စားဖိုဆောင်သီးနှံ စျေးကွက်သုံးသပ်ချက် (၄.၁၁.၂၀၂၄) မှ (၈.၁၁.၂၀၂၄)
- ကြက်သွန်ဖြူ - ဒီတစ်ပတ် ကြက်သွန်ဖြူက ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စျေးပြန်ကျပြီး ရှမ်းပြည်နယ်အောင်ပန်း စျေးကွက်မှာတော့ စျေးတန်းငြိမ်နေပါတယ်။ - ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ် တစ်ပိဿာကို အရင်တစ်ပတ်က ၂၁၀၀၀ ကျပ်ရှိပြီး ဒီ တစ်ပတ်မှာတော့ ၁၉၀၀၀ ကျပ်သာရှိတဲ့အတွက် အရင်အပတ်နဲ့ ယှဉ်ရင် တစ်ပိဿာ ၂၀၀၀ ကျပ်ဈေး ကျပါတယ်။ - ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ ထူး၂က ၁၃၀၀၀၊ ထူး၃က ၁၄၀၀၀၊ ထူး၄က ၁၅၀၀၀၊ ထူး၅က ၁၆၀၀၀ ကျပ်ရှိပြီး အရင်အပတ်ကထက် တစ်ပိဿာကို ၅၀၀ ကျပ် ဈေးကျပါတယ်။ - ရှမ်းပြည်နယ် အောင်ပန်းကုန်စည်စျေးကွက်မှာတော့ အရင်အပတ်က စျေးတန်းဖြစ်တဲ့ အောင်ပန်း ထူး၂ တစ်ပိဿာကို ၁၂၅၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၁၃၅၀၀ ကျပ်၊ အောင်ပန်းထူး ၄ က ၁၄၅၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ တစ်ပိဿာကို ၁၅၅၀၀ ကျပ်၊ ကြူကုတ်က ၂၀၀၀၀ ကျပ်မှာပဲငြိမ်နေ ပါတယ်။ - ကြက်သွန်နီ - ကြက်သွန်နီက ဒီတစ်ပတ်မှာလည်း ဈေးပြန်တက်လာပါတယ်။ အရင်အပတ်က ကြက်သွန်စျေးမြင့် တက်ချိန်မှာ တောင်သူတွေရောင်းလိုအားများခြင်း၊ ရက်ပိုင်းအတွင်း မိုးရွာတဲ့အခြေအနေတွေကြောင့် အရောင်း အဝယ်ကတော့ ခပ်မှန်မှန်သာ ရှိတယ်လို့ သိရပါတယ်။ - ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ဆိပ်ဖြူနဲ့ မုံရွာ ကြက်သွန်နီက ၂၆၀၀ မှ ၄၈၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေးမြင့်တက်ပါတယ်၊မြင်းခြံ ကံဆင့် ကြက်သွန်နီက ၃၀၀၀ မှ ၄၇၀၀ ကျပ်၊ ရှိပြီး ဈေးငြိမ်ပါတယ်။ ပခုက္ကူကြက်သွန်က ၂၇၀၀ မှ ၄၆၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၃၀၀ လောက်ဈေးတက်ပါတယ်။ - တစ်လအတွင်း ကြက်သွန်နီ တစ်ပိဿာကို ၂၀၀၀ ကျော်ဈေးမြင့်တက်လာခဲ့ပါတယ်။ - မန်ကျည်းသီး - မန်ကျည်းသီးကလည်း ပြီးခဲ့တဲ့ လကတည်းက ဈေးမြင့်တက်နေတာ ဖြစ်ပြီး လက်ရှိမှာတော့ အမြင့်ဆုံး ဈေးတန်းမှာ ရှိနေပါတယ်။ လက်ရှိပေါက်ဈေးဟာ စံချိန်တင် မြင့်တက်နေတာ ဖြစ်တယ်လို့ မန်ကျည်းသီးကုန်သည်တွေက ဆိုပါတယ်။ - လက်ရှိ မန်ကျည်းသီးက ဈေးကွက်ထဲ အဝင်နည်းနေတာ ဖြစ်လို့ ဈေးတက်နေတာလို့လည်း သိရပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မန်ကျည်းသီး အသားတစ်ပိဿာကို ၉၀၀၀ မှ ၁၁၅၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ်ဈေးတက်ပါတယ်။ မန်ကျည်းသီးပွင့်ကပ်ကတော့ တစ်ပိဿာကို ၃၃၀၀ မှ ၃၆၀၀ ရှိပြီး ဈေးငြိမ်ပါတယ်။ - တစ်လအတွင်း မန်ကျည်းသီးအသား တစ်ပိဿာကို ၃၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ - ထန်းလျက် - ထန်းလျက်ဈေးကလည်း ဒီတစ်ပတ်မှာ ဈေးထပ်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အဝင်နည်းပြီး ကုန်ကြမ်းဈေးတွေ မြင့်တက်လာတဲ့အတွက် ပြီးခဲ့တဲ့ လ ကတည်းက ဆက်တိုက်ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ထန်းလျက် တောင်သာမလိုင်ဒုံးက တစ်ပိဿာကို ၆၅၀၀ မှ ၆၇၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ ရေစကြိုထန်းလျက်ကတော့ တစ်ပိဿာကို ၇၅၀၀ မှ ၈၀၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ - ခရမ်းချဥ် - ခရမ်းချဥ်သီးကတော့ စက်တင်ဘာလရေကြီးနစ်မြှုပ်မှု အပြီးကတည်းက စျေးဆက်တိုက်မြင့်တက် လာပြီး လက်ရှိအမြင့်စျေးတန်းမှာငြိမ်နေပါတယ်။ - ခရမ်းချဥ်သီး တွေပျက်စီးဆုံးရှုံးပြီး ကုန်အဝင်နည်းခြင်း၊နေရာဒေသအစုံကနေ ခရမ်းချဥ် တွေထွက်ရှိမှု မရှိသေး တဲ့ အခြေအနေတွေကြောင့် စျေးကွက်ကမြင့်နေတာဖြစ်ပါတယ်။ - ရှမ်းပြည်နယ်အောင်ပန်းကုန်စိမ်းစျေးကွက်မှာ ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၆၀၀၀ ကျပ်၊ ခရမ်းချဥ်သီး ရှယ်သီးကတစ်ပိဿာကို ၅၈၀၀ ကျပ်နဲ့ခရမ်းချဥ်သီးတစ်ပိဿာ ၅၀၀၀ ကျပ်အထိ ရှိနေပါတယ်။ - AMIA - ---------------- - မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
