cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်းဒေသကြီးအတွက် တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်နှင့် ဖြုတ်၊ဆစ်ပိုး နဲ့ နှံစုပ်ဂျပိုးအတွက် သတိပေးအကြံပြုချက်

. ရာသီဥတု သတင်းများ
မိုးညိုမြို့နယ်မှာ သြဂုတ်လ (၂၀) ရက်နေ့မှ သြဂုတ်လ (၂၆) ရက် မိုးရွာရန် ရာနှုန်း ၄၀ မှ ၉၉ အထိ ရှိနိုင်ပါတယ်။ သြဂုတ်လ ၂၁၊ ၂၄ ရက်တွင် မိုးရွာရန် ရာနှုန်း ၉၆ နှင့် ၉၉ ရှိနိုင်ပြီး သြဂုတ်လ ၂၅၊ ၂၆ ရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၄၀ နှင့် ၄၄ တွင်ရှိနိုင်ပါတယ်။
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် များအတွက်ကတော့

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့မှ သြဂုတ်လ (၂၆) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်

    မိုးညိုမြို့နယ်မှာ သြဂုတ်လ (၂၀) ရက်နေ့မှ သြဂုတ်လ (၂၆) ရက် မိုးရွာရန် ရာနှုန်း ၄၀ မှ ၉၉ အထိ ရှိနိုင်ပါတယ်။ သြဂုတ်လ ၂၁၊ ၂၄ ရက်တွင် မိုးရွာရန် ရာနှုန်း ၉၆ နှင့် ၉၉ ရှိနိုင်ပြီး သြဂုတ်လ ၂၅၊ ၂၆ ရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၄၀ နှင့် ၄၄ တွင်ရှိနိုင်ပါတယ်။ ကျန်သောရက်များမှာ ၆၉-၈၀ ရာခိုင်နှုန်း အတွင်း မှာ ရှိနိုင်ပါသည်။ အမြင့်ဆုံးအပူချိန်မှာ ၃၂.၃C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၉C ရှိနိုင်ပါတယ်ခင်ဗျာ။

    လက်ပံတန်းမြို့နယ်မှာ သြဂုတ်လ (၂၀) ရက်နေ့မှ သြဂုတ်လ (၂၆) ရက်အထိ မိုးရွာရန် ရာခိုင်နှုန်း ၃၉ မှ ၉၈ အတွင်းရှိနိုင်ပါတယ်။ သြဂုတ်လ ၂၁၊ ၂၃၊ ၂၄ ရက်များတွင် မိုးရွာရန် ရာနှုန်း ၉၃ မှ ၉၈ ထိရှိနိုင်ပါတယ်ခင်ဗျာ။ သြဂုတ်လ ၂၆ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၃၉သာ ရှိပြီး ကျန်သောရက်များတွင် မိုးရွာရန် ၇၂ မှ ၇၈ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှ ၂၄.၂C အမြင့်ဆုံးအပူချိန် ၃၁.၆ C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    သာယာဝတီမြို့နယ်မှာ သြဂုတ်လ (၂၀) ရက်နေ့မှ သြဂုတ်လ (၂၆) ရက် အထိ မိုးရွာရန် ရာခိုင်နှုန်း ၃၉ မှ ၉၈ အတွင်း ရှိနိုင်ပါတယ်။ သြဂုတ်လ ၂၁၊ ၂၃၊ ၂၄ ရက်တွင် မိုးရွာရန် ရာနှုန်း ၉၃ နှင့် အထက်မှာရှိနိုင်ပြီး သြဂုတ်လ ၂၆ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၃၉သာ ရှိပါတယ်။ ကျန်သောရက်မှာ မိုးရွာရန် ၇၂ မှ ၇၈ ရာခိုင်းနှုန်းအတွင်း ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၄.၂C မှ အမြင့်ဆုံးအပူချိန် ၃၁.၆ C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    စိုက်ပျိုးရေးအကြံပြုချက်

    စပါးခင်းများအတွက် ဖြုတ်၊ဆစ်ပိုး နဲ့ နှံစုပ်ဂျပိုး အတွက် သတိပေးချက်

    ဖြုတ်ကာကွယ်နှိမ်နင်းနည်း

    -မီးထောင်ခြောက်များတပ်ဆင်ပါ

    -ပိုးစကျကျခြင်း အခင်းကို ရေလွှမ်းပေးပါ၊ပိုးကောင်ရေလျော့နည်းစေပါတယ်

    -နောက်ပြီး အခင်းကို ရေထုတ်လေကြောင်းခွဲကာ ရေ ၄ ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ပိုင်မီသရိုဇိုင်း ၄၅% + နီတန်ဖီရမ် ၁၅% ဒဗလျူဒီဂျီ စားပွဲတင်ဇွန်း (၁)ဇွန်း သို့မဟုတ်

    တစ်ဧကလျှင် ဒိုင်နိုတီဖျူရမ် ၂၀% စားပွဲတင်ဇွန်း ၄-၅ ဇွန်းဖျန်းပါ။

    ဆစ်ပိုး ကာကွယ်နှိမ်နင်းနည်း

    -မိုးမပြတ်ရွာနေပါက ဖျန်းဆေးအသုံးမပြုနိုင်လျှင် Cartap 4% + Thimethoxam 04%+ Abamectin 0.2% ပိုးသတ်ဆေးအခဲကို တစ်ဧက ၅ကီလိုနှုန်းကြဲပက်ပေးပါ။

    -ဖျန်းဆေးအသုံးပြုမည်ဆိုပါက Cartap hydrochloride သို့မဟုတ် Carbosulfan 20% ပိုးသတ်ဆေးများ ဖျန်းပက်ပါ။

    -စွဲကပ်ပျံ့နှံ့ဆေးများ နှင့်တွဲဖျန်းနိုင်လျှင် ပိုကောင်းပါသည်။

    နှံစုပ်ဂျပိုး ကာကွယ်နှိမ်နင်းနည်း

    -ပိုးစကျကျခြင်းသိ၍ ဆေးဖျန်းကာကွယ်နိုင်အောင် ကွင်းမပြတ်ဆင်းစစ်ဆေးပါ

    -ပိုးစကျပါက လန်ဘဒါဆိုင်ဟေလိုသရင် သို့မဟုတ် အီမာမက်တင်ဘန်ဇိုအိတ်ပိုးသတ်ဆေးများ ဖျန်းပက်ပါ။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်

    မိုးဆက်လက်ရွာသွန်းမည်ဖြစ်သဖြင့် ငါး/ပုစွန်တောင်သူဦးကြီးများအနေဖြင့် အောက်ပါအချက်များကို ဆောင်ရွက်ထားဖို့ မဖြစ်မနေတိုက်တွန်းအပ်ပါတယ် ခင်ဗျာ-

    • ကန်ပတ်ပတ်လည် ပိုက်ကွက်များ မဖြစ်မနေ ကာရံထားရန်

    • ပုစွန်ကန်များအနေဖြင့် ပြင်ပမှ ဝင်ရောက်လာသော ရေများကို စုပ်ထုတ်ပြီး အနီးနားရှိ သဘာဝ မြစ်ချောင်းများမှ ရေကို စုပ်ယူထည့်ပေးရန်၊

    • ကန်ရေလှယ်ပေးရန်၊

    • အစာဖိုးသက်သာစေရန၊် သဘာဝ ရေဩဇာမြင့်တက်ရေးဆောင်ရွက်ရန်၊

    • ငါးကန်များအနေဖြင့် ငါးရိုင်းသတ်ဆေးများ ထည့်ပေးရန်၊

    Weather Source: CIAT

    --

    မိုးလေဝသခန့်မှန်းချက်များ သိနိုင်ရန်၊ စိုက်ပျိုးရေး/မွေးမြူရေးပြဿနာများ အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။

    လေ့လာနိုင်ရန်_ https://htwettoe.com/post/49569 လင့်ကို နှိပ်ပါ။


  • article
likes2comments0
views1679
cover
cover
cover
cover
cover