ထရိုက်ဂိုဒါးမား( Trichoderma Fungi)နှင့် စိုက်ပျိုးရေး
- Trichoderma မှိုသည် Hypocreaceae မျိုးရင်းဝင်မှိုစုတခုဖြစ်ပြီး မြေဆီလွှာအားလုံးနီးပါးတွင်အတွေ့ရအများဆုံး မှိုများဖြစ်ပေသည်။ Tricho မျိုးစိတ်များသည် အပင်မျိုးစိတ်ပေါင်းများစွာနှင့်အပြန်အလှန်ပေါင်းစပ်အကျိုးပြုနိုင်ကြပြီး မြေဆီလွှာအတွင်း အလွယ်တကူ နယ်မြေချဲ့ထွင်နိုင်သောမှိုမျှင်များမြင့်မားစွာကြီးထွားရှင်သန်နိုင်ကြပေသည်။ အချို့မျိုးကွဲများသည် မြင့်မားသောမှိုမျှင်ကြီးထွားရှင်သန်နိုင်မှုရှိပြီး ကြီးထွားလာသည်နှင့်အမျှ အမြစ်များပေါ်တွင် နယ်ချဲ့ပြီးကြီးထွားနိုင်ပေသည်။ - Trichoderma မျိုးများကို မြေကြီးထဲ သို့မဟုတ် မျိုးစေ့များတွင် ရောနယ်ပြီး မိမိစိတ်ကြိုက်နည်းလမ်းဖြင့် ပေါင်းထည့်နိုင်ပေသည်။ Trichoများသည် အမြစ်များနှင့် ထိတွေ့ပြီးသည်နှင့် အမြစ်မျက်နှာပြင်(မှိုမျှင်) ချဲ့ထွင်ပေါက်ဖွားရှင်သန်နိုင်ကြပေသည်။ ထို့ကြောင့် မျိုးစေ့များတွင်လူးနယ်ပေါင်းထည့်အသုံးပြုပါက မြေမျက်နှာပြင်အောက် တစ်မီတာ သို့မဟုတ် ထို့ထက်ပို၍ အမြစ်တွယ်နေပြီး အမြစ်မျက်နှာပြင်များကို ချဲ့ထွင်နိုင်ပြီး လနှင့်ချီမြေဆီလွှာအတွင်းအသက်ဆက်လက်ရှင်သန်တည်ရှိနေနိုင်ပေသည်။ - Trichodermaကိုမည်သည့်အတွက်အသုံးပြုကြသနည်း? - Trichoderma spp အခြားအပင်ကိုရောဂါဖြစ်စေသောမှိုများကို - ၁။တိုက်ခိုက်ခြင်း နှင်ဟန့်တားခြင်း - ၂။ ဇီဝထိန်းချုပ်မှုနှင့် အပင်ကြီးထွားမှုကို မြှင့်တင်နိုင်ခြင်း - ၃။ကပ်ပါးပြုခြင်းနှင့် အခြားမှိုများမှ အာဟာရကိုရယူနိုင်ခြင်း - ၄။အပင်များမှစုတ်ယူမစားသောက်နိုင်သောအာဟာရဓါတ်များကိုအပင်များမှစုတ်ယူစားသောက်နိုင်အောင်ပြုလုပ်ပေးနိုင်ခြင်း - ၅။ရောဂါဖြစ်စေနိုင်သောအင်ဇိုင်းများကိုတိုက်ထုတ်ပေးခြင်း - ၆။ မှိုမျှင်များနှင်အမြစ်များသဟဇာတအကျိုးပြုနိုင်ခြင်း - ၇ ။အပင်နှင့်အမြစ်ကြီးထွားမှုကို အားကောင်းစေရန်အတွက်အသုံးပြုကြပေသည်။ သို့သော်လည်း Trichoderma အမျိုးအစားအများစုသည် အခြားရောဂါပိုးများထက် အချို့သောရောဂါပိုးများကို ထိန်းချုပ်ရန် ပိုမိုထိရောက်ပြီး အချို့သောမှိုများကို ထိရောက်စွာ နှိမ်နင်းနိုင်မည်မဟုတ်ပေ။ Trichoderma spp မှိုများသည် အပင်ကြီးထွားနှုန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို တိုးမြှင့်ပေးနိုင်သည့် သဘာဝသက်ရှိများဖြစ်ပေသည်။ စပါး၊ ပြောင်း၊ ဟင်းသီးဟင်းရွက်ကဲ့သို့သောသီးနှံများတွင် ထရိုင်ဂိုဒါးမားမှိုအသုံးပြုစိုက်ပျိုးပါက ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိလာစေသည်။ အထူးသဖြင့် ငရုတ်၊ခရမ်း၊ခရမ်းချဥ်၊အာလူးစသည့်သီးနှံများနှင့်နှစ်ရှည်အမြစ်ပုတ်စေနိုင်သောမိှုမျိုးစိတ်များကို အကောင်းဆုံးကာကွယ်သတိထားအသုံးပြုရမည့်အချက်သည် ပိုးသတ်ဆေးများအသုံးပြုသောစိုက်ခင်းများတွင်Trichoderma spp. မှိုသတ်ဆေးများ အပါအဝင် စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ အများစုကို မွေးရာပါ ခံနိုင်ရည်ရှိသော်လည်း မျိုးစိတ်တစ်ခုချင်းအလိုက် ခံနိုင်ရည်ချင်း မတူညီကြပေ။ - စိုက်ခင်းများတွင်Trichodermaမည်သို့ထည့်သွင်းအသုံးပြုမည်နည်း? - Trichodermaကို ပွားများအသုံးပြုသည့်နည်းလမ်းများစွာဖြင့်အသုံးပြုနေကြပါသည်။ ယခုဖော်ပြမည့်နည်းလမ်းသည် မိမိအသုံးပြုသောနည်းလမ်းသာဖြစ်ပေသည်။ထရိုက်ဂိုဒါမားပွားများအသုံးပြုသောနည်းစနစ်သည် စူပါEMဘိုကာရှီပြုလုပ်သော နည်းစနစ်အတိုင်းပြုလုပ်ခြင်းဖြစ်ပေသည်။ - လိုအပ်သောပစ္စည်းများ - ၁။ Trichoderma မျိုးထုတ် ၁ကီလိုခန့် - ၂။ နွားချေး _၃တင်း - ၃။ စပါးခွံမီးသွေး_ ၃တင်း - ၄။ ဖွဲနု _ ၁တင်း - ၅။ ပဲဖတ်နှမ်းဖတ်_အမှုန့် ၅ပြည်ခန့်(မိမိအဆင်ပြေသိုထည့်နိုင်) - ၆။ တင်လဲရည် _ ၃လီတာ - ၇။ အာလုံးကိုအစိုဓါတ် ၄၀မှ၅၀ ရာခိုင်နှုန်းရသည်အထိနှံစပ်အောင်ရောမွေပြီး ၂ပတ်ခန့်လေလုံအောင်နှပ်ထားပြီး စိုက်ခင်း၊ပျိုးဘောင်နှင့်ထယ်ရေးပြင်ချိန်၊မြေဆွချိန်များတွင် ၀.၅မှ၁ဧကအထိထည့်သွင်းအသုံးပြုနိုင်ပြီး အပင်ရောဂါများကို ကာကွယ်ပေးနိုင်ပြီး သီးနှံများမှာမြေဆီတွင်းအာဟာရဓါတ်များကို ကောင်းစွာစုတ်ယူစားသုံးကာ သီးနှံများစွာကို ကောင်မွန်ဖြစ်ထွန်းနိုင်စေပါသည်။ - သတိထားရမည့်အချက်သည် Trichodermaပွားထားသောမြေသြဇာကို စိုက်ခင်းများတွင်အသုံးပြုပါက စိုက်ခင်းတွင်ရေအစိုဓါတ်လုံလောက်စွာရရှိမသာ ထရိုက်ဂိုဒါးမားသည်ရှင်သန်ကြီးထွားနိုင်ပြီး သီးနှံများအတွက်အကျိုးကျေးဇူးရရှိနိုင်ပေမည်။ Trichoderma အသုံးပြုပြီးပါက ပေါင်းသင်မြေဆွပေးနိုင်ပါက သီးနှံပင်များအတွက်အကောင်းဆုံး ဖြစ်ပေသည်။ - HtetZawHtunOrganicFarmingCoach - -------------------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://bit.ly/htwettoev2 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
