မကွေးတိုင်းဒေသကြီးအတွင်းရှိ ပဲစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးနှင့်ရာသီဥတုဆိုင်ရာ အကြံပြုချက်
- မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂ဝ)ရက်နေ့မှ (၂၆)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၂ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၅.၉ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - ပွင့်ဖြူမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့မှ (၁၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၂ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၉ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - မင်းဘူးမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့မှ (၁၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် မင်းဘူးမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၂ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၉ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - စလင်းမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့မှ (၁၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စလင်းမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၂ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈.၅ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - စေတုတ္တရာမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့မှ (၁၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စေတုတ္တရာမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃ဝ.၂ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၅.၉ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - စိုက်ပျိုးရေး အကြံပြုချက် - ဒီရက်သတ္တပါတ်အတွင်း အပူချိန်လျော့၍ မနက်ခင်းပိုင်းနှင့် ညနေပိုင်းတွင်အေးမြသောအခြေအနေဖြစ်သောကြောင့် ငမြောင်တောင်ကျရောက်မှုများ အတွေ့ရများပြီး၊ မကျသေးသောစိုက်ခင်းများအနေဖြင့် သေချာကွင်းဆင်းစစ်ဆေးဖို့ အကြံပေးလိုက်ရပါတယ်။ - ငမြောင်တောင်ကျရောက်သည်ကိုတွေ့ရပါက လောက်ကောင်များကို လက်ဖြင့်ကောက်နိုင်သလောက်ကောက်ပြီး ကြွပ်ကြွပ်အိတ်ထဲထည့်ယူလာခဲ့ပါ။ စိုက်ခင်းထဲမှာ ဒီတိုင်းမထားခဲ့ပါနဲ့။ - လောက်ကောင်အရွယ်အစားကိုကြည့်ပြီး Lambda cyhalothrin, Chlorfenapyr, Indoxacarb, Chlorantraniliprole အစဥ်လိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်။ - ဆေးဖျန်းရာတွင် မနက်ခင်းစောစောနှင့် ညနေပိုင်းအချိန်တွင်ဖျန်းပါ။ - မြေကြီးကို ပိုတက်ရှ်မြေဩဇာ (K) ကိုအဓိကထည့်ပါ။ - နိုက်ထရိုဂျင်ရွက်ဖျန်း (N) အလွန်အကျွံဖျန်းခြင်းမပြုလုပ်ပါနဲ့။ - ငါး/ပုဇွန်ကန်များအတွက် အကြံပြုချက် - နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာတဲ့အတွက် ငါးမွေးတောင်သူကြီးများအနေဖြင့် အောက်ပါအချက် တွေ ဆောင်ရွက်ဖို့ အထူးတိုက်တွန်းလိုပါတယ် ခင်ဗျာ- - နေ့အပူချိန်ကျဆင်းလာပြီး ငါးများ စိတ်ဖိစီးမှုများတဲ့ကာလဖြစ်တဲ့အတွက် ကန်အတွင်းရှိငါးများ၏ အခြေအနေအား နေ့စဉ်ကြည့်ရှုပေးရန်၊ - ကိုယ်ခံအားကောင်းနေစေရန် ဗိုက်တာမင်စီကို ငါးစာထဲထည့်ကျွေးပေးရန်၊ တစ်နေ့လျှင် ငါးစာ ၁ တစ်ကီလိုဂရမ်တွင် ဗိုက်တာမင်စီ ၃ဝ မီလီဂရမ်ထည့်ကျွေးပေးရန်၊ - ဆေးဘက်ဝင်အပင်နဲ့ဆေးကာကွယ်ဆေးများကို ငါးစာနှင့်အတူရောကျွေးရန် အထူးအကြံပြုလိုပါတယ် ခင်ဗျာ။ - Weather Source: CIAT - ------------------ - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
