ပဲတီစိမ်း ပြည်တွင်းစျေးအပြင် ပြည်ပစျေးပါ ငြိမ်နေ
လက်ရှိ ပဲတီစိမ်းအမြင့် စျေးဖြင့် စျေးငြိမ်နေကြောင်း စျေးကွက်နှင့် ပဲကုန်သည်များထံမှ သိရသည်။ မိုးပဲတီစိမ်းကို ဇွန်လဆန်းတွင် စတင်စိုက်ပျိုးကြပြီး ဩဂုတ်လကုန် နှင့်စက်တင်ဘာလ တွင် လှိုင်လှိုင်ထွက်ပေါ် လျက်ရှိသော်လည်း စျေးကွက်တွင် အဝင်နည်းနေခြင်းကြောင့် စျေးငြိမ်နေကြောင်း သိရသည်။
စက်တင်ဘာလ စတုတ္ထအပတ်မှ အောက်တိုဘာလ ပထမအပတ်အထိ စျေးငြိမ်လျက်ရှိ ပြီးခဲ့သည့်လများ ဖြင့်ယှဉ်ပါက တစ်ပိဿာလျှင် ၁၀၀၀ ကျော်အထိ မြင့် တက်လျက်ရှိကြောင်း စျေးကွက်အရ သိရသည်။
“ပဲတီစိမ်းစျေးက စျေးငြိမ်နေတာကြာပြီ၊ FOBစျေး နှုန်းလဲ ငြိမ်နေတယ်။ ပြီးခဲ့တဲ့လတွေနဲ့ ယှဉ်ရင်တော့ အတက်စျေးမှာပါ။ fob စျေးနှုန်းကတော့ ကျလဲ ၁၀ ဘဲ၊ တက်လဲ ၁၀ ဘဲ။ အရောင်းဝယ်ကတော့ ပုံမှန် မရှိဘူး ။ ” ဟု ဘုရင့်နောင် ကုန်စည်ဒိုင်မှ ပဲကုန်သည်တစ်ဦးက ပြောသည်။
ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ပဲတီစိမ်း (အညာ) တစ်ပိဿလျှင် ၄၃၃၀ မှ ၄၃၅၀ ကျပ်၊ ပဲတီစိမ်း (ခရမ်း ရွေဝါ)တစ်ပိဿာလျှင် ၅၀၈၀ ကျပ်၊ ပဲခူးရွှေဝါ တစ်ပိဿာလျှင် ၄၇၅၀ ကျပ် ဖြင့် စက်တင်ဘာလ စတုတ္ထအပတ် မှ အောက်တိုဘာလ ပထမအပတ်အထိ စျေးငြိမ်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် မန္တလေးကုန်စည်ဒိုင်စျေးနှုန်းအရ ပဲတီစိမ်း (ညာ)၅၆.၂၅ ပိဿာ တစ်အိတ်လျှင်၂၀၀၀၀၀ မှ ၂၄၅၀၀၀ အထိ ရှိခဲ့ပြီး လက်ရှိ ပဲတီစိမ်း ပဲခွဲ ၅၆.၂၅ပိဿာ တစ်အိတ်လျှင် ၁၄၅၀၀၀ မှ ၁၈၅၀၀၀ အထိ ရှိကြောင်းသိရသည်။
လက်ရှိ တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် လမ်းပန်းဆက်သွယ်ရေးအပြင် တခြားသော အခက်အခဲများရှိနေ၍ ပုံမှန်ထပ် စျေးကွက်အေးကြောင်းလည်း သိရသည်။
“ပဲတီစိမ်းက တရုတ်ဘက်ကိုဘဲ အဓိက တင်ပို့တာဆိုတော့ မူဆယ်၊ လားရှိုး၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေက ပုံမှန် မဖြစ်သေး၍တော့ အခက်ခဲ တွေ ရှိနေဦး မှာပဲ ။” ဟု အောင်လံ မြို့မှ ပဲကုန်သည် ကိုနိုင်ဝင်းကပြောသည်။
ပဲမျိုးစုံအနက် ပဲတီစိမ်း အနေဖြင့် ပြည်ပသို့ ၂၅၃၃၆၈.၀၂၇ တန်ချိန်အထိ တင်ပို့နိုင်ခဲ့ ကြောင်းသိသည်။ ပဲတီစိမ်းကို တရုတ်နိုင်ငံမှ ၉၀ ရာခိုင်နှုန်းအထိ အဓိက ဝယ်ယူလျက်ရှိပြီး ၁၀ ရာခိုင်းနှုန်းမှာ ထိုင်းနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ဖိုးချဲ(AMIA)
Exclusive content for Htwet Toe
---------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://l.htwettoe.com/v2


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း