cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာပြည်အနှံ့ ရေကြီးမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ကျဆင်းနေသည့် ကုန်စိမ်းများ ပြန်လည်မြင့်တက်လာ

. ဈေးကွက်သတင်းများ
ယခင် ကျဆင်းနေသည့် ဂေါ်ဖီ၊ ဂျင်း၊ ကြက်သွန်ဖြူ နှင့် မုန့်ညင်းဖြူ အစရှိသည့် ကုန်စိမ်းများ အဓိက မြင့်တက်လာပြီး တစ်ပိဿာလျှင် ၁၀၀၀ မှ ၃၀၀၀ ကျော်နှုန်း အသီးသီး မြင့် တက်လာကြောင်း စျေးကွက်မှ သိရသည်။
  • လက်ရှိ ရေကြီးမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ခက်ခဲခြင်းများဖြစ်ပေါ်ကာ စျေးကွက်တွင် ကုန်အဝင် နည်းပါးလာပြီး ကုန်စိမ်းနှုန်းများ မြင့်တက်လာကြောင်း သိရသည်။ 

    ယခင် ကျဆင်းနေသည့် ဂေါ်ဖီ၊ ဂျင်း၊ ကြက်သွန်ဖြူ နှင့် မုန့်ညင်းဖြူ အစရှိသည့် ကုန်စိမ်းများ အဓိက မြင့်တက်လာပြီး တစ်ပိဿာလျှင် ၁၀၀၀ မှ ၃၀၀၀ ကျော်နှုန်း အသီးသီး မြင့် တက်လာကြောင်း စျေးကွက်မှ သိရသည်။ 

    လက်ရှိ ရှမ်းပြည်နယ်ကထွက်ရှိ အချို့ကုန်စိမ်းသီးနှံများမှာ ရေဘေးကြောင့် လမ်းခရီးခက်ခဲပြီး ရန်ကုန်ဈေးကွက်သို့ အဝင်မရှိသလောက် ဖြစ်နေသည့်အတွက် အများဆုံးအနေဖြင့် ရှမ်းထွက်ကုန်များ မြင့်တက်နေခြင်း ဖြစ်ကြောင်း စားသောက်ကုန် ရောင်းချသူများထံမှ သိရပါသည်။ 

    ယခင်က ဂေါ်ဖီတစ်ထုတ်လျှင် ၁၅၀၀ ကျပ် မှ ၃၀၀၀ ကျပ် သာရှိရာမှ ယခုလျှင် ၃၀၀၀ မှ ၅၀၀၀ ကျပ်သို့ လည်းကောင်း ၊ ဂျင်း တစ်ပိဿာလျှင် ယခင်က ၃၀၀၀ မှ ၅၀၀၀ ခန့်သာရှိရာမှ ၇၀၀၀ အထိ လည်ကောင်း၊ ငရုတ်တစ်ပိဿာလျှင် ယခင်က ၃၀၀၀မှ ၅၀၀၀ ရှိရာမှ ၆၀၀၀ ကျော်ထိ လည်ကောင်း၊ ကင်မွန်းချဉ် ရွက် တစ်စီးလျှင် ယခင်က ၁၅၀၀ မှ ယခု ၂၅၀၀ခန့် အသီးသီး မြင့်တက်လျက်ရှိကြောင်း သီရီမင်္ဂလာစျေးကွက် မှ သိရသည်။ 

    “ အဓိက ရှမ်းပြည်နယ်ထွက် အသီးတွေ စျေးတက်သွားတာ။ အရင် ခရမ်းချဉ်သီး၊ ဂေါ်ဖီစျေး ၊ ဂျင်းစျေး တွေကျပြီး တောင်သူတွေ ရှုံးနေတာ။ အခုက ရေကြီးတော့ ကုန်အဝင် လုံးဝကို နည်းသွားလို့ စျေး ပြန်တက်လာတာ။ အောင်ပန်းမှာ ကုန်စည်စီးဆင်းမှုရပ်သွားတော့ ရန်ကုန်မှာ နံနံပင်က အစ တက်နေတယ်။

    လှောင်ထားတဲ့ ကုန်သည်တွေလည်း ရေတွေမျော၊ စိုက်ခင်းတွေ ပျက်စီး၊ နောက်ပိုင်း ကုန်စိမ်းနှုန်း တက်ဖို့ ပဲရှိတယ် ။ “ ဟု အောင်ပန်း မှ ရှမ်းကုန်စိမ်းရောင်း ချသူတစ်ဦးက ပြောသည်။

    ထို့ကဲ့သို့  ကုန်စည်အဝင်နည်းပြီး ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းကြောင့် အခြေခံ ပြည်သူတွေအနေဖြင့် ဟင်းသီးဟင်းရွက်များကိုပင် ဝယ်ယူစားသုံးရန် အဆင်မပြေတော့ကြောင်း သိရသည်။

    ရန်ကုန်လက်ကား စျေးကွက်တွင် ကြက်သွန်ဖြူ တစ်ပိဿာ လျှင် ၂၀၀၀၀ ကျပ် မှ ၂၅၀၀၀ ၊ ဂေါ်ဖီ တစ်ပွင့်လျှင် ၆၀၀၀ ကျပ် ၊ ဂေါ်ရခါးသီး တစ်လုံးလျှင် ၆၀၀ မှ ၇၀၀ ၊ ငရုပ်သီးပု တစ်ပိဿာလျှင် ၂၀၀၀၀၊ အရှည်တစ်ပိဿာ လျှင် ၁၀၀၀၀ ကျပ် နှင့် နံနံပင် တစ်ပိဿာ လျှင် ၃၀၀၀၀ အထိ ပေးဝယ်နေရကြောင်း အိမ်ရှင်မ တစ်ဦး ပြောသည်။

    “ ဒီထက်တက်ရင် အသီးရွက်တောင် မစားနိုင်တော့ဘူး။ အသားစျေးကို မှီနေပြီး ပုံမှန်ထပ် ၅၀၀၀ ကျော်အထိ ကို တက်နေတယ်။ တစ်ရက်နဲ့ တစ်ရက်ကို မတူဘူး။ ဒီစျေးတွေနဲ့ စျေးထဲကို မသွားရဲဘူး။ နံနံပင် အရင်ဆို ၄၀၀၊ ၅၀၀ဖိုး ဝယ်လို့ရတယ် အခုဆို ရောင်းမပေးတော့ဘူး “ ရန်ကုန်မြို့နေသူ အိမ်ရှင်မ ဒေါ်ခင်မိုး ကပြောသည်။

    မုန့်တိုင်းကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုများအပြင် စိုက်ခင်းများ ရေနစ်မြုပ်မှုကြောင့် ကုန်စိမ်း စျေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းလည်းဖြစ်ကြောင်း သိရသည်။ 

    ရှမ်းပြည်နယ်၌ စတင်ဘာလတွင် ခရမ်းချဉ်သီး၊ ဂျင်း၊ ဂေါ်ဖီ နှင့် ကြက်သွန်ဖြူတို့ မှာ စျေးအကျဘက်သို့ရောက် ရှိနေခဲ့ပြီး ရေကြီးမှုများ မဖြစ်ခင်က ခရမ်းချဉ်သီး နှင့် ဂေါ်ဖီ တစ်ထုပ် လျှင် ၅၀၀ကျပ်အောက်သာ ရှိခဲ့သည်။  

    ဖိုးချဲ(AMIA)

    -----

    မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -

    https://htwettoe.com/download


  • article
likes
6
comments
0
views
2111
cover
cover
cover
cover
cover