cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လေတိုက်စား၊ ရေတိုက်စား၊ မြေတိုက်စားခံရမှု သက်သာစေရန်

. မြေဆီလွှာ
တစ်နေရာနှင့် တစ်နေရာ သြဇာပါမှု အထူ၊အပါး မတူသော်ငြားလည်း အရေးကြီးသော မြေလွှာဖြစ်သည်။ လက်မအနည်းငယ်မှ ပေပေါင်းများစွာအထိ အထူ၊ အပါး ကွာခြားနိုင်သည်။
  • ကမ္ဘာမြေကြီး၏ အပေါ်ယံတွင် ဖုံးလွှမ်းနေသော မြေလွှာကို စိုက်ပျိုးရေး ပညာရှင်များက မြေဆီလွှာဟု ခေါ်ကြသည်။ အများစုကမြေကြီးအပေါ်ကမြေသားဟု ခေါ်ကြမည် မထင်မိပါသည်။ တကယ်တော့ မြေဆီလွှာဆိုသဖြင့် မြေကြီး၏ အဆီ၊ အနှစ်များရှိသောအလွှာဖြစ်သည်။ တနည်းအားဖြင့် မြေ၏သြဇာ၊ မြေသြဇာရှိသောနေရာ ဖြစ်သည်။ တစ်နေရာနှင့် တစ်နေရာ သြဇာပါမှု အထူ၊အပါး မတူသော်ငြားလည်း အရေးကြီးသော မြေလွှာဖြစ်သည်။ လက်မအနည်းငယ်မှ ပေပေါင်းများစွာအထိ အထူ၊ အပါး ကွာခြားနိုင်သည်။

    မြေဆီလွှာတွင် သေးငယ်သော မြေမှုန်များပါသည်။ ဤသည်တို့မှာ နှစ်ကာလပေါင်းများစွာ ရေ၊ လေ၊ နေ၊ အပူ၊ အအေး၊ အပင်နှင့် မြေတွင်းနေ တိရစ္ဆာန် (တီကောင်၊ ပရွက်ဆိတ်၊ ခြ) တို့ကြောင့် ကျောက်တုံး၊ ကျောက်ခဲမှ ကြေပျက်ခဲ့ရခြင်း ဖြစ်သည်။ ရေသည် ကျောက်ခဲကို ကြေမွစေသည်။ လေသည် မြေမှုန်ကို လွင့်သွားစေသည်။ ရာသီဥတု ပူခြင်း၊ အေးခြင်းသည် ကျောက်သားကို မှုန့်ညက်စေသည်။ ပူလျှင် ကျောက်သား<က၍ အေးလျှင် ကျောက်သားကျုံ့ခြင်းမှ ကျောက်မှုန့်ဖြစ်ရသည်။ မြေမှုန့်ဖြစ်လျှင် လေတိုက်၍ မြေသားဆုံးရှုံးသည်။ မိုးရွာ၍ မြေသားဆုံးရှုံးသည်။ ထို့ကြောင့် မြေဗလာနေရာမှာထက် မြေကြီးပေါ်တွင် ဖုံးကာထားသော သစ်ပင်၊ မြက် တစ်မျိုးမျိုးရှိခြင်းသည် မြေတိုက်စားခံရမှု သက်သာပါသည်။ မြေသား (မြေဆီလွှာ) များ တိုက်စားခံရမှုကြောင့် မူလကျောက်သားများပေါ်လာသည်အထိ မြင်တွေ့နိုင်သော မြင်ကွင်းကို အပူပိုင်းမိုးနည်းဒေသ အညာနှင့် မြေလတ်ဒေသများတွင် မြင်တွေ့နိုင်ပါသည်။

    မိတ္ထီလာ၊ သဲတော၊ ဝမ်းတွင်း၊ ကျောက်ပန်တောင်း၊ တောင်သာ၊ နွားထိုးကြီး စသည့်မန္တလေးတိုင်းဒေသကြီးနှင့် မကွေး၊ နတ်မောက်၊ရေနံချောင်း၊ ချောက်၊ စလေ စသည့် ဒေသများတွင် မြင်တွေ့နေရပါသည်။မြေသား၊ မြေဆီလွှာ လေတိုက်စားမှု၊ ရေတိုက်စားမှုတို့ကို အချိန်မီ ကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းမရှိပါက မြေသားကုန်၍ ကျောက်သားပြင်ဖြစ်လာပါမည်။ ထိုအခါ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန် အခြေအနေမဲ့ ဖြစ်သွားပါလိမ့်မည်။ဤအဖြစ်အပျက်သည် နှစ်တိုတိုကာလနှင့် ချက်ချင်းကြုံတွေ့ရမည်။ နှစ်ကြာရှည်သည်နှင့် တိုး၍တိုး၍ ကြုံလာရပါမည်။ ယခုပင် အမြန်ဆုံး ထိန်းသိမ်း ကာကွယ်ရမည့် အခြေအနေရှိနေပါပြီ။ မြင့်မားမတ်စောက်သော ကုန်းကြောများရှိသည့်နေရာ၌ ပို၍ကြုံရသဖြင့် လှေကားထစ်လယ်ယာတောင်စောင်း စိုက်ပျိုးမှု၊ သဘာဝမြေသြဇာဖြည့်မှုရေစီးကြောင်း တစ်လျှောက်၊ ကျောက်တုံး၊ ကျောက်ခဲများဆင့်စီ၍ ရေတားပြုလုပ်မှု၊ ယာခင်းများတွင် လေကာပင်တန်း စိုက်ပျိုးမှု၊ ယာခင်းများတွင် ရေဝပ်ကျင်း၊ ရေဝပ်မြောင်းများ ထားရှိမှု၊ တောင်စောင်းအမြင့်ပိုင်းတွင် အပင်ကြီးများ စိုက်ပျိုးမှု၊ တောင်စောင်းအလယ်ပိုင်းတွင် သီးနှံသစ်တော ရောနှောစိုက်ခင်းထားရှိမှု၊ တောင်စောင်းအောက်ခြေတွင် လယ်ယာစပါး စိုက်ပျိုးမှု၊ သစ်ပင်စိုက်ပျိုးလျှင် အပင်ပတ်လည်တစ်ဝိုက် ကျင်းဝိုင်းတူး၍ရေနှင့် မြေထိန်းသိမ်းစိုက်ပျိုးမှု၊ လျှိုများ၊ ရေစီးချောင်းများတွင် ခပ်စိပ်စိပ် ရေတားရိုးများ ပြုလုပ်မှု၊ လျှိုတားပြုလုပ်မှု၊ ပိုလျှံရေကို ရေလွှဲမြောင်းဖြင့် ရေပို့မှု၊ အရွက်ကြွေကျ၍ မြေဆွေးရရှိသော အပင်များ စိုက်ပျိုးမှု၊ (ဘောစကိုင်းပင်၊ ဂလိုင်ဒီစီးဒီးယားပင်၊ မန်ဂျန်ရှားပင်)အမြစ်များမှ မြေကို ကုပ်ဆွဲယူထားနိုင်သည့် မြက်စိုက်ပျိုးမှု (ကိုင်းမြက်၊ မာတီဘာမြက်) ချိုင့်ကျင်းနေရာများတွင် အမှိုက်၊ သစ်ရွက်ဆွေးချပေးမှု၊ ကုန်စောင်းများတွင် ပီလောပီနံနှင့် ထင်းစိုက်ခင်း တည်ထောင်မှုတို့ဖြင့် မြေသား ရေ၊ လေ တိုက်စားမခံရရန် ပြုလုပ်နိုင်ပါသည်။

    မိမိတို့၏ လက်တစ်ကမ်းမှာရှိသောပစ္စည်း၊ အပင်များဖြင့် ပြုလုပ်နိုင်သဖြင့် တစ်ဦးချင်း ဆောင်ရွက်ခြင်းထက် စုပေါင်းလုပ်ကိုင်ဆောင်ရွက်ခြင်းသည် ထိရောက်မှုရှိသည်ကို အဆိုပါဒေသများတွင် ဖော်ပြပါနည်းလမ်းများကို နမူနာစံပြ လုပ်ကိုင်ပြသနေသော လူမှုအဖွဲ့အစည်းများ၏ အတွေ့အကြုံအရ သိရှိရပါသည်။ ဤသို့သော လုပ်ကိုင်နည်းများကို ဒေသခံ တောင်သူလယ်သမား၊ ယာသမား၊ ကျေးလက်နေလူထု အများက မိမိတို့ဒေသ ရေ၊ မြေ ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရေးအတွက် မိုးရာသီမရောက်ခင် ကြိုတင်ပြင်ဆင်လုပ်ကြသင့်ပါပြီ။

    - ကိုရဲ(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    အတွဲ(၂၃) အမှတ်(၃၄၀)၊ ဖေဖော်ဝါရီ ၁၁ - ၁၇၊ ၂၀၁၉ ခုနှစ်


  • article
likes2comments0
views2340
cover
cover
cover
cover
cover