မာလကာသီး ကျန်းမာရေး
- မာလကာသီးသည် လူသားတို့ ကျန်းမာရေးကို အထောက်အကူပြုစေသော အာဟာရဓာတ်များဖြင့် ပြည့်နှက်နေသည်။ဥရောပနှင့် အာရှတိုက်များတွင်“မာလကာသီးကို တစ်ကြိမ်သာ ဖမ်းဆုပ်စား၊ ဆရာဝန်ကို တစ်နှစ်လုံးရှောင်ရှား” ဟု ဆိုရိုးစကားရှိကြပါသည်။ - ဆီးချိုရောဂါ။ - မာလကာသီးကို အိန္ဒိယနိုင်ငံရှိ The University of Allahabad တွင် ဆေးသုတေသနပြု စမ်းသပ်ခဲ့ရာမာလကာသီး၏ အခွံသည် သွေးထဲရှိသကြားပမာဏကို မြင့်တက်စေနိုင်သော်လည်း အသီးအတွင်းထဲရှိ အသားနှင့် အစေ့တို့က သွေးထဲရှိ ဂလူးကို့စ် ပမာဏကို ချပေးနိုင်စွမ်းရှိသည်ဟု ပြောပါသည်။ - ဝမ်းလျှော၊ဝမ်းကိုက်ခြင်း။ - ဝမ်းကိုက်ရောဂါ၊ အစာအိမ်နှင့် အူယောင်တင်းခြင်းတို့ကို ကောင်းစွာကုသပေးနိုင်ပါသည်။ - မာလကာရွက်ကို ရေနွေးကြမ်းခပ်သောက်ပေးခြင်းဖြင့် အူကို အဆိပ်အတောက်ဖြစ်စေသည့် ပိုးမွှားများကို ဟန့်တားကာကွယ်ပေး - သောကြောင့် ကာလဝမ်းရောဂါမဖြစ်စေပါ။ အော်ဂလီဆန် ပျို့အန်ခြင်းများကိုလည်း သက်သာစေပါသည်။ - (၃) ယောင်ရမ်းနာများ။ - မာလကာပင်ထဲတွင် ရောင်ရမ်းနာအမျိုးမျိုးတို့ကို ကုသပေးနိုင်သော ဓာတုဓာတ်ပေါင်းစုတို့ မြင့်မားစွာပါရှိခြင်းကြောင့် မာလကာရွက်ပြုတ်ရည်ကို သောက်၍ ပျောက်ကင်းနိုင်သလို ခြေလက် ရောင်ရမ်းကိုက်ခဲခြင်းများအတွက်လည်း အရွက်ကိုထောင်း၍ အုံပေးနိုင်ပါသည်။ အဆစ်အမြစ် ယောင်ကိုင်းနာကျင်သောအခါ မာလကာရွက်ကို ထောင်းထု၍ ခပ်ထူထူအုံပြီး ဆေး - စည်းထားခြင်းဖြင့် ချမ်းသာရာရနိုင်ပါသည်။ - အအေးမိချောင်းဆိုးခြင်း။ - မာလကာသီးဖျော်ရည်နှင့် မာလကာရွက်ပြုတ်ရည်တို့တွင် ပါရှိသော ဗီတာမင်စီနှင့် သဘာဝအဖန်ဓာတ်တို့က အအေးမိ၍ ချောင်းဆိုးခြင်း၊ ချွဲပါခြင်း၊ အဆုတ်ထဲပိုးဝင်ခြင်း၊ လည်ချောင်း၊ အဆုတ်စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာပိတ်ဆို့မှု ဝေဒနာအမျိုးမျိုးတို့ကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် အဆိုပါ ရောဂါများအတွက် ရိုးရာကုထုံးအဖြစ် တွင်ကျယ်စွာ ကုသပျောက်ကင်းလျက်ရှိပါသည်။ - ဝမ်းချုပ်ခြင်း။ - မာလကာသီး ထဲတွင်အမျှင်ဓာတ်အမြောက်အမြား ပါရှိခြင်းကြောင့် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ လူတစ်ယောက်၏ တစ်နေ့တာလိုအပ်သော အမျှင်ဓာတ်ကို မာလကာသီးအလတ်စားတစ်လုံးထဲမှ ၃၆ ရာခိုင်နှုန်းရရှိနိုင်ပါသည်။ မာလကာစေ့ကလည်း အူထဲရှိအရည်ဓာတ်ကို ထိန်းသိမ်းပေးကာဝမ်းပျော့စေနိုင်ပါသည်။ - သွေးတိုးရောဂါ။ - မာလကာသီးသည် သွေးထဲရှိကိုလက်စထရောကို ချကာ၊ သွေးခဲခြင်းမှလည်း ကာကွယ်ပေးသည့်အတွက်သွေးမတိုးစေနိုင်ပါ။ ထို့ပြင် အမျှင်နှင့် သဘာ၀ hypoglycemic တို့ ကြွယ်ဝစွာပါရှိခြင်းကြောင့်လည်း သွေးဖိအားကို ကျစေနိုင်ပါသည်။ - ကင်ဆာရောဂါ အမျိုးမျိုး။ - မာလကာသီး၏ အသားထက် အခွံထဲတွင်ပါရှိသော ဓာတ်တိုးဆန့်ကျင် ပစ္စည်းများက ပိုမိုဆေးစွမ်းထက်မြက်သည်ဟု ပြောပါသည်။ အထူးသဖြင့် မာလကာသီး(အူနီသီး) အခွံထဲတွင်ပါရှိသော ဓာတ်တိုးဆန့်ကျင်တစ်မျိုးဖြစ်သည့် lycopene သည် ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော “free radicals” များကို တိုက်ထုတ်ပေးပြီး အမျိုးသားများ ဆီးကျိတ်ကင်ဆာ နှင့် အမျိုးသမီးများ ရင်သား ကင်ဆာ အကျိတ်ကြီးထွားလာမှုတို့ကို တားမြစ်ပေးပါသည်။ ထို lycopene သည် သားအိမ်ခေါင်းကင် - ဆာ ဖြစ်နိုင်ခြေအလားအလာကို ၅၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ကြောင်း အရီဇိုးနားတက္ကသိုလ်မှ သုတေသီများက အကြံပြုထားကြပါသည်။ ထို့ပြင်မာလကာရွက်ထဲတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မြင့်မာစွာပါရှိခြင်းကြောင့် လက်ဖက်ရည်ကြမ်း သောက်ပေးခြင်းဖြင့် အမျိုးသားများ သုတ်ရည်ထွက်ရှိမှု အားကောင်းပြီး မျိုးအောင်စေနိုင်ပါသည်။ ဈေးနှုန်းချိုသာပြီး ပေါပေါများများ ရရှိနိုင်သော - မာလကာသီးကို လက်လွတ်မခံသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။ - - ဘာသာပြန်သူ (ပေါက်ပါက်) - ကိုးကား (Internet-Health Benefits of Guava) - ---- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
