cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးရှဉ့်မွေးမြူရန် ကန်တည်ဆောက်ခြင်းနှင့် မွေးမြူရေးမြေလွှာပုံတည်ဆောက်ခြင်း

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးရှဉ့်သည် တွင်းဖောက်သွားလာခြင်းများသဖြင့် မြေကန်တူးဖော်ပြီး မွေးမြူခြင်းမဖြစ်နိုင်ပါ၊ ငါးရှည့်မွေးမြူခြင်းကို အုတ်ကန်ဖြင့်လည်းကောင်း၊ တာပေါ်လင်ကန်ဖြင့်လည်းကောင်းမွေးမြူနိုင်ပါသည်။
  • ငါးရှဉ့်သည် တွင်းဖောက်သွားလာခြင်းများသဖြင့် မြေကန်တူးဖော်ပြီး မွေးမြူခြင်းမဖြစ်နိုင်ပါ၊ ငါးရှည့်မွေးမြူခြင်းကို အုတ်ကန်ဖြင့်လည်းကောင်း၊ တာပေါ်လင်ကန်ဖြင့်လည်းကောင်းမွေးမြူနိုင်ပါသည်။ ငါးရှဉ့်များကို မည်သည့်ဓာတုလှုံ့ဆော်ပစ္စည်းမှ မသုံးစွဲဘဲအချိန်မရွေးမွေးမြူနိုင်ပါသည်။ သူတို့သည် လေရှူမှု နည်းနဲပါးသောမျိုးစိတ်ဖြစ်ပြီး၊ အောက်စီဂျင်ပျော်ဝင်နှုန်း ကျဆင်းသည့်အချိန်မှာပင် အသက်ရှင်နိုင်သဖြင့် ရေရှားသော ဒေသများတွင် မွေးမြူနိုင်ပါသည်။ ရေငန်ဒေသမှလွဲပြီး မြစ်ရေ၊ ချောင်းရေ၊ ကန်ရေနှင့် အဝီစိတွင်းရေဖြင့်လည်း မွေးမြူနိုင်ပါသည်။

    ကန်တည်ဆောက်ရန် အလျား ၆ ပေ၊ အနံ ၃ ပေ နှင့် အမြင့် ၃ ပေ ရှိ ကန်နှစ်ကန်အား ပူး တွဲတည်ဆောက်ရပါမည်။ ဧရိယာအကျယ်အဝန်းအားဖြင့် ကန်နှစ်ကန်၏ မျက်နှာပြင်ဧရိယာမှာ ၄ စတုရန်း မီတာ လိုအပ်ပါသည်။ တည်ဆောက်မည့်ကန်အား ရေစိမ့်ထွက်ခြင်း မရှိစေရန် ဆောင်ရွက်ထားရပါမည်။ သို့ သော် ကန်အောက်ခြေတွင် ရေထုတ်ပေါက်တစ်ပေါက် ထားရှိပေးရပါမည်။

    ကန်တည်ဆောက်ပြီးပါက မွေးမြူရေးအလွှာပုံကို အောက်ပါအတိုင်း ဆောင်ရွက်ပေးရပါမည်-

     ပထမဦးစွာ ကန်အတွင်းအောက်ခြေတွင် ၁၀ စင်တီမီတာ ၄လက်မအမြင့်ခန့် ရွှံ့များကို အလျားလိုက် ထည့်ပါ။ ထိုသို့ထည့်ရာတွင် ကန်၏ အနံ ထက်ဝက်ခန့်သာ ထည့်ရမည်။

     ဒုတိယအနေဖြင့် ဆွေးမြေ့နေသောကောက်ရိုးများကို အထူ (၄) လက်မအထိထည့်ရမည်။ ကောင်ရိုး လတ်ဆတ်နေပါက တစ်ပတ်ခန့်ထားပြီးမှ ထည့်ပါ။

     တတိယအဆင့်အနေဖြင့် ငှက်ပျောတုံးများကို တစ်ပတ်ခန့် ကြိုတင်စင်းထားပြီး၊ (၄)လက်မ အထူ ထည့်ပေးပါ။

     စတုတ္တအဆင့်အနေဖြင့် နွားချေးဆွေးကို (၄)လက်မအထူ ထပ်မံ ခင်းပေးပါ။

     နောက်ဆုံးအဆင့်အနေဖြင့် အပေါ်မှ အထူ (၄)လက်မခန့် ရွှံ့ထပ်ထည့်ပေးရပါမည်။

    ထည့်သွင်းထားသောမြေပုံများ ပြိုမကျစေရန် ကျောက်တုံး၊ ကျောက်ခဲများဖြင့် ကန်အလျားလိုက် တစ်ဝက်ခန့် ထည့်ပြီး ထိန်းပေးထားရပါမည်။

    အဝီစိတွင်းရေ နှင့်မိုးရေကို အသုံးပြုနိုင်ပါသည်။ အများပြည်သူသုံးရေဖြစ်ပါက ကလိုရင်းဓာတ် နည်းပါးရပါမည်။ ကလိုရင်းဓာတ်များနေပါက ဓာတ်ပြယ်အောင် စောင့်ပြီးမှ သုံးစွဲပါ။ မြေပုံလွှာတည် ဆောက်ပြီးပါက အပေါ်ဆုံးလွှာ အထက်ဖက် (၆)လက်မအထိ ရောက်စေရန် ရေဖြည့်ပေးပါ။ ထိုသို့ပြုလုပ် ခြင်းမှာ ထည့်သွင်းထားသော ပစ္စည်းများ ဆွေးမြေ့စေရန် ဖြစ်ပါသည်။ ရေဖြည့်ပြီး (၃)ရက်မှ (၅)ရက်အတွင်း ရေတွင် အမြုပ်များထလာပါမည်။ ထိုရေများကို ရေထုတ်ပေါက်မှ ကုန်စင်အောင်ထုတ်ပေးပြီး၊ နောက် တစ်ကြိမ်ရေပြန်ဖြည့်ပေးပါ။ အမြုပ်များကုန်စင်သည့်အထိ ၂၀ရက်မှ ၂၅ရက်ထိ ရေသွင်းခြင်း၊ ရေထုတ်ခြင်းကို အကြိမ်ကြိမ်ပြုလုပ်ပေးပါ။

    အမြုပ်များကုန်စင်ပါက အဆိုပါ ကန်အတွင်း တီးလားပီယား(သို့မဟုတ်) ငါးကြင်းအုပ်စုဝင် ငါးသန် အနည်းငယ်ထည့်သွင်းထားပါ (၃)ရက်အထိ ငါးသန်များမသေပါက အဆိုပါကန်အတွင်း ရေထပ်ဖြည့်ပြီး ငါးရှဉ့်သားပေါက်ထည့်သွင်းမွေးမြူနိုင်ပါသည်။

    ဆက်လက်ဖော်ပြပါမည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ---------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes8comments2
views2054
cover
cover
cover
cover
cover