cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တင်လဲရည် (သို့) သကာရည် အလွယ်ပြုလုပ်နည်း

. အပင်အာဟာရ
တင်လဲရည် အလွယ်တကူရှာမရ ဝယ်လို့မရပါက အိမ်မှာအလွယ်လုပ်နိုင်တဲ့နည်းလမ်းလေးဖော်ပြ ပေးလိုက်ပါတယ်။
  • တင်လဲရည် (Molasses) မှာဆိုရင် မဂ္ဂနီဆီယမ်၊ အိုင်းယွန်း၊ ပိုတက်စီယမ်၊ ကော့ပါး၊ ကယ်လ်စီယမ်၊ ဗီတာမင် ဘီ ၆၊ ဆီလီနီယမ်နဲ့ အခြားသော အနည်းလိုအာဟာရဓာတ်များကဲ့သို့ အကျိုးပြု အပင်အာဟာရဓာတ်တွေ ပါရှိနေတာ ဖြစ်ပါတယ်။ ၎င်းတို့ကို အာဟာရဓာတ်တိုးမြင့်စေဖို့အတွက် အော်ဂဲနစ်မြေသြဇာတွေထဲမှာ ထည့်သွင်းအသုံးပြုနိုင်သလို တင်လဲရည်ကို ရေနဲ့ရောပြီး မြေကြီးပေါ်သို့ လောင်းပေးခြင်း (သို့မဟုတ်) အပင်ရဲ့ အရွက်တွေအပေါ် တိုက်ရိုက်ပက်ဖျန်းပေးခြင်းဖြင့်လည်း အသုံးပြုနိုင်ပါတယ်။

    တင်လဲရည် အသုံးပြုခြင်း

    အပင်တွေမှာ တင်လဲရည်ကိုအသုံးပြုနိုင်ဖို့ဆိုရင် ဖျော်စပ်သုံးစွဲကျ‌လေ့ ရှိပါတယ်။ ယေဘုယျအားဖြင့် ရေတစ်ဂါလံလျှင် တင်လဲရည် ထမင်းစားဇွန်း ၁ - ၃ ဇွန်း ရောစပ်ပြီးအသုံးပြုနိုင်ပါတယ်။ ဖျော်စပ်ထားတဲ့ တင်လဲရည်ကို မြေဆီလွှာပေါ်မှာ ဖျန်းနိုင်သလို (သို့မဟုတ်) အပင်များပေါ်မှာလည်း ပက်ဖျန်းပေးနိုင်ပါတယ်။ မြေဆွေးပြုလုပ်ရာတွင် အသုံးပြုခြင်း၊ အခြားသဘာဝ ဇီဝ မြေသြဇာ၊ အား ဆေး ဥပမာ ထရိုခိုဒါးမား တွေမှာလဲ ရောစပ်အသုံးပြုပေးနိုင်ပါတယ်။

    တင်လဲရည် အလွယ်တကူရှာမရ ဝယ်လို့မရပါက အိမ်မှာအလွယ်လုပ်နိုင်တဲ့နည်းလမ်းလေးဖော်ပြ ပေးလိုက်ပါတယ်။ ဒီနည်းလမ်းမှာ အဓိကလိုအပ်တာကတော့ ကြံကြိတ်ထားသော အရည် (ကြံရည်)၊ မီးဖို စတာတွေပဲလိုအပ်မှာဖြစ်ပါတယ်။

    ပထမအဆင့်အနေနဲ့ ကြံ ‌ရည်ဆိုင်မှာ ကြံရည် မိမိလိုအပ်သလောက်ဝယ်ပါ။ (ခန့်မှန်း ၃ခွက်တစ်ခွက်ပဲတင်နိုင်)။ ရလာတဲ့ ကြံရည်ကို အိုးထဲ ထည့် ပြီး မီး‌အေးအေးဖြင့်ကြိုပေးပါ။ ကြံရည်ကို ‌ညောင်စေးကျတဲ့ အထိကျိုပေးပါ။ အချိန် အားဖြင့် ၂နာရီခွဲက နေ ၃ နာရီလောက်ကြာနိုင်ပါတယ်။ ကြိုနေစဥ် ကြံမြှုပ်လေးတွေတက်လာပါက ခပ်ထုတ်ပေးပါ။ ကြံအမြှုပ်ကို ကြံမြှုပ်ချေးအဖြစ်စိုက်ခင်းတွေမှာပြန်သုံးနိုင်ပါတယ်။ သကာရည်များ အရမ်းမစေးရန်နှင့် မခဲ စေရန် အတွက် အိုးချခါနီး ရေတခါလောက် ထည့်ပြီးကြိုပေးပါ။ ဆူလာပါက အအေးခံပါ။ ထို့နောက်ပုလင်း/ဘူး တွေမှာ ၁ နှစ် အထိ သိမ်းဆည်းထားနိုင်ပါတယ်။

    မူရင်း_ GG Tricho

    --------------

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752

    ထွက်တိုးတောင်သူအကြံပေးဖုန်း - ၀၉၉၇၇၉၁၀၀၀၀

    ထွက်တိုးရယူရန်_ https://htwettoe.com/download

    ထွက်တိုး တယ်လီဂရမ်_ https://t.me/htwettoe

    ထွက်တိုး viber _ https://shorturl.at/hkYFX


  • article
likes3comments0
views1540
cover
cover
cover
cover
cover