မတ်ပဲတွင် အဓိကကျရောက်သောဖျက်ပိုးများ
. ပိုးမွှား
ဖျက်ပိုးတစ်မျိုးချင်းစီအလိုက် အသေးစိတ်ဖော်ပြပေးထားပါသည်။
- (၁) ပွင့်ထွေးပိုး - အရွက်၊ အဖူး၊ အပွင့်တို့ကို လောက်ကောင်ရဲ့ပါးစပ်အစိတ်အပိုင်းကထုတ်တဲ့ချည်မျှင်ဖြင့်လုံးထွေးစားသောက်
- သီးတောင့်ကိုခွဲကြည့်ရင် လောက်ကောင်နဲ့ အညစ်အကြေးတွေကိုတွေ့ရ
 - ကာကွယ်နှိမ်နင်းနည်း - အဖူးစတင်ဝင်ချိန် (ဥကနေအကောင်ပေါက်တာကိုဟန့်တားနိုင်) – Thiodicarb, Flubendiamide, Indoxacarb
- ပွင့်ထွေးလောက်ကောင်အဆင့်- Emamectin benzoate, Chlorantraniliprole, Indoxacarb, Spinosad
 - (၂) သီးလုံးဖောက်ပိုး - လောက်ကောင်ဘဝ-အရွက်၊အဖူး၊အပွင့်၊ အသီးတို့ကို ကိုက်ဖြတ်စားသောက်ဖျက်ဆီး
- အရွက်များတွင်ဆန်ကာပေါက်ပုံစံ၊ ရွက်ကြောများသာကျန်
- ရုပ်ဖုံးပြုလုပ်ပြီး ပင်ကြွင်းပင်ကျန်၊ ပေါင်းမြက်များတွင်ခိုအောင်းနေတတ်
 - ကာကွယ်နှိမ်နင်းနည်း - အပင်ပေါ်ရှိ ဥ၊လောက်ကောင်များကိုလက်ဖြင့်ကောက်ယူဖျက်ဆီးပစ်ပါ
- မီးထောင်ချောက်ထွန်းပြီး ဖလံများကိုဖမ်းယူဖျက်ဆီးပါ
- မြေပြင်ချိန်- Thiamethoxam, Carbosulfan, Fipronil
- Indoxacarb+ Lambda-cyhalothrin, Emamectin benzoate+ Lambda, Acephate
 - (၃) ပျပိုး - ပဲအပင်ပေါက် (၂-၄)ပတ်အတွင်းဆိုးရွားစွကျရောက်တတ်
- အရွက်၊အညွန့်များမှာ အစုလိုက်အပြုံလိုက်စုဝေးကျရောက်
- Honeydew (အချိုရည်) စစ်ထုတ်- ပုရွက်ဆိတ်တွေလာတတ်
- ဗိုင်းရပ်စ်ရောဂါကိုသယ်ဆောင်
 - ကာကွယ်နှိမ်နင်းနည်း - ဖျက်ပိုးများခိုအောင်းရာ စိုက်ခင်းပတ်ဝန်းကျင်ပေါင်းမြက်တွေရှင်းပါ
- ပင်ကြားတန်းကြား၊စိုက်ခင်းလေဝင်လေထွက် ကောင်းအောင် ဆောင်ရွက်ပါ၊
- အစိုဓာတ်ကိုချိန်ညှိပါ
- နိုက်ထရိုဂျင်မြေသြဇာ အလွန်အကျွံသုံးခြင်းကိုရှောင်ပါ
- တမာဆီ၊ Acetamiprid, Spinosad, Fipronil, Thiamethoxam
 - (၄) ပဲပင်စည်ထိုးယင် - လောက်ကောင်- အရွက်၏အတွင်းသားကို ထွင်းဖောက်၍စားသောက်
- အရွက်မှာ အစိမ်းရောင်အသားများဖျော့လာ-အဝါရောင်မီးလောင်ထားသကဲ့သို့ တဖြည်းဖြည်းခြောက်သွေ့သွား
- အရွက်၊ ရွက်ညှာကနေတစ်ဆင့် ပင်စည်ထဲသို့ဝင်သွား- ပင်စည်ဖောင်းပွ၍ အက်ကွဲကြောင်းများဖြစ်
 - ကာကွယ်နှိမ်နင်းနည်း - ဖျက်ပိုးများခိုအောင်းရာ စိုက်ခင်းပတ်ဝန်းကျင်ပေါင်းမြက်တွေရှင်းပါ
- ပင်ကြားတန်းကြား၊စိုက်ခင်းလေဝင်လေထွက် ကောင်းအောင် ဆောင်ရွက်ပါ၊
- အစိုဓာတ်ကိုချိန်ညှိပါ
- နိုက်ထရိုဂျင်မြေသြဇာ အလွန်အကျွံသုံးခြင်းကိုရှောင်ပါ
- တမာဆီ၊ Acetamiprid, Spinosad, Fipronil, Thiamethoxam
 - (၅) ငမြောင်တောင် - လောက်ကောင်-အရွက်တစ်သျှူးသားများကိုခြစ်စား
- အကောင်ကြီးအဆင့်- အပင်အစိတ်အပိုင်းများကိုကိုက်ဖြတ်စားသောက်
- လောက်ကောင်- နံနက်အစောပိုင်းနှင့် ညအချိန်မှာ အဓိကဖျက်ဆီး၊ နေ့အချိန်- ခိုအောင်းနေ
- ကာကွယ်နှိမ်နင်းနည်း
- ဥမြုံများ၊ ပိုးလောက်ကောင်များကိုလက်ဖြင့်ကောက်ယူဖျက်ဆီးပစ်ပါ
- မီးထောင်ချောက်ထွန်း၍ ဖလံများကိုညအချိန်တွင်ဖမ်းယူပါ
- Cypermethrin, Lambda-cyhhalothrin
 - (၆) ရွက်စုံစားခူဝါ - လောက်ကောင်- အရွက်ရဲ့အစိမ်းရောင်တစ်သျှူးသားကိုခြစ်စား
- အကောင်ကြီးအဆင့်- အရွက်များကိုကိုက်ဖြတ်စားသောက်
- ကာကွယ်နှိမ်နင်းနည်း
- ပေါင်းမြက်များရှင်းလင်းပါ
- လောက်ကောင်အစုလိုက်ကျနေသော အရွက်တွေကိုညှပ်ယူပြီး ကြွပ်ကြွပ်အိတ်ထဲထည့်လာပါ
- Cypermethrin, Cyrantraniliprole
 - (၇) ယင်ဖြူ - အဝါရောင်မိုဆေ့ဗိုင်းရပ်စ်သယ်ဆောင်ကောင်ဖြစ်
- Honeydew စွန့်ထုတ်၊ အရွက်ပေါ်တွင် ကြပ်ခိုးမှိုများကိုပူးတွဲတွေ့ရ
- ကာကွယ်နှိမ်နင်းနည်း
- နိုက်ထရိုဂျင်ယူရီးယားမြေသြဇာအလွန်အကျွံမသုံးသင့်
- စိုက်ခင်းမြေစိုထိုင်းဆကိုထိန်းထားပါ
- ပင်ခြေက ပေါင်းမြက်အမှိုက်သရိုက်တွေကိုမဖြစ်မနေရှင်းပေးပါ
- Acetamiprid, Pymetrozine+ Nintepyram, Abamectin, Dinotefuran
 
 
 
 
 
 
 
 
 
41
0
3461

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
