cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန်ကျည်သီးမှည့် စျေး မြင့်တက်နေ 💹💹

. ဈေးကွက်သတင်းများ
လက်ကျန် နည်းလာပြီဖြစ်၍ မန်ကျည်းသီးမှည့် စျေးများ မြင့်တက်နေကြောင်း စျေးကွက်မှ သိရသည်။
  • လက်ရှိ ကာလမှာ မန်ကျည်းသီး စတင် သီးချိန်ဖြစ်ပြီး နွေရာသီ ရောက်မှာသာ မန်ကျည်းသီး မှည့်မည် ဖြစ်ကာ စျေးကွက်သို့ အများအပြားဝင်ရောက်မည် ဖြစ်ကြောင်း သိရသည်။

    ထို့ကြောင့် စျေးကွက်တွင် ပွဲရုံလှောင်သမား လက်ထဲ၌သာ မန်ကျည်းမှည့် လက်ကျန်ရှိသောကြောင့် စျေးတက်နေခြင်း ဖြစ်ကြောင်း သိရသည်။

    “အခုမှ မန်ကျည်းသီးက သီးတာ၊ အစိမ်းတွေပဲရှိသေးတယ်။ အရင်လက်ကျန်တွေ ပဲရှိတော့တယ်။ လှောင်ထားတဲ့ သူတွေ လက်ထဲမှာပဲရှိတော့လို့ စျေးတက်တာပါ။ နွေရာသီလောက်မှ မှည့်ပြီး နယ်ဘက်တွေမှာ အပင်လိုက် ပုတ်တာ။ ဟို အရင်က လို မန်ကျည်းပင်တွေကလည်း သိပ်မသီးနိုင်ကြတော့ဘူး။ “ ဟု ရေနံချောင်းမြို့မှမန် ကျည်းသီး ရောင်းချသူတစ်ဦး ကိုမောင်စိုးက ပြောသည်။

    လက်ရှိ ရေနံချောင်းတွင် မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ယခင် ၄၀၀၀စျေး မှ လက်ရှိ ၈၀၀၀ ကျပ် အထိ မြင့် တက်လာကြောင်းလည်း သိရသည်။ ထို့အပြင် ဘုရင့်နောင် စျေးကွက်တွင် အောက်တိုဘာလ စတုတ္ထအပတ် က မန်ကျည်းသီးအသား တစ်ပိဿာလျှင် ၇၀၀၀ကျပ် မှ ၉၀၀၀ကျပ် အထိရှိပြီး လက်ရှိ မန်ကျည်းသီးအသား တစ်ပိဿာလျှင် ၈၀၀၀ မှ ၁၁၀၀၀ကျပ်အထိ

    မြင့်တက်လာကြောင်း သိရသည်။

    “သူတို့ မန်ကျည်သီး အသစ်က ပိုစျေးကြီးတယ်။ မန်ကျည်းသီး အသစ်ဆိုပေမဲ့ အခုက မှည့်ချိန်မှမဟုတ်တာ။ အရင်နှစ်လောက်က ရတဲ့ မန်ကျည်းသီးကို အသစ်လို့ခေါ်တာ။ အဟောင်းက ဟို အရင်က လှောင်ထားတဲ့ အသီးကို ပြောတာ။ စျေးတက်နေတယ်။ အရင် က ၄၀၀၀ စျေးပဲရှိတာ။ အခု လက်လီစျေးဆို ၁၀၀၀၀ ကျော်တယ်။ “ ဟု မန်ကျည်းပင် စိုက်သူတစ်ဦး ကပြောသည်။

    မန်ကျည်းသီးပင်ကို အညာ ဒေသများတွင် အများဆုံး စိုက်ပျိုးကြပြီး နွေရာသီ အသီး မှည့်ချိန်တွင် အစေ့ထုတ်ပြီး မန်ကျည်းအသားအသန့်ပြုလုပ်ကာ လှောင်ထားကြကြောင်း သိရသည်။ မန်ကျည်းသီးမှည့်များအား အစေ့အတိုင်းသော်လည်းကောင်း၊ အစေ့ထုတ်၍ သော်လည်းကောင်း နှစ်မျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

    အချို့ လုပ်ငန်းရှင်များ အနေဖြင့် မန်ကျည်းသီးမှည့်ကို ပုံမှန် ထိုင်း၊ တရုတ် နှင့်ဘင်္ဂလားဒေ့ရှ်ကို နယ်စပ်လမ်းကြောင်းမှ တဆင့် တင်သွင်းလျက်ရှိပြီး စင်ကာပူနှင့် ပါကစ္စတန်ကိုလည်း ပင်လယ်ရေကြောင်းမှ တဆင့်တင်သွင်းနေကြောင်းလည်း သိရသည်။

    ထို့အပြင် မန်ကျည်းစေ့များကိုလည်း ပြည်ပက ဝယ်ယူလျက်ရှိကြပြီး အဓိကဝယ်ယူသည့်နိုင်ငံသည် တရုတ်နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။

    ဖိုးချဲ(AMIA)

    Exclusive content for Htwet Toe

    ---------------

    မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
4
comments
0
views
2153
cover
cover
cover
cover
cover