တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ရန်ကုန်တိုင်းဒေသကြီး)
- ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်များတွင် ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၄.၄ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂၂.၂ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။ - တွံတေးမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် ယခုတစ်ပတ်အတွင်း ရာသီဥတု သာယာပါမယ်။ မိုးရွာရန် ရာခိုင်နှုန်း အလွန်နည်းပါတယ်။ - ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂၂၃ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။ - သန်လျင်မြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် ယခုတစ်ပတ်အတွင်း ရာသီဥတု သာယာပါမယ်။ မိုးရွာရန် ရာခိုင်နှုန်း အလွန်နည်းပါတယ်။ - ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၄.၄ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂၂.၂ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။ - ကျောက်တန်းမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်တွင် ယခုတစ်ပတ်အတွင်း ရာသီဥတု သာယာပါမယ်။ မိုးရွာရန် ရာခိုင်နှုန်း အလွန်နည်းပါတယ်။ - ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၄.၄ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂ ၂၃.၆ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။ - စိုက်ပျိုးရေး အကြံပြုချက် - ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မတ်ပဲစိုက်တောင်သူများအနေနဲ့ အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ- - နောက်ကျကြဲတဲ့စိုက်ခင်းများ အပင်ငယ်စဥ် မိုးဒဏ်၊ ရေဝပ်ဒဏ်ကို အကြာကြီးခံလိုက်ရပါက ရေပြန်ကျ ကျချင်း မှိုသတ်ဆေးတန်းသုံးတာမျိုးမလုပ်ဘဲ အပင်အတွက် ခံနိုင်ရည်ပြန်တက်လာစေမယ့် EM၊ ပိုတက်စီယမ် (K) ရွက်ဖျန်းကိုအရင်လိုက်ပေးရန်၊
- နောက်မှမြေဆောင်မှိုအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ Azoxystrobin ကို ပင်ခြေကို အဓိကထိအောင်ဖျန်းပေးရန်၊
- မတ်ပဲတစ်လနီးပါးရှိနေပြီဖြစ်သော စိုက်ခင်းများ Angular Leaf Spot (ALS) ရောဂါ ကျရောက်လာတာ အတွေ့များသောကြောင့် ဓာတုဆေးအသုံးပြုမည်ဆိုပါက Copper oxychloride ကို ရွေးချယ်နိုင်ရန်၊
- မလိုအပ်သော ဆေးအငွေ့ပျံဆုံးရှုံးမှုများမဖြစ်စေရန် ရာသီဥတုပူလွန်းချိန်တွင် ဆေးဖျန်းခြင်း မပြုလုပ်ပါ ရန်၊
- နောက်ရက်များတွင် မိုးရွာနိုင်ချေအလွန်နည်းပြီး ပြန်လည်ခြောက်သွေ့အေးမြသော ရာသီဥတုဖြစ် လာမည်ဖြစ်သောကြောင့် ဖားဥမှိုရောဂါကို ကြိုတင်ကင်းထောက်စစ်ဆေးဖို့ အကြံပြုလိုက်ရပါတယ်။
 - ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက် - ဒီတစ်ပတ်ရာသီဥတုသာယာမယ်ဆိုတဲ့အတွက် ငါး/ပုစွန်မွေးတောင်သူဦးကြီးများကို အောက်ပါ အချက် များဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ-- - ငါးကန်အတွင်း စပါးစိုက်မယ့်တောင်သူကြီးများအနေဖြင့် ကန်ဖော်ခြင်းကို ဆောင်ရွက်ရန်၊
- ငါးကြီးမွေးတဲ့တောင်သူများအနေဖြင့် ငါးရိုင်းသတ်ဆေးသုံး၍ ငါးရိုင်းများကို ဖယ်ရှားရန်၊
- ရေပိုးများရှိပါက ကာလီမက် ရေပိုးသတ်ဆေးကို အသုံးပြုရန်၊
- ပုဇွန်မွေးမြူတဲ့ တောင်သူကြီးများအနေဖြင့် အစာကို တစ်ကြိမ်လျှင်နည်းနည်းစီဖြင့် အကြိမ်ရေများများ ကျွေးရန်၊
- ရာသီအကူးအပြောင်းဖြစ်၍ ငါးရောဂါများ ကျနိုင်သဖြင့် ဂရုပြုကြရန်၊
 - Weather Source: CIAT - ------------------ - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
