မြေသြဇာ အကြောင်း
မြေသြဇာနဲ့ပတ်သက်ပြီး အပင်စိုက်သူတွေအတွက် ဦးနှောက်ရှုတ်စရာတွေဖြစ်လေ့ရှိတယ်။ အနည်းဆုံးတော့ အပင်တွေအတွက် မဖြစ်မနေလိုအပ်တဲ့ မြေသြဇာ NPK 3 မျိုး ရှိတာကိုသိရပါမယ်။
နိုက်ထရိုက်ဂျင် Nitrogen ၊ ဖော့စ်ဖေါရပ်စ် phosphorus (P)၊ ပိုတက်စီယမ် Potassium (K) ဖြစ်ပါတယ်။
နိုက်ထရိုက်ဂျင် Nitrogen ၊ အရွက်အညွှန့်အကိုင်းအခက် ၊ အသီးအပွင့် ၊ ဥနဲ့အစေ့၊ အမြစ်နဲ့ပင်စည်တွေကို အားပေးတာဖြစ်တယ်။
ဖော့စ်ဖေါရပ်စ် phosphorus (P) အပွင့်နဲ ့အသီးကိုအားပေးစေတယ်။
ပိုတက်စီယမ် Potassium (K) အမြစ်ကိုအားပေးတယ်။ ပင်စည်ဆဲလ်တွေသန်မာစေပါတယ်။ ပင်စည်ကနေ အညွှန် ့အရွက်အထိကို မြေသြဇာပို့ပေးစေတယ်။ အသီးကိုချိုစေတယ်။ အသီးအရောင်လှစေတယ်။
ကိုယ်စိုက်တဲ့အပင်က အရွက်အခက် အပင်လား၊ အသီးအပွင့်အပင်လား၊ ပင်စည်းအသုံးပြုပင်လား ဆိုတာကို ခွဲခြားသိရမယ်။ ဒီတော့မှ လိုအပ်တဲ့မြေသြဇာကို လိုအပ်ချိန်မှာ ပေးမယ်ဆိုရင် အပင်အတွက်လည်းကောင်းမယ်။ ကုန်ကျစရိတ်လည်းသက်သာမယ်။
ဥပမာ သစ်သီးပင် အသီးသီးဖို့အရွယ်မရောက်ခင်မှာ အပင်သန်ဖို့အပင်ကြီးဖို့အတွက် နိုက်ထရိုက်ဂျင် Nitrogen အကိုအဓိကထားပေးပြီး အမြစ်သန်ဖို့မြေသြဇာအရွက်တွေဆီရောက်အောင် ပင်စည်းကောင်းဖို့အတွက် ပိုတက်စီယမ် Potassium (K) ကို တွဲပေးရမယ်။ မလိုအပ်သေးချိန်မှာ အပွင့်အသီးအတွက် မြေသြဇာကို ပေးရင် ပိုက်ဆံကုန်တာပဲရှိမယ်။ အလားတူပဲ အပွင့် ပွင့်ခါနီးအချိန်မှာ ဖော့စ်ဖေါရပ်စ် phosphorus (P) ကိုပေးရမယ်။ တကယ်လို့ နိုက်ထရိုက်ဂျင် Nitrogen ပေးနေရင် အပွင့်မထွက်ပဲ အကိုင်းအခက်တွေပဲထွက်နေမယ်။ အလားတူပဲ အသီးချိုအောင် အသီးလှအောင်ဖြစ်ဖို့အတွက် ပိုတက်စီယမ် Potassium (K) မပေးရင် အသီးချိုမှာမဟုတ်ဘူး။
အပင်တွေအတွက် လိုအပ်ချိန်မှာ လိုအပ်တဲ့မြေသြဇာ ပေးနိုင်ဖို့ အထူးလေ့လာပေးတတ်ရပါမယ်။
မြေသြဇာ ဘယ်နှစ်မျိုးရှိလဲ---
မြေသြဇာကို 3 မျိုးခွဲခြားထားပါတယ်။
1) သဘာဝမြေသြဇာ
2) ဓါတ်မြေသြဇာ တို့ဖြစ်တယ်
3) ဘိုင်အို မြေသြဇာ
သဘာဝမြေသြဇာနဲ့ဓါတ်မြေသြဇာ အားနည်းချက်အားသာချက်---
သဘာမြေသြဇာက အပင်က စုပ်ယူဖို့မြေသြဇာ အဖြစ်ကြာတယ်။ NPK အချိုးကို အတိအကျသိရဖို့ခက်မယ်။ အရေအတွက်များများသုံးရတယ်။ ဒါပေမယ့် မြေပွမြေဆွေးဖြစ်စေတယ်။ ရေရှည်အတွက်ကောင်းတယ်။
ဓါတ်မြေသြဇာက လိုအပ်တဲ့ NPK အချိုးကို အတိအကျသိနိုင်တယ်။ အရေအတွက်နည်းနည်းပြီး အမြန်မြေသြဇာ ပျော်ဝင်တယ်။ အပင်ကိုလိုအပ်သလိုပေးနိုင်တယ်။ ဓါတ်မြေသြဇာ တစ်မျိုးသုံးရင် မြေကြပ်ပြီးမြေခံ မြေဆီခန်းတယ်။
1) သဘာဝမြေသြဇာ
- တိရိစ္ဆာန်ချေးတွေကရတာဖြစ်တယ်။
- သစ်ရွက်၊မြက်၊ သစ်ကိုင်းတွေကို စုပုံနှပ်ပြီးရတယ်။
- သြဇာအစို ၊ မြေသြဇာအစိုဆိုတာက ဥပမာ မြေပဲလိုမျိုး ပဲတမျိုးကို စိုက်ပြီး ပဲပွင့်လာရင်ထွန်ပြီးအုပ်လိုက်ရင် ရတဲ့မြေသြဇာဖြစ်တယ်။
2) ဓါတုမြေသြဇာ
ဓါတ်တုမြေသြဇာ က ဓါတ်တုပစ္စည်းတွေနဲ့မြေသြဇာဖြစ်အောင်လုပ်ထားတာဖြစ်ပါတယ်။
ဓါတ်မြေသြဇာမှာ -
နိုက်ထရိုက်ဂျင် Nitrogen တမျိုးတည်းပါတဲ့တာရှိတယ်။
ဖော့စ်ဖေါရပ်စ် phosphorus (P) တမျိုးတည်းပါတဲ့တာရှိတယ်။
ပိုတက်စီယံ Potassium (K) တမျိုးတည်းပါတဲ့တာရှိတယ်။
NPK 3 မျိုးလုံးပါတာရှိတယ်။
ဓါတ်မြေသြဇာအိတ်တွေမှာ ရေးထားကိန်းဂဏန်းတွေကို သတိထားကြည့်ရပါမယ်။
45-0-0 လို့ရေးထားရင် နိုက်ထရိုက်ဂျင် Nitrogen တမျိုးတည်းပါတာဖြစ်တယ်။
0-45-0 လို့ရေးထားရင် ဖော့စ်ဖေါရပ်စ် phosphorus (P) တမျိုးတည်းပါတာဖြစ်တယ်။
0-0-45 လို့ရေးထားရင် ပိုတက်စီယံ Potassium (K) တမျိုးတည်းပါတာဖြစ်တယ်။
15-15-15 လို့ရေးထားရင် NPK 3 မျိုးလုံးပါဝင်တာဖြစ်တယ်။ အများက 15 ပတ်လည်မြေသြဇာလို့ခေါ်ကြပါတယ်။ ပါဝင်တဲ့ မြေသြဇာ အချိုးပေါ်မူတည်ပြီး
ဈေးအနည်းအများရှိပါတယ်။
အဲ့ဒီကိန်းဂဏန်းတွေက ကီလို 100 မှာ ပါဝင်တဲ့ ရာခိုင်နှုန်းဖြစ်တယ်။ ကိန်းဂဏန်း အနည်းအများပေါ်မူတည်ပြီး ဓါတ်မြေသြဇာ အာနိသင် အနည်းအများကွာခြားပါတယ်။
အပင်တွေကို ဓါတ်မြေသြဇာ 15 ပတ်လည်ပေးရမယ်လို့ ပြောနေတာကြတာကို အမြဲလိုလိုကြားရပါတယ်။ သစ်သီးပင် စစိုက်ချိန်မှာ အရွက်အခက် သန်ဖို့နဲ့ အမြစ်သန်ဖို့ ပင်စည် ကောင်းဖို့လိုတယ်။ အဲ့ဒီတော့ စစိုက်ချိန်မှာ အပင်သန်ဖို့က N အမြင့် ဂဏန်းပါတဲ့ဓါတ်မြေသြဇာကိုပေးရမယ်။ ဥပမာ 35-5-15 အချိုးပါ အရှေ့က N အမြင့် ဂဏန်းပါတဲ့ဓါတ်မြေသြဇာဖြစ်ရပါမယ်။
2) ဘိုင်အို-မြေသြဇာ
ဘိုင်အိုမြေသြဇာက အကျိုးပြုအနုဇီဝပိုးနဲ့မြေသြဇာကို ဆွေးမြေ့ဖြစ်ပေါ်စေတာဖြစ်တယ်။ လေထုမှာပါလာတဲ့ နိုက်ထရိုဂျင်နဲ့ ပေါင်းစပ်ပြီး အကျိုးပြုအနုဇီပိုးတွေက မြေသြဇာကိုဖြစ်ပေါ်စေတာဖြစ်တယ်။ နောက်တခုက မြေကြီးမှာရှိနေတဲ့ မြေသြဇာကို အကျိုးပြုအနုဇီပိုးတွေက မြေသြဇာဖြစ်စေပြီး အပင်က အသုံးပြုနိုင်အောင်လုပ်ပေးတာဖြစ်မယ်။
ဘိုင်အိုမြေသြဇာကို အရည်အဖြစ်လုပ်ယူလို့ ရတယ်။ အကျိုးပြုအနုဇီဝပိုးတွေကို အီးအမ် ကနေရရှိတာဖြစ်တယ်။ နောက်ပိုင်းမှာ အီးအမ် လုပ်နည်းနဲ့ ဘိုင်အို အိုးစိမ်မြေသြဇာ အရည်လုပ်နည်းအသေးစိတ်ကိုတင်ပြပါမယ်။
အဖတ်အဖြစ်လုပ်ယူလို့ ရတယ်။ သဘာဝမြေသြဇာဖြစ်တဲ့ နွားချေး၊ ကြက်ချေး၊ ငှက်ချေး၊ ဝက်ချေး၊ သစ်ရွက်ခြောက် ၊ မြက်စို၊ ဟင်းရွက်အစိုစတာတွေက ဒီအတိုင်စုပုံနပ်ထားမယ်ဆိုရင် အနုဇီဝပိုးတွေက အကျိုးပြုတာရော အကျိုးမပြုတာရော ရောနှောနေမယ်။ အပူဓါတ်များမယ်။ မြေသြဇာဖြစ်ဖို ့ကြာလိမ့်မယ်။
နွားချေး၊ ကြက်ချေး၊ ငှက်ချေး၊ ဝက်ချေး၊ သစ်ရွက်ခြောက် ၊ မြက်စို၊ ဟင်းရွက်အစိုစတာတွေကို စုပုံထားမယ်။ အီးအမ်အရည်ကို ဖြန်းပြီးရောမွှေမယ်။ ပလပ်စတစ်မိုးကာနဲ့အလုံအုပ်ထားမယ်ဆိုရင် 45 ရက်အကြာမှာ အပူဓါတ်လျော့သွားပြီးမြေသြဇာဖြစ်သွားပါမယ်။
သဘာဝမြေသြဇာတွေကို အီးအမ် အကျိုးပြုအနုဇီဝပိုးအရည်နဲ့စိမ်ပြီး မြေသြဇာ အရည်ဖြစ်အောင်လုပ်နိုင်တယ်။
သဘာဝမြေသြဇာမှာလည်း လိုချင်တဲ့ NPK အချိုးရအောင် လုပ်ယူလို့ရတယ်။
NPK ပါဝင်မှု ရာခိုင်နှုန်း ……
N P K
အရိုးမှုန့် 3 - 4 15 - 23 0.68
နွားချေး 1.10 0.40 1.60
ကျွဲချေး 0.97 0.60 1.66
ဆိတ်ချေး 1.03 0.66 0.64
လင်းနို့ချေး 1.54 14.28 0.60
ငုံးချေး 9.28 2.31 1.91
ကြက်ချေး 2.42 6.29 2.11
ဘဲချေး 1.02 1.84 0.52
ဝက်ချေး 2.69 2.24 1.12
သစ်ရွက်အစိမ်းရောင် 1.64 0.14 0.43
ဗေဒါပင် 1.55 0.45 2.80
ဖွဲနု 1.9 – 2.3 4 - 6 1.9
စပါးခွံ 0.46 0.26 0.70
စပါးခွံမီးသွေး 0.00 0.15 0.81
ကောက်ရိုး 0.59 0.08 1.72
ငါးခြောက်မှုန် ့9 -10 2.13 1.2 – 2.7
ပြောင်းဖူးရိုး 1.78 0.25 1.53
ပြောင်းဖူးပင် 0.71 0.11 1.38
ပဲပုတ်ပင် 2.71 0.56 2.47
ပဲပုတ်အခွံ 7-10 2.13 1.12 – 2.7
နွားချေးက NPK ပါဝင်တဲ့နှုန်းထားက မြက်စို မြက်ခြောက်နဲ ့ပဲပင်တွေကရတဲ့ အချိုးထက်ကို နည်းနေတာကို သတိထားမိပါလိမ့်မယ်။
ဘာကြောင့်လည်းဆိုတော့ နွားတွေက မြက်စို မြက်ခြောက်နဲ ့ပဲပင်ကို စားသုံးလိုက်ပြီး နွားခန္ဓာကိုယ်အတွက်လိုအပ်တာတွေကို စစ်ယူလိုက်ပြီး ကျန်တာကမှ နွားချေးအဖြစ် ပြန်ထွက်လာလို့အချိုးအစားနည်းတာဖြစ်တယ်။
နွားချေး၊ လင်းနို့ချေး ကြက်ချေး သစ်ရွက်စို သစ်ရွက်ခြောက်တွေကို အပင်ကို တိုက်ရိုက်ပေးတာမျိုးက အပူဓါတ်ဖြစ်စေနိုင်တယ်။ အပင်ကို ဖျက်ဆီးတဲ့ မှိုပိုးကိုဖြစ်ပွားဈေးတယ်။ ပိုးမွားတွေ ပေါက်ဖွားမှုကို ဖြစ်စေတယ်။ ဒါကြောင့် တိုက်ရိုက်မထည့်ပဲ သိပ်ထားပြီးမှာ ထည့်ပေးတာက အပင်အတွက် ပိုမိုအကျိုးဖြစ်ထွန်းစေပါတယ်။
သစ်သီးပင်အတွက် သဘာဝ မြေသြဇာအလွယ်တကူလုပ်နည်း….
အသီးအပင် အတွက် မြေသြဇာအရည်အလွယ်လုပ်နည်း…..
နွားချေးခြောက် 1 ပိသာ၊ ကြက်ချေးခြောက် 1 ပိသာကို ပလပ်စတစ်ပိုက်အကွက်စိတ်စိတ် ပါးပါးနဲ့ပဲဖြစ်ဖြစ် အဝတ်ပါးပါးနဲ့ပဲဖြစ်ဖြစ် ထုပ်ပါ။ အဲ့ဒီအထုပ်ကို ရေ 8 ဂါလံနဲ ့စိမ်ပါ။ 3 ရက်တိတိစိမ်ပြီးရင် နွားချေး ကြက်ချေး အထုပ်ကိုဆည်ယူပြီး သစ်ပင် အရင်း တခုခုမှာချထားပါတယ်။ အထုပ်ထဲက စိတ်ကျလာမယ့် အရည်တွေက အပင်အတွက် မြေသြဇာရအောင်ဖြစ်ပါတယ်။ ကြက်ချေး နွားချေး စိမ်ထားတဲ့ အရည် 1 ဆကို ရေ အဆ 20 ရောပြီး အပင်တွေမှာ လောင်းပေးနိုင်ပါတယ်။ အရွက်ကိုဖြန်းဖို ့ဆိုရင် ဟင်းခတ်ဇွန်း 15 ဇွန်းနဲ့ရေလီတာ 20 ကိုရောပြီးဖြန်းနိုင်ပါတယ်။
တကယ်လို့အသီးပင် အပွင့် ပင်မဟုတ်ရင် တော့ နွားချေးတစ်မျိုးတည်း နဲ ့လုံလောက်ပါတယ်။
သဘာမြေသြဇာနဲ့ ဘိုင်အို - မြေသြဇာ လုပ်နည်း….
နွားချေး 1 ဆ၊ မြက်အစိမ်း 1ဆ၊ ကြက်ချေး (လင်းနို့ချေးရနိုင်ရင်ပိုကောင်းတယ်) 1 ဆ၊ သစ်ရွက်ခြောက် 1 ဆ၊ စပါးခွံက 2 ဆ၊ စပါးခွံမီးသွေးက 1 ဆ၊ မြေကြီးက 1 ဆကို စုပုံ။ အကျိုးပြုအနုဇီဝပိုး ပွားပြီး မြေသြဇာ အမြန်ဖြစ်ဖို့အတွက် အကျိုးပြုအနုဇီဝပိုးပွားစေဖို့တစ်ထပ်စီမှာ ဖွဲနု သင့်တော်သလို ဖြန်းပေး၊ သကြားညို သို့မဟုတ် တင်လဲရည် သို့မဟုတ် ထန်းလျက်ရည် သို့မဟုတ် ကြံသကာ အရည် တို့ကို အနည်းငယ်ဆို ဖြန်းပေးပါ။ (ဖွဲနုက အကျိုးပြု အနုဇီဝပိုးကို ဖြစ်ထွန်းစေတယ်။ အချိုရည်က အနုဇဝပိုးရဲ ့အစာဖြစ်တယ်။ ) မြေသြဇာအားလုံးကို ရေစိုရုံ ဖြန်းပေးပါ။ လက်နဲ့ဆုပ်ကြည့်ရင် အဆုပ်လိုက်ရှိနေရုံဖြစ်.....