cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စျေးကွက်သုံးသပ်ချက် (၁၂.၈.၂၀၂၄ မှ ၁၆.၈.၂၀၂၄)

. ဈေးကွက်သုံးသပ်ချက်
မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် အမြင့်ဈေးနဲ့ ရှိနေတာ ဖြစ်ပြီး ငွေလဲလှယ်ဈေးနှုန်းပေါ် မူတည်ကာ ဈေးအတက်အကျရှိနေတာဖြစ်ပါတယ်။
  • ဈေးကွက်အတွင်း ပဲမျိုးစုံက ငွေကြေးလဲလှယ်ဈေးနှုန်းကြောင့် အများစု ပုံမှန်ထက် မြင့်တက်နေပြီး စက်သုံးဆီဝယ်ယူမရရှိတဲ့အတွက် သယ်ယူပို့ဆောင်စရိတ်မြင့်တက်တာ ကြိတ်ခွဲစရိတ်မြင့်တက်တာ၊ သွင်းအားစု ဈေးနှုန်းများ မြင့်တက်တာတွေ ကြုံတွေ့နေရပါ တယ်။

    မတ်ပဲ

    မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် အမြင့်ဈေးနဲ့ ရှိနေတာ ဖြစ်ပြီး ငွေလဲလှယ်ဈေးနှုန်းပေါ် မူတည်ကာ ဈေးအတက်အကျရှိနေတာဖြစ်ပါတယ်။ ကျပ်တန်ဖိုးဈေး ကျဆင်းတဲ့အတွက်ကြောင့်သာ ပဲ ဈေးတွေ မြင့်တက်နေတာဖြစ်ပေမယ့် FOB ဈေးမှာတော့ ဈေးက ဆက်တိုက် ကျဆင်းနေပါတယ်။ လက်ရှိ မှာတော့ ဈေးကွက်အတွင်း ငွေကြေးဈေးတည်ငြိမ်မှု မရှိတာကြောင့် အရောင်းအဝယ်အေး နေတယ်လို့ကုန်သည်တွေက ပြောပါတယ်။

    အိန္ဒိယနိုင်ငံတွင်းမှာလည်း မတ်ပဲ အသစ်တွေ စတင် ဝင်ရောက်နေပေမယ့် လက်ရှိ အိန္ဒိယနိုင်ငံတွင်း ပွဲတော်ကာလ ဖြစ်တဲ့အတွက် အရောင်းအဝယ်များလာနိုင်တယ်လို့ သိရပါတယ်။ လက်ရှိ မြန်မာပြည်တွင်းမှာလည်း ငွေကြေးဈေးကြောင့် အရောင်းအဝယ် ရပ်နားထားတာတွေကြောင့် မတ်ပဲ လိုအပ်ချက်မြင့်နေတဲ့ အိန္ဒီယမှာ ဈေးက အမြင့်ဈေးနဲ့ပဲ ရှိနေနိုင်တယ်လို့ သုံးသပ်ထားတာတွေ တွေ့ရပါတယ်။

    အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၈၅၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်ယှဉ်ရင် တစ်တန်ကို ၁၅၀ ရူပီး ‌ဈေးကျဆင်းပါတယ်။ မတ်ပဲ FOB ဈေးနှုန်းကတော့  တစ်တန်ကို ၈၉၅ မှ ၉၀၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ၂၅ ဒေါ်လာ ဈေးကျဆင်းပါတယ်။

    ပြီးခဲ့တဲ့ အပတ်က သောကြာနေ့က ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၅၉၁၀၀၀ ရှိ ခဲ့ပါတယ်။တနင်္လာနေ့ မှာတော့ တစ်တန်ကို ၃၆၂၈၀၀၀၊ အင်္ဂါနေ့မှာ တော့ တစ်တန်ကို ၃၇၉၃၀၀၀ကျပ် ၊ဗုဒ္ဓဟူးနေ့ မှာတော့ တစ်တန်ကို ၃၈၀၇၀၀၀၊ ကြာသပတေးနေမှာ တော့ တစ်တန်ကို ၃၇၈၄၀၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁၉၃၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။

    (SQ/RC) ကတော့ တစ်တန်ကို   ၄၁၇၄၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂၄၈၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၆၁၆၅ မှ ၆၃၀၀ ပေါက် ဈေးရှိပြီး တစ်ပိဿာကို ၄၀၅ ကျပ်ဈေးမြင့်တက်လာပါတယ်။

    လက်ရှိ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးက ပြင်ပပေါက်ဈေး ငွေကျပ် ၇၀၀၀ ကျော်ထိ ရောက်ရှိ နေတယ်လို့ စုံစမ်းသိရပါတယ်။

    ပဲတီစိမ်း၊ ကုလားပဲ၊ ပဲပုတ်

    လက်ရှိမှာတော့ ပို့ကုန် ပဲအများစု နဲ့ ပြည်တွင်း လက်ကျန် ပဲ အများစုက ငွေကြေးဈေးပေါ် မူတည်ပြီး ဈေးအတက်အကျ ရှိနေတာ ဖြစ်ပြီး ပဲအများစုကလည်း အမြင့်ဈေး နဲ့ ရှိနေတာ ဖြစ်ပါတယ်။ အရောင်းအဝယ်ကတော့ လက်ရှိ ငွေကြေးဈေးမတည်ငြိမ်တာတွေကြောင့် အရောင်းအဝယ် ခပ်အေးအေးနဲ့သာ ရှိနေတယ်လို့ သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ (ပဲခူးရွှေဝါ)၊ ဝါးခယ်မ၊ ပခုက္ကူတို့က တစ် ပိဿာ ကို ၃၁၆၅ ကနေ ၅၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၂၅၀ လောက် ဈေးမြင့် တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) အသစ်က က သုံးတင်းဝင်တစ်အိတ်ကို ၂၀၀၀၀၀ မှ ၂၅၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၂၀၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

    ကုလားပဲ ဈေးကလည်း မြင့်တက်လာပြီး အလုံးထက် အခြမ်းဈေးက ရန်ကုန်ဈေးကွက်မှာ မြင့်တက် လာပါတယ်။ကုလားပဲ ခြမ်းက တစ်ပိဿာကို ၆၇၀၀ မှ ၇၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၁၀၀ ကျပ်ဈေးမြင့်တက်ပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ကုလားပဲ 929 ၊ ကုလားပဲ(v7) ၊ကုလားပဲ ထိုင်ဝမ်၊ ကုလားပဲလုံးv2 တို့က တစ်အိတ်ကို ၂၇၅၀၀၀ မှ ၃၄၀၀၀၀ ကြား ရှိနေပြီး တစ်အိတ်ကို ငွေကျပ် ၅၀၀၀၀ နီးပါးဈေးမြင့်တက်လာပါတယ်။နယ်ဈေးကွက်တွေမှာလည်း ကုလားပဲ တစ်တင်းကို ၁၀၀၀၀နီးပါးထိ ဈေးမြင့်တက်လာပါတယ်။

    ပဲပုတ်တွေကတော့ ဆီအတွက် ဝယ်ယူမှု များလာတဲ့အတွက် ဈေးတွေဆက်တိုက်မြင့်တက်လာခဲ့ပြီး လက်ရှိမှာလည်း ငွေကြေးဈေးကြောင့် အဆမတန်ဈေးမြင့်တက်နေပါတယ်။ဈေးကွက်အတွင်း မှာ‌တော့ ဈေးမြင့်မှုကြောင့် အရောင်းအဝယ်အေးပြီး ငြိမ်နေတယ်လို့ သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ပဲပုတ်(ဆီတိုး)က တစ်ပိဿာကို ၆၀၀၀ မှ ၆၃၃၅ ရှိပြီး ဈေးငြိမ်ကာ အထွက်တိုးကတော့ တစ်ပိဿာကို ၅၈၃၀ မှ ၆၁၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၃၅ ကျပ်ဈေးတက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲပုတ်(ဗမာ)က တစ်အိတ်ကို ၃၁၅၀၀၀ မှ ၃၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်။ပဲပုတ်(ရှမ်း)ကတော့ တစ်အိတ်ကို ၃၈၀၀၀၀ မှ ၄၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

    ကြက်သွန်နီ

    ကြက်သွန်နီကတော့ သယ်ယူပို့ဆောင်စရိတ်မြင့်တက်လာတဲ့အတွက်ကြောင့် ၂ ပတ်တာ ဈေးငြိမ်နေရာ မှ ဈေးအနည်းငယ်တက်လာပါတယ်။ နိုင်ငံ့အခြေအနေတွေကြောင့် ပို့ဆောင်ဖို့ ခက်ခဲမှုတွေ ရှိနေပြီး အရောင်းအဝယ်အေး/ဈေးအေးနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်ကို လည်း နေ့စဉ် ပိဿာချိန် တစ်သိန်းနီးပါးလောက်သာ အဝင်ရှိနေပါတယ်။

    ဘုရင့်နောင်ဈေးကွက်မှာကြက်သွန်နီ (ဆိပ်ဖြူ၊မြင်းခြံ၊တို့က )က တစ်ပိဿာကို ၁၇၀၀ မှ ၂၄၀၀ ကြား ရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးမြင့်တက်ပါတယ်။

    AMIA

    ----


  • article
likes7comments0
views2473
cover
cover
cover
cover
cover