtube - https://www.youtube.com/@HtwetToe 

    ထွက်တိုး Tik Tok - https://www.tiktok.com/@htwettoe?_t=8oniiE6uZF4&_r=1 


  • article
likes9comments0
views2467
cover
cover
cover
cover
cover