ဧရာဝတီတိုင်းအတွက် မိုးလေဝသခန့်မှန်းချက်နှင့် ဖြုတ်၊ဘက်တီးရီးယားအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အကြံပြုချက်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် (၄၄)ရာခိုင်နှုန်းမှ (၁၀၀)အထိရှိနိုင်ပါတယ်။ ခန့်မှန်းချက်များအရ မြို့နယ်အများစုမှာ မိုးလက်ဆက်ရွာနိုင်ခြေရှိပါတယ်။ ဒီလိုရာသီဥတုမှာ ဖြုတ်၊ဘက်တီးရီးယားအန္တရာယ် ကျရောက်ဖျက်ဆီးမှုကို ကြုံတွေ့နိုင်တဲ့ အတွက် သတိပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
၁။ ဟင်္သာတမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ဟင်္သာတမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၅)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါသည်။ သြဂုတ်လ ၃၀ ရက် နှင့် စက်တင်ဘာလ ၁ ရက်နေ့ တွေမှာ မိုးရွာရန် ၉၀_၉၆ ရာခိုင်နှုန်းမှာရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ၇၅ မှ ၇၉ ရာခိုင်နှုန်း အတွင်းရှိနိုင်ပါတယ်။
၂။ ညောင်တုန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ညောင်တုန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄)ရာခိုင်နှုန်းမှ (၉၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အပူချိန်အနေဖြင့် ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၃°C မှ ပျမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၃.၇°C ရှိနိုင်ပါတယ်။
၃။ မအူပင်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ မအူပင်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ပြည့် ဖြစ်နိုင်ပြီး သြဂုတ်လ ၃၀၊ စက်တင်ဘာလ ၁၊ ၂ ရက်မှာ မိုးရွာရန် ၉၀-၉၂ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးရွာရန်ရာခိုင်နှုန်းမှာ ၆၀ မှ ၈၀ ရာခိုင်နှုန်းအတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျ။
၄။ မြောင်းမြမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ မြောင်းမြမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၂)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ သြဂုတ်လ ၃၀ ရက်နေ့တွင် မိုးရွာရန်ရာနှုန်း ပြည့် ရှိနိုင်ပြီး သြဂုတ်လ ၃၁ နှင့် စက်တင်ဘာလ ၁၊ ၃ရက်နေ့များမှာ မိုးရွာရန် ရာနှုန်း ၉၀-၉၆ အတွင်းရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် ၆၂ မှ ၈၃ ရာခိုင်နှုန်း အတွင်းမှာပဲရှိနိုင်ပါတယ်ခင်ဗျာ။
၅။ ဓနုဖြူမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ဓနုဖြူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄)ရာခိုင်နှုန်းမှ (၉၇) ရာခိုင်နှုန်းအထိရှိနိုင်ပြီး ပျမ်းမျှအပူချိန်တွေကတော့ စက်တင်ဘာလ ၂ ရက်နေ့မှာ အမြင့်ဆုံး အပူချိန် ၃၃ °C နှင့် အနိမ့်ဆုံးအပူချိန် ၂၅.၁°C ရှိနိုင်ပါတယ် ခင်ဗျာ။
၆။ ပန်းတနော်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ပန်းတနော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄) ရာခိုင်နှုန်းမှ (၉၇) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ သြဂုတ်လ ၃၀၊ ၃၁ နှင့် စက်တင်ဘာလ ၁ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ရာနှုန်း ၉၀ မှ ၉၇ အတွင်း တွင်ရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် (၆၄ မှ ၇၈) ရာနှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။
၇။ ကျိုက်လတ်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ကျိုက်လက်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၉၂) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၃၀၊ ၃၁ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၉၁_၉၂ တွင် ရှိနိုင်ပြီး စက်တင်ဘာလ ၁ ရက်နေ့မှာ ရွာရွန်ရာနှုန်း ပြည့်ရှိနိုင်ပါတယ်။ ကျန်ရက်များတွင် မိုးရွာရန် (၆၇ မှ ၈၇) ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။
၈။ ဝါးခယ်မမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ဝါးခယ်မမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၃၀၊ ၃၁ ရက်နှင့် စက်တင်ဘာလ ၁ ရက် နေ့များတွင် မိုးရွာရန်ရာနှုန်း ၉၀-၉၉ အတွင်း ရှိနိုင်ပြီး အမြင့်ဆုံးပျှမ်းမျှအပူချိန် ၃၂ °C မှ အနိမ့်ဆုံးပျမ်းမျှအပူချိန် ၂၄.၃ °C ရှိနိုင်ပါတယ်ခင်ဗျာ။
၉။ ကျုံပျော်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ကျုံပျော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၂)ရာခိုင်နှုန်းမှ (၉၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၃၀၊ ၃၁ ရက်န နှင့် စက်တင်ဘာလ ၁၊ ၃ရက် နေ့များတွင် မိုးရွာရန် ရာနှုန်း ၉၀-၉၇ အတွင်း ရှိနိုင်ပြီး ကျန်ရက်များတွင် မိုးရွာရန် ၇၂ မှ ၈၉ ရာနှုန်း အတွင်း မှာ ရှိနိုင်ပါတယ်။
၁ဝ။ ဇလွန်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ဇလွန်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၅)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၁။ လပွတ္တာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ လပွတ္တာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၃၀၊ ၃၁ရက်နှင့် စက်တင်ဘာလ ၁၊ ၂၊ ၃ ရက်နေ့တွေမှာ မိုးရွာရွန်ရာနှုန်း ၉၀-၉၉ အတွင်း ရှိနိုင်ပါတယ်။
၁၂။ ပုသိမ်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ပုသိမ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၂)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၂°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၄°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၃။ ဖျာပုံမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ဖျာပုံမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါတယ်။ သြဂုတ်လ ၃၀၊ ၃၁ရက်တွေမှာ မိုးရွာရန် ရာနှုန်း ၉၁-၉၂ ရှိနိုင်ပါတယ်ခင်ဗျာ။ စက်တင်ဘာလ ၁ ရက်နေ့မှာ မိုးရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ အမြင့်ဆုံးအပူချိန်မှာ ၃၂.၄°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၁°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၄။ အင်္ဂပူမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ အင်္ဂပူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၅။ ကြံခင်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ကြံခင်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၉၁) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၃၀၊ ၃၁ ရက် နှင့် စက်တင်ဘာလ ၁ ရက်နေ့များ တွင် မိုးရွာရန် ရာနှုန်း ၉၀၊ ၉၁ အတွင်း ရှိနိုင်ပါတယ်။ ကျန်ရက်များမှာ (၆၅ မှ ၈၀) ရာခိုင်နှုန်းအတွင်းတွင်ရှိနိုင်ပါတယ်ခင်ဗျာ။
၁၆။ လေးမျက်နှာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ လေးမျက်နှာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၂) ရာခိုင်နှုန်းမှ (၉၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၃၀ရက်နှင့် စက်တင်ဘာလ ၁၊ ၂၊ ၃ ရက်နေ့တွင် မိုးရွာရာနှုန်း ၉၀-၉၇ အတွင်းရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ၇၂-၈၉ ရာခိုင်နှုန်း အတွင်း တွင်ရှိနိုင်ပါတယ်။
၁၇။ ဒေးဒရဲမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ဒေးဒရဲမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
၁၈။ မော်လမြိုင်ကျွန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ သြဂုတ်လ ၃၀၊ ၃၁ ရက်နေ့ နှင့် စက်တင်ဘာလ ၁ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၉၀-၉၉ အတွင်း ရှိနိုင်ပြီး ကျန်ရက်များတွင် (၆၄-၈၉)ရာခိုင်နှုန်း အတွင်း တွင်ရှိနိုင်ပါတယ်ခင်ဗျာ။
၁၉။ ကန်ကြီးထောင့်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ကန်ကြီးထောင့်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၄)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါ တယ်ခင်ဗျာ။
၂ဝ။ ငပုတောမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ငပုတောမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၂)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်။ သြဂုတ်လ ၃၀ ရက်နေ့တွင် မိုးရွာရန် ရာနှုန်းပြည့် ရှိနိုင်ပြီး သြဂုတ်လ ၃၁ရက်၊ စက်တင်ဘာလ ၁၊ ၃ ရက်နေ့တွေမှာ မိုးရွာရန် ရာနှုန်း ၉၀-၉၆ မှာ ရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်ရက်တွေမှာတော့မိုးရွာရန် ၆၂ မှ ၈၃ ရာခိုင်နှုန်း အတွင်း တွင်ရှိ နိုင်ပါတယ်ခင်ဗျာ။
ဧရာဝတီတိုင်းထဲကစပါးစိုက် တောင်သူများသို့ အကြံပြုချက်
အပင်ခြေမှာဖြုတ် ၊ အရွက်ဖျားမှာ ဘက်တီးရီးယား
ဖြုတ်
-အပင်ခြေမှာ ဖြုတ်ရှိနေမလားစစ်ဆေးပါ
-ကန်သင်းကနေလှမ်းကြည့်ရင် အကွက်လိုက်၊ဟိုတစ်ကွက်ဒီတစ်ကွက်စဝါပါတယ်
-အချိန်မဆွဲပဲ ပိုးသတ်ဆေးစဖျန်းပါ
-ဆေးဖျန်းပြီး ၂-၄ နာရီအတွင်း မိုးမမိအောင် ချိန်ကိုက်ဖျန်းပါ
-ဒိုင်နိုတီဖျူရန်၊နိုင်တမ်ပိုင်ရမ်+ပိုင်မီထရိုဇင်း ပိုးသတ်ဆေးများအလှည့်ကျပက်ဖျန်းပါ။(စွဲကပ်ပျံ့နှံ့ဆေးထည့်ဖျန်းပါ)
ဘက်တီးရီးယား
-တစ်ခင်းလုံးနီးပါးအရွက်ဖျားတွေခြောက်နေပါမယ် -အရွက်ဖျားကနေ ရွက်လယ်ကြောထိ V- shape ပုံသဏ္ဍာန် လှိုင်းတွန့်များဖြစ်ကာ ကောက်ရိုးခြောက်ရောင် ဝါခြောက်သွားပါတယ်
- အပေါ်ရွက်များတွင်သာ ရောဂါလက္ခဏာတွေ့ရ။
-ပုလဲကျွေးခြင်းရပ်ထားပါ
-စပါးခင်းကြီး စိမ်းမှောင်နေချိန်ကတည်းကကြိုတင်ကာကွယ်နိုင်ရင်အကောင်းဆုံးပါ
-ကော့ပါးဆေးများ သို့မဟုတ် ဘစ်စမာသီယာဇော ဆေးများပက်ဖျန်းပါ
-အာဟာရချို့တဲ့ရင်လည်း ဖြစ်တတ်တာကြောင့် အာဟာရစုံမြေဩဇာများလည်းကျွေးပါ
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
ငါး/ပုဇွန် တောင်သူဦးကြီးများအနေဖြင့် ယခုလို မိုးရွာသွန်းချိန်တွင် ရေချဉ်ဖန်နှုန်းကျတက်သဖြင့် ရေချဉ် ဖန်နှုန်းကို အထူးဂရုစိုက်စေလိုပါတယ်။ သားပေါက်ထည့် ထားတဲ့ ကန်တွေမှာ ပို၍ ဂရုစိုက်ရပါမယ်။ အကယ်၍ ရေချဉ်နှုန်းဟာ ၆ အောက်ရောက်နေလျှင် တစ်ဧကလျှင် ထုံး ၁၅ ပိဿာထည့်ပေးဖို့ အကြံပြုလိုပါတယ် ခင်ဗျာ။ တစ်ဆည်တည်းမှာဘဲ မိုးအုံ့၊ မိုးရွာနေလျှင် အစာကျွေး ခြင်းကို ရှောင်ရှားဖို့ အထူးအသိပေးလိုပါတယ် ခင်ဗျာ။
Weather Source: CIAT
---------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။