ရေဘေးကြောင့် ကွမ်းခြံတွေပျက်စီးမှုများပြားတဲ့အတွက် ကွမ်းဈေးကျဆင်းမှုမရှိသေး
မန္တလေးအနီးဝန်းကျင်ဒေသတွေမှာရေကြီးနစ်မြုပ်မှုတွေကြောင့် ကွမ်းခြံတွေပျက်စီးမှုများပြားခဲ့တဲ့ အတွက် ဈေးကွက်အတွင်းမှာ ကွမ်းရွက်ဈေးနှုန်းတွေ စျေးကျဆင်းမှုမရှိဘူးလို့ ကွမ်းကုန် သည်တွေကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ကျောက်ဆည်၊ တံတားဦး၊ မြစ်သားမြို့နယ်တွေမှာ ရေကြီးနစ် မြုပ်မှုတွေရှိခဲ့ပြီး ကွမ်းခြံပေါင်းရာနဲ့ချီရေနစ်မြုပ်ပျက်စီးခဲ့တာဖြစ်ပါတယ်။
“ကွမ်းဈေးကကောင်းနေတုန်းပဲ။ခြံတွေပျက်တော့ ဈေးကွက်ထဲ ကွမ်းအဝင်နည်းလို့ ရှိတာအကုန်လုဝယ်နေရတာ။ ဈေးကကျဖို့မမြင်သေးဘူး။ ဆက်တောင်တက်မယ့်အနေအထားရှိတယ်” လို့ အောင်မြေသာစံမြို့နယ် ကကွမ်းကုန်သည်တစ်ဦးကပြောပါတယ်။
အရင်ကအခုလိုရာသီမှာ ကွမ်းရွက်အထွက်နှုန်းများပြားပြီး ဈေးနှုန်းကျဆင်းလေ့ရှိပေမဲ့ လက်ရှိအချိန်မှာတော့ ရေကြီးမှုနဲ့ နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုတွေကြောင့် ကွမ်းအထွက်နှုန်းအမြောက်အမြားကျဆင်းခဲ့တဲ့ အတွက်ဈေးနှုန်းတွေမြင့်တက်နေတာဖြစ်တယ်လို့ကုန်သည်တွေကဆိုပါတယ်။
လက်ရှိအချိန်မှာ ကွမ်းရွက်တစ်ပိဿာကို ငွေကျပ် ၁၀၀၀၀ ကနေ ၁၂၀၀၀ ကြားအထိရှိနေပြီး အရင်က အခုလိုကာလမှာ တစ်ပိဿာကို ငွေကျပ် ၁၈၀၀ ကနေ ၃၀၀၀ ကြားပဲရှိတယ်လို့ကုန်သည်တွေကဆိုပါတယ်။
အဲဒီအပြင် ကွမ်းသီးအပါအဝင် ကွမ်းနဲ့ဆက်စပ်ပစ္စည်းဈေးနှုန်းတွေကလည်း မြင့်တက်နေတာကြောင့် ကွမ်းယာဆိုင်တွေအနေနဲ့ အခက်အခဲတွေရှိနေတယ်လို့သိရပါတယ်။
လင်းလင်း
Opinion Leaders မှ ကူးယူဖော်ပြပါသည်။
---------
မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။
ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -