cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စားဖိုဆောင်သီးနှံ စျေးကွက်သုံးသပ်ချက် (၁၁.၁၁.၂၀၂၄) မှ (၁၅.၁၁.၂၀၂၄) ထိ

. ဈေးကွက်သုံးသပ်ချက်
အိန္ဒိယနိုင်ငံက အဝယ်နည်းတာ ပြည်တွင်း ငွေလဲလှယ်ဈေးနှုန်းကျဆင်းတာတွေကြောင့် ပဲဈေးက ဆက်တိုက်ကျဆင်းနေတာဖြစ်ပါတယ်။
  • မတ်ပဲ

    မတ်ပဲကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ အိန္ဒိယနိုင်ငံက အဝယ်နည်းတာ ပြည်တွင်း ငွေလဲလှယ်ဈေးနှုန်းကျဆင်းတာတွေကြောင့် ပဲဈေးက ဆက်တိုက်ကျဆင်းနေတာဖြစ်ပါတယ်။ပြည် တွင်းမှာလည်း လက်ကျန်လျော့နည်းတာ အရောင်းအဝယ်အေးတာတွေရှိတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။

    ပြည်တွင်းငွေလဲလှယ်နှုန်းနဲ့အဝယ်လျော့သွားတဲ့အတွက် ဈေးကျဆင်းသွားတယ်ဆိုပေမယ့် FOB ဈေးနှုန်း ကတော့ ငြိမ်နေပါတယ်။ပွဲတော်ကာလ အပြီး အရောင်းအဝယ်ငြိမ်ပေမယ့် အိန္ဒိယဒေသ ထွက် ပဲ အဝင် တွေက လျော့နည်းနေသေးတာ ဖြစ်လို့ မတ်ပဲက လက်ရှိပေါက်ဈေးထက် အများကြီး ကျဆင်း နိုင်မှာ မဟုတ်ဘူးလို့ အိန္ဒိယကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။

    ပြီးခဲ့တဲ့ အပတ်က ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၃၆၈၇၀၀၀ ပေါက်ဈေးရှိပြီး ဒီတစ်ပတ်မှာတော့ ၃၅၈၉၀၀၀ ပေါက်ဈေးရှိကာ တစ်ပတ်အတွင်း တစ်တန်ကို တစ်သိန်းနီးပါး ဈေးကျဆင်း သွားပါတယ်။ FOB ပေါက်ဈေးကတော့ တစ်တန်ကို ၉၃၀ မှ ၉၄၀ ရှိပြီး ဈေးငြိမ်ပါတယ်။

    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၃၀၀၀၀၀ မှ ၃၅၀၀၀၀ ကြားရှိပြီးတစ်အိတ်ကို ၂၀၀၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။

    ပဲစင်းငုံ

    ပဲစင်းငုံနီကတော့ မတ်ပဲနဲ့ယှဉ်ရင် အကျကြမ်းပါတယ်။ဆက်တိုက်အမြင့်ဈေးနဲ့ ရှိနေရာမှ ဒီတစ်ပတ်မှာတော့ တစ်တန်ကို သိန်း ၄၀ အောက်ထိ ဈေးကျဆင်းသွားပါတယ်။ပြည်တွင်း မှာ လက်ကျန်မရှိတော့တာ ဒေါ်လာငွေဈေး ကျဆင်းတာကြောင့် ဖြစ်ပေမယ့် အရောင်းအဝယ်ကတော့ မရှိသလောက် ပဲ လို့ ကုန်သည်တွေက ဆိုပါတယ်။

    အိန္ဒိယနိုင်ငံတွင်းမှာလည်း ဈေးကွက်ထဲကို ပဲ အသစ်တွေ အဝင်ရှိနေတယ်လို့ သိရပါတယ်။ မြန်မာအပြင် အခြား နိုင်ငံတွေကပါ မှာယူထားတဲ့ ပဲ တွေ ရှိ နေတာ ဖြစ်လို့ လက်ရှိမှာတော့ အိန္ဒိယနိုင်ငံတွင်းမှာလည်း ပဲစင်းငုံနီ က ဈေးငြိမ်နေတဲ့အခြေအနေလည်း ဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၃၈ သိန်းပေါက်ဈေးရှိပြီး တစ်တန်ကို ၂၀၁၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ဈေးမဖွင့်တာ တစ်လကျော်ရှိနေပါပြီ။

    FOB ဈေးနှုန်းကတော့ တစ်တန်ကို ဒေါ်လာ ၁၀၂၀ မှ ၁၀၃၀ ရှိပြီး အကျဈေးနဲ့ ငြိမ်နေပါတယ်။

    ပဲတီစိမ်း

    ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးပြန်မြင့်တက်လာပါတယ်။ပွဲတော်ကာလ အတွင်း အရောင်း အဝယ်သွက်နေပြီး ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း က အမြင့်ဈေးနဲ့ ဈေးငြိမ်နေပြီး ပဲတီစိမ်း(အညာ)၊ (ခရမ်းရွှေဝါ)ပဲခူးရွှေဝါ၊ဝါးခယ်မ တို့က တစ်ပိဿာကို ၄၃၃၀ မှ ၆၁၈၅ ရှိနေတာဖြစ်ပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၂၅၅၀၀၀ မှ ၂၇၀၀၀၀ ကြား ရှိပြီး တစ်အိတ် ကို ၅၀၀၀ မှ ၁၀၀၀၀ ကြား ဈေးတက်လာပါတယ်။နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို ၁၀၀၀ မှ ၂၀၀၀ ကြား ဈေးတက်ပါတယ်။

    ပြောင်း

    ပြောင်းကတော့ နယ်ဈေးကွက်တွေမှာ ဈေးအနည်းငယ်မြင့်တက်လာပါတယ်။ဈေးကွက်ထဲ အသစ်တွေ အဝင်ရှိနေပြီး အဝယ်ကလည်း ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ဒေသတွင်း သွားလာရေး အခြေအနေတွေကြောင့် ကုန်တင်ခတွေ ဈေးမြင့်တက်တဲ့အတွက် ပြောင်းဈေးက မြင့်တက်နေတာ ဖြစ်ပြီး ပြောင်းတောင်သူတွေကတော့ ဈေးမရရှိဘူးလို့ သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ‌တော့ ပြောင်းက တစ်ပိဿာကို ၁၅၂၀ မှ ၁၅၄၀ ရှိပြီး ဈေးငြိမ်ပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ရှမ်းပြောင်းက တစ်အိတ်ကု ၇၈၀၀၀ မှ ၇၈၅၀၀ ပေါက်ဈေး၊ စီပီပြောင်းကတော့ တစ်အိတ်ကို ၇၇၅၀၀ မှ ၇၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

    မန်ကျည်းသီး

    မန်ကျည်းသီးကလည်း ဆက်တိုက်ဈေးမြင့်တက်နေတာဖြစ်ပါတယ်။ အဟောင်းတွေ လက်ကျန် မရှိသလောက် ဖြစ်နေပြီး အသစ်တွေလည်း ဈေးကွက်ထဲကို အနည်းငယ်သာ အဝင်ရှိနေပါတယ်။ ကုန်ပစ္စည်းရှားပါးတာ၊သွားလာစရိတ်တွေကြောင့် ဈေးမြင့်တက်နေတာလို့လည်း ဆိုပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မန်ကျည်းသီး အသားတစ်ပိဿာကို ၉၅၀၀ မှ ၁၂၅၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးထပ် တက်ပါတယ်။ မန်ကျည်းသီးပွင့်ကပ် ကတော့ တစ်ပိဿာကို ၃၃၀၀ မှ ၃၆၀၀ ရှိပြီး ဈေးငြိမ်ပါတယ်။


    Exclusive content for Htwet Toe

    ------

    မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
6
comments
0
views
1746
cover
cover
cover
cover
cover