cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (မကွေးတိုင်းဒေသကြီး)   

. ရာသီဥတု သတင်းများ
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့မှ စက်တင်ဘာလ(၃) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်း ချက်အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် ဩဂုတ်လ (၃၀)ရက်နေ့နှင့် (၃၁)ရက် နေ့များတွင် မိုးရွာနိုင် ခြေရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၇၈ ရာခိုင်နှုန်းမှ ၉၇ ရာခိုင်နှုန်းရှိပါတယ်။
  • မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့မှ စက်တင်ဘာလ(၃) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်း ချက်အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် ဩဂုတ်လ (၃၀)ရက်နေ့နှင့် (၃၁)ရက် နေ့များတွင် မိုးရွာနိုင် ခြေရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၇၈ ရာခိုင်နှုန်းမှ ၉၇ ရာခိုင်နှုန်းရှိပါတယ်။ 

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၃၄.၁ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    ပွင့်ဖြူမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့မှ စက်တင်ဘာလ(၃) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူမြို့နယ်တွင် ဩဂုတ်လ (၃၁)ရက်နေ့၌ မိုးအနည်းငယ် ရွာသွန်းနိုင်ပါကြောင်း ခန့်မှန်း သုံးသပ်ပေးလိုက်ပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၇၈ ရာခိုင်နှုန်းရှိပါတယ် ခင်ဗျာ။ 

    အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၃.၉ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှ အပူချိန် ၂၄.၄ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    မင်းဘူးမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့မှ စက်တင်ဘာလ(၃) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် မင်းဘူးမြို့နယ်တွင် ဩဂုတ်လ (၃၁)ရက်နေ့၌ မိုးအနည်းငယ် ရွာသွန်းနိုင်ပါကြောင်း ခန့်မှန်း သုံးသပ်ပေးလိုက်ပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၇၈ ရာခိုင်နှုန်းရှိပါတယ် ခင်ဗျာ။ 

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၃.၉ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျပျမ်းမျှ အပူချိန် ၂၄.၄ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။   

    စလင်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့မှ စက်တင်ဘာလ(၃) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် စလင်းမြို့နယ်တွင် ဩဂုတ်လ (၃၁)ရက်နေ့၌ မိုးအနည်းငယ် ရွာသွန်းနိုင်ပါကြောင်း ခန့်မှန်း သုံးသပ်ပေးလိုက်ပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၈၄ ရာခိုင်နှုန်းရှိပါတယ် ခင်ဗျာ။ 

    အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၄.၁ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှ အပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    စေတုတ္တရာမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့မှ စက်တင်ဘာလ(၃) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် စေတုတ္တရာမြို့နယ်တွင် ဩဂုတ်လ (၃၀)ရက်နေ့နဲ့ (၃၁)ရက်နေ့တွေမှာ မိုးရွာသွန်း နိုင်ပါကြောင်း ခန့်မှန်း သုံးသပ်ပေးလိုက်ပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၉၅ မှ ၉၇ ရာခိုင်နှုန်းရှိပါတယ် ခင်ဗျာ။ 

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၃၁.၈ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှ အပူချိန် ် ၂၁.၈ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    စိုက်ပျိုးရေး အကြံပြုချက်  

    မြန်မာနိုင်ငံတစ်ဝန်းလုံး မိုးလယ်ကာလမှာ အပူချိန်မြင့်တက်လေ့ရှိပြီးစိုထိုင်းဆများကာ ပဲတီ/မတ်ပဲတို့မှာ အပင်ကြီးထွားမှု လွန်ကဲမှု(ဟုံ) နေတတ်ပါတယ်။ 

    • Mepiquat chloride 5%+ကယ်လ်ဆီယမ်+ဘိုရွန် များ ဖျန်းပက်ပေးပါ။ 
    • မိုးလယ်စိုက် ပဲတီ/မတ်ပဲ စိုက်ချိန်နောက်ကျသွားလို့ ပန်းပွင့်ပြီး သီးတောင့်ဖြစ်ထွန်း ချိန်မှာ မိုးပြတ်နေပါက ရေသွင်းပေးပါ။ 
    • အပွင့်ပွင့်ချိန်လှေးပိုးနဲ့ ပွင့်ထွေးပိုးဂရုပြုပါ။ လှေးပိုးကြောင့် အပွင့်ကြွေအသီးမတင်ဖြစ် တတ်ပါတယ်။ 
    • သိုင်ရာမီသိုဇမ်၊ အဆီတာမီပရစ်၊ ဖစ်ပရိုးနေ ဆေးအဆိပ်တစ်မျိုးမျိုး ပက်ဖျန်းပါ။ 
    • ပွင့်ထွေးပိုးကြောင့်လည်း အသီးမတင်စေပါ။ 
    • ပွင့်ထွေးပိုးကို ကလိုရမ်ထရန်နီလီပရိုး၊အီမာမက်တင်ဘန်ဇိုအိတ်၊အင်ဒေါက်ဇာကပ် ဆေးအဆိပ်တစ်မျိုးမျိုးပက်ဖျန်းပါ။ 
    • ဖားဥမှိုရောဂါလည်းသတိပြုပါ။ထရိုင်ရာဇိုးအုပ်စုဝင်မှိုသတ်ဆေးများ ပက်ဖျန်းပါ။  

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်  

    ငါး/ပုဇွန် တောင်သူဦးကြီးများအနေဖြင့် ယခုလို မိုးရွာသွန်းချိန်တွင် ရေချဉ်ဖန်နှုန်းကျတက်သဖြင့် ရေချဉ် ဖန်နှုန်းကို အထူးဂရုစိုက်စေလိုပါတယ်။ သားပေါက်ထည့် ထားတဲ့ ကန်တွေမှာ ပို၍ ဂရုစိုက်ရပါမယ်။ အကယ်၍ ရေချဉ်နှုန်းဟာ ၆ အောက်ရောက်နေလျှင် တစ်ဧကလျှင် ထုံး ၁၅ ပိဿာထည့်ပေးဖို့ အကြံပြုလိုပါတယ် ခင်ဗျာ။ တစ်ဆည်တည်းမှာဘဲ မိုးအုံ့၊ မိုးရွာနေလျှင် အစာကျွေး ခြင်းကို ရှောင်ရှားဖို့ အထူးအသိပေးလိုပါတယ် ခင်ဗျာ။ 

    Weather Source: CIAT 

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes2comments0
views1851
cover
cover
cover
cover
cover