ရေကြီးနစ်မြုပ်ခြင်းနှင့် ကြက်သွန်ဂျိုလိမ်ရောဂါ
အပင်ရောဂါများကျရောက်ခြင်းကို အားပေးစေခြင်း
ရေကြီးနစ်မြုပ်ကာလရှည်ခြင်းကြောင့် ကြက်သွန်ပင်တွင်ရောဂါများကျရောက်မှုကိုပိုမိုအားပေးစေနိုင်သည်။ အထူးသဖြင့် ကြက်သွန်ဂျိုလိမ်ရောဂါ Colletotrichum gloeosporiodes သည် ရေကြီးနစ်မြုပ်ကာလရှည်ပြီး စိုထိုင်းဆ ၁၀၀% ကို (၅ )ရက်နှင့်အထက်၊ အရွက်စိုစွတ်ချိန်ကာလ ၄၈ နာရီဆက်တိုက်၊ အပူချိန် ၂၅-၃၂ ဒီဂရီစင်တီဂရိတ်တွင် ရောဂါကျရောက်မှုကိုအားပေးနိုင်သည်။
ရောဂါလက္ခဏာ
ကြက်သွန်အမြိတ်များတွန့်လိမ်ခြင်း၊ အဝါရောင်မှ အညိုရောင်သို့ပြောင်းကာ ခြောက်လာခြင်း၊
ရောဂါလက္ခဏာအကွက်များပေါ်တွင် အမဲရောင် acervuli (မှိုလုံးအစက်အပြောက်များ)တွေ့ရခြင်း၊
ကြက်သွန်ဥနဲ့အမြိတ်ကြားရှိ ပင်စည်ယောင်နေရာမှ ပုပ်လာပြီးကြက်သွန်ဥအထိ မဲ၍ပုပ်လာခြင်း၊
ရောဂါလက္ခဏာအစတွင် သေးငယ်သောအဖြူရောင်အကွက်တွင်ရေစိုနာအနားသတ်ကို အရွက်ပေါ်တွင်တွေ့ရသည်။
ရောဂါကျယ်ပြန့်လာချိန်တွင် ဘဲဥပုံမှ ရှည်မျောမျောအကွက်တွင်အဝါရောင်အနားသတ်အဖြစ် တွေ့ရသည်။
အကွက်များတဖြည်းဖြည်းခြောက်လာပြီး ကြက်သွန်မြိတ်တစ်လျှာက် ကျယ်ပြန့်လာသည်။ အမဲရောင်အစက်အပြောက်ငယ်များ ပြန့်ကျဲနေသည်ကိုတွေ့ရသည်။
ကြက်သွန်ဥတည်ချိန်တွင် ရောဂါပြင်းထန်စွာကျရောက်ပါက ကြက်သွန်ဥများပုပ်လာနိုင်သည်။
ကာကွယ်နှိမ်နင်းခြင်း
ရေကျချိန်တွင် စိုက်ခင်းအတွင်းရေအမြန်လျော့စေရန် မြောင်းများဖောက်၍ရေထုတ်ပါ။
ဘောင်တင်ပါ။ အမြစ်ပေါ်လာသောအပင်များကို ဘောင်လုံးပါ။
ရေကြီးနစ်မြုပ်မှုကြောင့်ဆုံးရှုံးမှုများနိုင်သော အာဟာရများမှာ N,K နှင့် ဓာတ်တိုးမှုကြောင့် အပင်ကိုထိခိုက်နိုင်သော Mn , Fe ကိုချိန်ညှိပေးနိုင်ရန်အတွက် Ca (ကယ်လ်ဆီယမ်), S (ဆာလဖာ), Bo (ဘိုရွန်) တို့ကိုစနစ်တကျဖြည့်စွက်ပြုပြင်ပေးပါ။
ရေကျချိန်တွင်ကျရောက်နိုင်သော အပင်ရောဂါများမှကာကွယ်ရန် အပင်၏ဆဲလ်များကို တောင့်တင်းစေသော၊ အင်ဇိုင်းလုပ်ငန်းစဥ်ကိုပံ့ပိုးပေးနိုင်သော၊ အပင်၏ခုခံနိုင်စွမ်းကိုတိုးစေသော K (ပိုတက်စီယမ်) သွင်းအားစုကိုမဖြစ်မနေဖြည့်စွက်ပေးရန်လိုအပ်သည်။
အနုဇီဝသက်ရှိဦးရေ လျင်မြန်စွာတိုးလာစေရန် မြေသားတွင်လေဝင်လေထွက်ကောင်းအောင် ကြောင်းဆွဲပေးခြင်း၊ မြေဆွပေးခြင်း၊ မြေဆွေးထည့်ပေးခြင်း၊ Trichoderma (ထရိုင်ဂိုဒါးမား) ထည့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်သည်။
ရောဂါကျရောက်မှု စတင်ပါက Mancozeb 60% 30cc/20l
ရောဂါကျရောက်မှုပြန့်နှံ့နေပါက (Tebuconazole 50% + Trifloxystrobin 25%) 30cc/20l အသုံးပြုနိုင်သည်။
Dr.DaDa (သီးနှံကာကွယ်ရေးဆိုင်ရာအထွေထွေဗဟုသုတများ) ထံမှလေးစားစွာဖြင့်ကူးယူဖော်ပြအပ်ပါသည်။
-------
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752
ထွက်တိုးတောင်သူအကြံပေးဖုန်း - ၀၉၉၇၇၉၁၀၀၀၀
ထွက်တိုးရယူရန်_ https://htwettoe.com/download
ထွက်တိုး တယ်လီဂရမ်_ https://t.me/htwettoe
ထွက်တိုး viber _ https://shorturl.at/hkYFX