cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပုသိမ်ဈေးကွက်ရှိ စပါးဈေးနှုန်းနဲ့ ဈေးကွက်သုံးသပ်ခန့်မှန်းချက်

. ဈေးကွက်သုံးသပ်ချက်
အဟောင်းလက်ကျန်နည်းခြင်း၊ ပေါ်ဆန်းစပါးသစ်များပေါ်ချိန်နီးလာခြင်း တို့ကြောင့် အရောင်းအဝယ်အေးပြီး ဈေးငြိမ်နေပါတယ်။
  • ပုသိမ်ဈေးကွက်ရှိ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ပျမ်းမျှစပါးဈေးနှုန်းများကို လေ့လာသော် ဧည့်မထ (မနောသုခ)ဈေးနှုန်းမှာ တင်း ၁၀၀လျှင် ၁,၈၈၆,၀၀ဝိ/-ကျပ်၊ ပေါ်ဆန်းမွှေး(နွေ)ဈေးနှုန်းမှာ တင်း ၁၀၀လျှင် ၂,၆၀၉,၀၀ဝိ/-ကျပ်၊ ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။  

    ယခင်လ (အောက်တိုဘာလ)နှင့် ယခုလ(နိုဝင်ဘာလ)နှိုင်းယှဉ်ခြင်း 

    ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ပျမ်းမျှဈေးနှုန်းအား ယခင် အောက်တိုဘာလ ပျမ်းမျှဈေးနှုန်းဖြင့် နှိုင်းယှဉ် သော် ပုသိမ်ဈေးကွက်တွင် ဧည့်မထ(မနောသုခ)၊ ပေါ်ဆန်းမွှေးဈေးနှုန်းများမှာ မပြောင်းလဲဘဲ ဈေးငြိမ်နေ တာကို တွေ့ရပါတယ်။ 

    ၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း 

    ၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ အောက်တိုဘာလ (ဒုတိယပတ်)အထိ ပျမ်းမမျှ စပါးဈေးနှုန်းများကို လေ့လာသော် ဧည့်မထ(မနောသုခ)ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁,၃၄၉,၈၇၅ ကျပ်၊ မတ်၊ ဧပြီ၊ မေ၊ ဇွန်လများတွင် ၁,၇၆၆,၀၀၀ိ/-ကျပ်၊ ဇူလိုင်လတွင် ၁,၇၉၄,၈၀၀ိ/-ကျပ်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလများတွင် ၁,၈၈၆,၀၀၀ ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။ 

    ပေါ်ဆန်းမွှေးဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁,၅၄၃,၂၅၀ ကျပ်၊ မတ်၊ ဧပြီ၊ မေ၊ ဇွန်လ များတွင် ၂,၀၃၄,၀၀၀ ကျပ်၊ ဇူလိုင်လတွင် ၂,၁၇၂,၀၀၀ ကျပ်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလများတွင် ၂,၆၀၉,၀၀၀ ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။ 

    သုံးသပ် ခန့်မှန်းချက် 

    သုံးသပ်ချက်အနေဖြင့် ဧည့်မထ(မနောသုခ)၊ ပေါ်ဆန်းဈေးနှုန်းများမှာ ယခင်လနဲ့ ဈေးတူနေပြီး ငြိမ်နေတာကို တွေ့ရပါတယ်။ အဟောင်းလက်ကျန်နည်းခြင်း၊ ပေါ်ဆန်းစပါးသစ်များပေါ်ချိန်နီးလာခြင်း တို့ကြောင့် အရောင်းအဝယ်အေးပြီး ဈေးငြိမ်နေပါတယ်။ ယခုလအတွင်း ဈေးဆက်ငြိမ်နိုင်မယ်လို့ သုံးသပ် မိပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 

    ဦးပြည့်ဖြိုးအောင် 

    ထွက်တိုး 


  • article
  • article
likes
2
comments
0
views
3882
cover
cover
cover
cover
cover