cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နေပြည်တော်ထွက်ကုန် တံမြက်စည်းများ ဒေသတွင်းသာမက ရပ်ဝေးထိပါ တင်ပို့ရောင်းနေရ

. ဈေးကွက်သတင်းများ
တံမြက်စည်းများအား ဒေသအတွင်းသာမက ရပ်ဝေးမြို့နယ်များအထိ တင်ပို့ရောင်းချနေရတယ်လို့ တံမြက်စည်းလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
  • နေပြည်တော်၊ ပျဉ်းမနားအရှေ့ သနပ်ပင်ဆိတ်ကျေးရွာမှ လက်မှုလက်လုပ်ငန်းများဖြစ်သည့် တံမြက်စည်းလုပ်ငန်းများမှ တံမြက်စည်းများအား ဒေသအတွင်းသာမက ရပ်ဝေးမြို့နယ်များအထိ တင်ပို့ရောင်းချနေရတယ်လို့ တံမြက်စည်းလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    “ကျမတို့ရွာက တစ်ရွာလုံးနီးပါး တံမြက်စည်းလုပ်ငန်းလုပ်ကိုင်ကြတာပါ။ နေပြည်တော်ဒေသတွင်းရောင်းနေကြတဲ့ တံမြက်စည်းတွေအားလုံးနီးပါး ကျမတို့ရွာက လုပ်တဲ့ဟာတွေ ကြည့်ပါဘဲ။ အခုဆိုနေပြည်တော်တစ်ခုတည်းမကပါဘူး တောင်တွင်း ၊မကွေး၊ ကျောက်ပန်းတောင်းဒေသတွေ ကျောက်ဆည်၊ ကူမဲ၊ ကျိုင်းတုံဒေသတွေထိ မှာတဲ့ဆီကို အကုန်ပို့ရပါတယ်” လို့ တံမြက်စည်းလုပ် ငန်းရှင်တစ်ဦးက ပြောပါတယ်။

    နေပြည်တော်ရေကြီးမှုမဖြစ်ခင်က တံမြက်စည်းတံချောင်းပို့ဈေး ၁၅၀၀ ကျပ်သာရှိသော်လည်း ယခုအခါ တံမြက်စည်းထိုးသည့်အပင်ကုန်ကြမ်းတွေ ဈေးမြင့်ပေးဝယ်ရမှု၊ တံမြက်စည်းထိုးရာတွင် အသုံးပြုရသော ကြိမ်ခွဲခြမ်းကြိုး၊ ပလပ်စတစ်ကြိုးများ ဈေးတက်လာသည့်အတွက် ပို့ဈေးတစ်ချောင်း ၃၀၀၀ကျပ် ဖြစ်သွားကြောင်း၊ ယခင်ကဈေးများတွင် တံမြက်စည်းတစ်ချာင်း၂၅၀၀ ကျပ်ဖြင့် ရောင်းချသော်လည်း ယခုအခါ တံမြက်စည်းတစ်ချောင်း ၅၀၀၀ကျပ်အထိ ရောင်းချကြောင်း သိရပါတယ်။

    လင်းလင်း

    Opinion Leaders မှ ကူးယူဖော်ပြပါသည်။

    ---- --------------

    မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
3
comments
0
views
1399
cover
cover
cover
cover
cover